တာခ်ီလိတ္ၿမိဳ႕တြင္းရွိ လမ္းေဘးေစ်းဆိုင္မ်ားအား ေရႊ႕ေျပာင္း ဆုိင္ခန္းမ်ားအျဖစ္ ေျပာင္းလဲသြားမည္

တာခ်ီလိတ္ၿမိဳ႕တြင္းရွိ လမ္းေဘးေစ်းဆိုင္မ်ားအား ေရႊ႕ေျပာင္း ဆုိင္ခန္းမ်ားအျဖစ္ ေျပာင္းလဲသြားမည္
ဇွန် 12, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ (၁၂) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ညပိုင္းအခ်ိန္၌ ဒုစရိုက္သမားမ်ား ခိုေအာင္းႏိုင္သျဖင့္ လမ္းေဘးေစ်းဆိုင္မ်ားအား ေရႊ႕ေျပာင္းရလြယ္ကူသည့္ ဘီးတပ္တြန္းလွည္းမ်ားျဖင့္ ေရႊ႕ေျပာင္းနိုင္သည့္ ဆိုင္ခန္းမ်ားအျဖစ္ ေျပာင္းလဲရန္ စီစဥ္ေနေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ သိရသည္။

"အဓိကကေတာ့ လမ္းေဘးေစ်းသည္ေပါ့။ ဆိုင္သိမ္းခ်ိန္မွာ သူတို႔ရဲ႕ပစၥည္းေတြ အလြယ္သိမ္းႏိုင္ေအာင္နဲ႔ အလြယ္တကူေရႊ႕ေျပာင္း သြားလာႏိုင္ေအာင္ ေအာက္ကေနၿပီး ဘီးတပ္လွည္းအျဖစ္ ေျပာင္းဖို႔ပါ။ အဲဒါကို စည္ပင္သာယာကေန တာ၀န္ယူၿပီးေတာ့ နမူနာေရးဆြဲသြားမွာပါ။ ဒါကို လမ္းေဘးေစ်းသည္ေတြ လိုက္နာ ပါ၀င္လာေအာင္ စည္းရုံးေဆာင္ရြက္သြားမွာပါ။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန မွ အမႈေဆာင္အရာရွိ ဒု-ညႊန္ၾကားေရးမွဴး ဦးေက်ာ္မိုးထြန္းက ေျပာသည္။

အဆိုပါ စီမံခ်က္မွာ လမ္းေဘးေစ်းသည္မ်ား၏ ယာယီဆိုင္ခန္းမ်ားတြင္ ညပိုင္းေမွာင္ရိပ္ခိုေအာင္းႏိုင္၍ မလိုလားအပ္သည့္ ျပႆနာမ်ား မျဖစ္ပြားေစရန္ ျဖစ္ေၾကာင္း သိရသည္။

"ရပ္ကြက္ထဲမွာ လမ္းေဘးေစ်းဆိုင္အျဖစ္ တဲထိုးၿပီးေရာင္းခ်ေနတာေတြက အေၾကာင္းမရွိဘူး။ သူတို႔ဆိုင္သိမ္းၿပီး ညျပန္တဲ့အခါမွာ အဲဒီတဲက ဒီအတိုင္းပဲက်န္ခဲ့ၿပီးေတာ့ အရက္သမားေတြ လမ္းေဘး ေလလြင့္သူေတြက အဲဒီမွာ ခိုေအာင္းၾကတယ္။ အဲဒီလို အစုလိုက္ ခို၀င္ေအာင္းေနေတာ့ ဘယ္သူမွ အဲဒီအေရွ႕က မျဖတ္ရဲေတာ့ဘူး။ ေနာက္ၿပီး အဲဒီအနီးအနားက အိမ္ေတြကလည္း ညဆို စိတ္လုံလုံျခံဳျခံဳ မအိပ္ရဲေတာ့ဘူး။"ဟု ေဒသခံ တစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ရိွ အခ်ိဳ႕ ရပ္ကြက္မ်ားတြင္ လမ္းေဘး၌ ယာယီဆိုင္ခန္းငယ္မ်ားျဖင့္ ကြမ္းယာ ၊ အစားအေသာက္ ေရာင္းခ်သည့္ဆိုင္မ်ား ဖြင့္လွစ္ထားျခင္းျဖစ္သည္။

သတင္း။  ။ ေဇာင္းညီ

.......................

တာချီလိတ်၊ ဇွန်လ (၁၂) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ညပိုင်းအချိန်၌ ဒုစရိုက်သမားများ ခိုအောင်းနိုင်သဖြင့် လမ်းဘေးဈေးဆိုင်များအား ရွှေ့ပြောင်းရလွယ်ကူသည့် ဘီးတပ်တွန်းလှည်းများဖြင့် ရွှေ့ပြောင်းနိုင်သည့် ဆိုင်ခန်းများအဖြစ် ပြောင်းလဲရန် စီစဉ်နေကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

"အဓိကကတော့ လမ်းဘေးဈေးသည်ပေါ့။ ဆိုင်သိမ်းချိန်မှာ သူတို့ရဲ့ပစ္စည်းတွေ အလွယ်သိမ်းနိုင်အောင်နဲ့ အလွယ်တကူရွှေ့ပြောင်း သွားလာနိုင်အောင် အောက်ကနပြေီး ဘီးတပ်လှည်းအဖြစ် ပြောင်းဖို့ပါ။ အဲဒါကို စည်ပင်သာယာကနေ တာဝန်ယူပြီးတော့ နမူနာရေးဆွဲသွားမှာပါ။ ဒါကို လမ်းဘေးဈေးသည်တွေ လိုက်နာ ပါဝင်လာအောင် စည်းရုံးဆောင်ရွက်သွားမှာပါ။"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန မှ အမှုဆောင်အရာရှိ ဒု-ညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။

အဆိုပါ စီမံချက်မှာ လမ်းဘေးဈေးသည်များ၏ ယာယီဆိုင်ခန်းများတွင် ညပိုင်းမှောင်ရိပ်ခိုအောင်းနိုင်၍ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန် ဖြစ်ကြောင်း သိရသည်။

"ရပ်ကွက်ထဲမှာ လမ်းဘေးဈေးဆိုင်အဖြစ် တဲထိုးပြီးရောင်းချနေတာတွေက အကြောင်းမရှိဘူး။ သူတို့ဆိုင်သိမ်းပြီး ညပြန်တဲ့အခါမှာ အဲဒီတဲက ဒီအတိုင်းပဲကျန်ခဲ့ပြီးတော့ အရက်သမားတွေ လမ်းဘေး လေလွင့်သူတွေက အဲဒီမှာ ခိုအောင်းကြတယ်။ အဲဒီလို အစုလိုက် ခိုဝင်အောင်းနေတော့ ဘယ်သူမှ အဲဒီအရှေ့က မဖြတ်ရဲတော့ဘူး။ နောက်ပြီး အဲဒီအနီးအနားက အိမ်တွေကလည်း ညဆို စိတ်လုံလုံခြုံခြုံ မအိပ်ရဲတော့ဘူး။"ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့ရှိ အချို့ ရပ်ကွက်များတွင် လမ်းဘေး၌ ယာယီဆိုင်ခန်းငယ်များဖြင့် ကွမ်းယာ၊ အစားအသောက် ရောင်းချသည့်ဆိုင်များ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~