တရုတ်နိုင်ငံမှ ကမ္ဘာ့အကြီးဆုံး ကြေးရုပ်တု

တရုတ်နိုင်ငံမှ ကမ္ဘာ့အကြီးဆုံး ကြေးရုပ်တု
ဇှနျ 18, 2016
By Tachileik News Agency

ဘာသာပြန်၊ ဇွန်လ(၁၈)




ဒီရုပ်တုကို တည်ဆောက်ရာမှာ တန်ဆာဆင်မှုအနေနဲ့ ကြေးပြားပေါင်း (၄,၀၀၀) ကျော်နဲ့ သုံးစွဲပြီး  အမြင့်(၅၈)မီတာ တည်ဆောက်နေတာ ဖြစ်ပါတယ်။

ဒီအံ့ဖွယ်ရုပ်တုကြီးဟာ တန်ချိန် (၁,၂၀၀) အလေးချိန်ရှိပြီးတော့ ကုန်ကျစရိတ်ဟာ ယွမ်ငွေ (၁.၅)ဘီလီယံကျော် (အမေရိကန်ဒေါ်လာ (၂၂၉.၆ )မီလီယံ)ကျော် ကုန်ကျတယ်လို့ သိရပါတယ်။


ဘာသာပြန်။  ။ နန်းမောက်ကွမ်
....................

ဘာသာပြန်၊ ဇွန်လ(၁၈)
တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ကျင်းကျိုးမြို့မှာ ဂွမ်ဂေါင်စစ်သူကြီးရုပ်ထုကို အပြီးသတ် ဆောက်လုပ် ပြီးစီးသွားတဲ့အတွက် ၂၀၁၆ခုနှစ် ဇွန်လ (၁၇)ရက်နေ့ မနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံးကြေးရုပ်တုအဖြစ် သွန်းလုပ်ခဲ့တဲ့ ဂွမ်ဂေါင်စစ်သူကြီးရုပ်တုဟာ အမြင့် (၅၈)မီတာနဲ့ အလေးချိန် (၁၂၀၀)တန်ကျော်ရှိပြီး၊ ရုပ်တုမှာ တပ်ဆင်ထားတဲ့ စစ်သူကြီးရဲ့ လက်နက်ဟာ မီတာ (၇၀)အရှည်ရှိပြီး အလေးချိန်ဟာ (၁၃၆)တန်လေးတယ်လို့ သိရပါတယ်။

အရှေ့ပိုင်းဟန်မင်းဆက်နောက်ပိုင်း စစ်ဘုရင်တစ်ဦးဖြစ်တဲ့ လျူဘင်လက်အောက်မှာ အမှုထမ်းခဲ့တဲ့ စစ်သူကြီး ဂွမ်ဂေါင်(ခေါ်)ဂွမ်ယုဟာ လျူဘင်ရဲ့နိုင်ငံပြန်လည် ထူထောင်ရေးမှာ ကျော်ကြားတဲ့ စစ်သူကြီးအဖြစ် သမိုင်းတွင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဘေဂျင်းအိုလံပစ် အထိမ်းအမှတ်အရုပ်တွေကို ဒီဇိုင်းထုတ်ခဲ့သူ ဟန်မိုင်လင်းကပဲ ဒီရုပ်တုကို ပုံဖော်လိုက်တာဖြစ်ပါတယ်။

ဒီရုပ်တုကို တည်ဆောက်ရာမှာ တန်ဆာဆင်မှုအနေနဲ့ ကြေးပြားပေါင်း (၄ယဝဝဝ) ကျော်နဲ့ သုံးစွဲပြီး အမြင့်(၅၈)မီတာ တည်ဆောက်နေတာ ဖြစ်ပါတယ်။

ဒီအံ့ဖွယ်ရုပ်တုကြီးဟာ တန်ချိန် (၁ယ၂၀၀) အလေးချိန်ရှိပြီးတော့ ကုန်ကျစရိတ်ဟာ ယွမ်ငွေ (၁.၅)ဘီလီယံကျော် (အမေရိကန်ဒေါ်လာ (၂၂၉.၆ )မီလီယံ)ကျော် ကုန်ကျတယ်လို့ သိရပါတယ်။

ဒီရုပ်တုတည်ဆောက်မှုဟာ ၂၀၁၆ခုနှစ်ရဲ့ ဧပြီလမှာ လုံးဝပြီးစီးနိုင်ပြီး ဇွန်လမှာ ဖွင့်လှစ်နိုင်မယ်လို့ ခန့်မှန်းထားခဲ့တဲ့အတိုင်း ဇွန်လ(၁၇)ရက်နေ့မှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဘာသာပြန်။ နန်းမောက်ကွင်္မ်
Ref; CCTVNews , hongkongfp.com

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~