ျပည္သူ႔လႊတ္ေတာ္ ျပည္သူ႔ေငြစာရင္းေကာ္မတီတြင္ ဥပေဒ(၄)ခု ျပင္ဆင္ရန္ရိွေန

ျပည္သူ႔လႊတ္ေတာ္ ျပည္သူ႔ေငြစာရင္းေကာ္မတီတြင္ ဥပေဒ(၄)ခု ျပင္ဆင္ရန္ရိွေန
ဇွန် 20, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂၀) ရက္
ျပည္သူ႔လႊတ္ေတာ္ ျပည္သူ႔ေငြစာရင္းေကာ္မတီမွ ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္သက္တမ္းအတြင္း ျပင္ဆင္ရန္ရိွသည့္ ဥပေဒ(၄)ခုအား ဒုတိယအႀကိမ္ပံုမွန္အစည္းအေ၀းတြင္ လုပ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ အခုပထမအႀကိမ္ ပံုမွန္အစည္းအေ၀းမွာေတာ့ ၿပီးခဲ့တဲ့ လႊတ္ေတာ္သက္တမ္းတုန္းက လုပ္ငန္းစဥ္ေတြကို ျပန္ၿပီးေလ့လာေနတယ္။ အဓိက (၅)ႏွစ္လံုးစာ ဘတ္ဂ်က္ေတြနဲ႔ ဥပေဒေတြကို ေလ့လာေနတာပါ။ ေနာက္တစ္ခါ အစည္းအေဝး ျပန္စရင္ေတာ့ ျပင္ဆင္မယ့္ ဥပေဒေတြရွိတယ္"ဟု ျပည္သူ႔လႊတ္ေတာ္ ျပည္သူ႔ေငြစာရင္းေကာ္မတီအဖြဲ႕၀င္ မိုင္းျဖတ္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွဝ္ ဦးလင္းေဇာ္ထြန္းက ေျပာသည္။

ျပည္သူ႔ေငြစာရင္းေကာ္မတီ၀င္မ်ားက ဥပေဒမူၾကမ္း(၄)ခုႏွင့္ ယခင္အစိုးရလက္ထက္တြင္ စစ္ေဆးခဲ့သည့္ စာရင္းစစ္ရံုး၏ အစီရင္ခံစာမ်ားအား ေလ့လာလွ်က္ရွိေၾကာင္း ၎ထံမွ သိရသည္။

ျပည္သူ႔လႊတ္ေတာ္ ျပည္သူ႔ေငြစာရင္းေကာ္မတီမွာ ျပည္ေထာင္စုအဆင့္ အဖြဲ႔အစည္းမ်ား၊ ျပည္ေထာင္စုဝန္ႀကီး ဌာနမ်ားႏွင့္ အစိုးရရံုးမ်ား၏ လုပ္ငန္းအေကာင္အထည္ေဖာ္ ေဆာင္႐ြက္မႈတို႔ကို စစ္ေဆးထားသည့္ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္၏ အစီရင္ခံစာကို စိစစ္ရမည္ျဖစ္ၿပီး ယင္းသို႔ စိစစ္ရာတြင္ ျပည္ေထာင္စုဘ႑ာေငြ အရအသုံးဆိုင္ရာဥပေဒပါ လ်ာထားရ‌ေငြမ်ားကို ျပည့္ဝစြာရရွိရန္ ေဆာင္႐ြက္ထားျခင္း ရွိ/မရွိ၊ သုံးစြဲခြင့္ျပဳထားေသာ ေငြေၾကးမ်ားအား ထိေရာက္စြာ အသုံးျပဳ/မျပဳ၊ သတ္မွတ္ထားေသာ ဘ႑ာေရးစည္းမ်ဥ္းမ်ား၊ စည္းကမ္းမ်ားႏွင့္အညီ သုံးစြဲျခင္းရွိ/မရွိတို႔ကို စိစစ္ရမွာျဖစ္ေၾကာင္း သိရသည္။

ျပည္သူ႔ေငြစာရင္းေကာ္မတီအား ျပည္သူ႔လႊတ္ေတာ္႐ံုးမွ ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလ (၈)ရက္ေန႔က အမိန္႔ေၾကာ္ျငာစာအမွတ္ (၁၁/၂၀၁၆) ထုတ္ျပန္၍ ေကာ္မတီအဖြဲ႔ဝင္ (၁၅) ဦးျဖင့္ ဖြဲ႔စည္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း။  ။ ကိုဇက္
............................

တာချီလိတ်၊ ဇွန်လ(၂၀) ရက်
ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်သက်တမ်းအတွင်း ပြင်ဆင်ရန်ရှိသည့် ဥပဒေ(၄)ခုအား ဒုတိယအကြိမ်ပုံမှန်အစည်းအေဝးတွင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ အခုပထမအကြိမ် ပုံမှန်အစည်းအေဝးမှာတော့ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းတုန်းက လုပ်ငန်းစဉ်တွေကို ပြန်ပြီးလေ့လာနေတယ်။ အဓိက (၅)နှစ်လုံးစာ ဘတ်ဂျက်တွေနဲ့ ဥပဒေတွေကို လေ့လာနေတာပါ။ နောက်တစ်ခါ အစည်းအဝေး ပြန်စရင်တော့ ပြင်ဆင်မယ့် ဥပဒေတွေရှိတယ်"ဟု ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှဝ် ဦးလင်းဇော်ထွန်းက ပြောသည်။

ပြည်သူ့ငွေစာရင်းကော်မတီဝင်များက ဥပဒေမူကြမ်း(၄)ခုနှင့် ယခင်အစိုးရလက်ထက်တွင် စစ်ဆေးခဲ့သည့် စာရင်းစစ်ရုံး၏ အစီရင်ခံစာများအား လေ့လာလျှက်ရှိကြောင်း၎င်းထံမှ သိရသည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် အစိုးရရုံးများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုတို့ကို စစ်ဆေးထားသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာကို စိစစ်ရမည်ဖြစ်ပြီး ယင်းသို့ စိစစ်ရာတွင် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ လျာထားရ‌ငွေများကို ပြည့်ဝစွာရရှိရန် ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ သုံးစွဲခွင့်ပြုထားသော ငွေကြေးများအား ထိရောက်စွာ အသုံးပြု/မပြု၊ သတ်မှတ်ထားသော ဘဏ္ဍာရေးစည်းမျဉ်းများ၊ စည်းကမ်းများနှင့်အညီ သုံးစွဲခြင်းရှိ/မရှိတို့ကို စိစစ်ရမှာဖြစ်ကြောင်း သိရသည်။

ပြည်သူ့ငွေစာရင်းကော်မတီအား ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့က အမိန့်ကြော်ငြာစာအမှတ် (၁၁/၂၀၁၆) ထုတ်ပြန်၍ ကော်မတီအဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~