ေက်းရြာေပါင္း (၂၇)ရြာသို႔ ဆက္သြယ္ထားသည့္ လမ္းအား မင္းေခတ္သစ္ကုမၸဏီမွ ဘတ္(၂၅)သိန္း၀န္းက်င္ အကုန္အက်ခံကာ ေက်ာက္ခင္း

ေက်းရြာေပါင္း (၂၇)ရြာသို႔ ဆက္သြယ္ထားသည့္ လမ္းအား မင္းေခတ္သစ္ကုမၸဏီမွ ဘတ္(၂၅)သိန္း၀န္းက်င္ အကုန္အက်ခံကာ ေက်ာက္ခင္း
ဇွန် 29, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂၉)
တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္စီတံုရြာလမ္းအေက်ာ္မွ မိုင္းဟဲေက်းရြာအုပ္စုအထိ ေက်းရြာေပါင္း (၂၇)ရြာသို႔ ဆက္သြယ္ထားေသာ လမ္းအား မင္းေခတ္သစ္ကုမၸဏီက ခန္႔မွန္း ဘတ္(၂၅)သိန္း၀န္းက်င္ အကုန္အက်ခံကာ ေက်ာက္ခင္းလမ္းအျဖစ္ ျပဳျပင္ခင္းက်င္းမႈလုပ္ငန္းအား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"လမ္းခင္းေနတာ အခုေလာေလာဆယ္မွာ  တာခ်ီလိတ္ကေနဆိုရင္ လြယ္စီတံုရြာလမ္းအေက်ာ္ကေန ေသာ္တာ၀င္း ေက်ာက္ခြဲစက္ နားေလာက္ထိ ၿပီးေနပါၿပီ၊ မိုင္းဟဲဘက္ကေနဆိုရင္ လားဟူကုန္းအထိ ၿပီးပါၿပီ၊ သတ္မွတ္ထားတဲ့  (၁၀)မိုင္အရွည္ လမ္းတစ္ေလွ်ာက္ကို ဇူလိုင္လရဲ႕ လ၀က္ထဲမွာ ၿပီးမယ္လို႔ ခန္႔မွန္းထားပါတယ္"ဟု မင္းေခတ္သစ္ကုမၸဏီမွ တာ၀န္ရွိသူ တစ္ဦးက ဆိုသည္။

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္စတံုရြာအေက်ာ္မွ မိုင္းဟဲေက်းရြာအုပ္စု၊ ေက်ာက္လႈိက္ဂူရြာအထိ ရွိေနေသာ ေျမသားလမ္းအား ေက်ာက္ခင္းလမ္းအျဖစ္ ေဆာင္ရြက္ေနလွ်က္ရွိရာ ေသာ္တာ၀င္းကုမၸဏီက ေက်ာက္ေရာေျမ အစီး(၁၀၀) ႏွင့္ ေက်ာက္ေသး အစီး(၃၀) ပါ၀င္လွဴဒါန္းထားေၾကာင္း သိရသည္။

"'ဒီလမ္းက ေႏြ နဲ႔ ေဆာင္းဆို မသိသာေပမဲ့၊ မိုးရာသီဆို သြားရ လာရတာ အဆင္မေျပဘူး၊ ေျမသားလမ္းက မ်ားေတာ့ ရႊံ႕ဗြက္ေတြထတယ္၊ အခုလို ေက်ာက္ခင္းလမ္းအျဖစ္ လုပ္ေနေတာ့၊ ၿပီးသြားရင္ သြားရလာရ အဆင္ေျပသြားမွာပါ၊ ဒီလမ္းက အဲ့ဒီ ေဒသက အာခါ၊ လားဟူ စတဲ့ တိုင္းရင္းသားေတြ အသြားအလာမ်ားတယ္ေလ၊"ဟု လြယ္စတံုေက်းရြာေန ဦးဟန္၀င္းက ေျပာသည္။
...................

တာချီလိတ်၊ ဇွန်လ(၂၉)
တာချီလိတ်မြို့နယ် လွယ်စီတုံရွာလမ်းအကျော်မှ မိုင်းဟဲကျေးရွာအုပ်စုအထိ ကျေးရွာပေါင်း (၂၇)ရွာသို့ ဆက်သွယ်ထားသော လမ်းအား မင်းခေတ်သစ်ကုမ္ပဏီက ခန့်မှန်း ဘတ်(၂၅)သိန်းဝန်းကျင် အကုန်အကျခံကာ ကျောက်ခင်းလမ်းအဖြစ် ပြုပြင်ခင်းကျင်းမှုလုပ်ငန်းအား ဆောင်ရွက်နေကြောင်း သိရသည်။

"လမ်းခင်းနေတာ အခုလောလောဆယ်မှာ တာချီလိတ်ကနေဆိုရင် လွယ်စီတုံရွာလမ်းအကျော်ကနေ သော်တာဝင်း ကျောက်ခွဲစက် နားလောက်ထိ ပြီးနေပါပြီ၊ မိုင်းဟဲဘက်ကနေဆိုရင် လားဟူကုန်းအထိ ပြီးပါပြီ၊ သတ်မှတ်ထားတဲ့ (၁၀)မိုင်အရှည် လမ်းတစ်လျှောက်ကို ဇူလိုင်လရဲ့ လဝက်ထဲမှာ ပြီးမယ်လို့ ခန့်မှန်းထားပါတယ်"ဟု မင်းခေတ်သစ်ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

တာချီလိတ်မြို့ လွယ်တော်စတုံရွာအကျော်မှ မိုင်းဟဲကျေးရွာအုပ်စု၊ ကျောက်လှိုက်ဂူရွာအထိ ရှိနေသော မြေသားလမ်းအား ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်နေလျှက်ရှိရာ သော်တာဝင်းကုမ္ပဏီက ကျောက်ရောမြေ အစီး(၁၀၀) နှင့် ကျောက်သေး အစီး(၃၀) ပါဝင်လှူဒါန်းထားကြောင်း သိရသည်။

"'ဒီလမ်းက နွေ နဲ့ ဆောင်းဆို မသိသာပေမဲ့၊ မိုးရာသီဆို သွားရ လာရတာ အဆင်မပြေဘူး၊ မြေသားလမ်းက များတော့ ရွှံ့ဗွက်တွေထတယ်၊ အခုလို ကျောက်ခင်းလမ်းအဖြစ် လုပ်နေတော့၊ ပြီးသွားရင် သွားရလာရ အဆင်ပြေသွားမှာပါ၊ ဒီလမ်းက အဲ့ဒီ ဒေသက အာခါ၊ လားဟူ စတဲ့ တိုင်းရင်းသားတွေ အသွားအလာများတယ်လေ၊"ဟု လွယ်စတုံကျေးရွာနေ ဦးဟန်ဝင်းက ပြောသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~