လိုင္စင္မဲ့ ကိုရီးယား ဧည့္လမ္းညႊန္ ပေပ်ာက္သြားေစရန္ ေဆာင္ရြက္သြားမည္

လိုင္စင္မဲ့ ကိုရီးယား ဧည့္လမ္းညႊန္ ပေပ်ာက္သြားေစရန္ ေဆာင္ရြက္သြားမည္
ဇွန် 1, 2016
By Tachileik News Agency

မႏၱေလး၊ ဇြန္လ (၁) ရက္
လိုင္စင္မဲ့ ကုိရီးယားဧည့္လမ္းညႊန္မ်ား (ေတာင္ကုိရီးယားႏုိင္ငံသားမ်ားႏွင့္ ျမန္မာႏုိင္ငံ သားမ်ား)ပေပ်ာက္သြားရန္ႏွင့္ လုိင္စင္ရ ကုိရီးယားဂုိက္မ်ား၏ ရပုိင္ခြင့္ အခြင့္အေရးမ်ား ကာကြယ္ ေဆာင္ရြက္ေပးႏုိင္ရန္ ျမန္မာႏိုင္ငံ ဧည့္လမ္းညႊန္အသင္းႏွင့္ ဟုိတယ္ခရီးသြားမွ ပူေပါင္းလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကိုးရီးယားႏိုင္ငံသားေတြက ျမန္မာႏိုင္ငံကို လာလည္ရင္ အမ်ားစုက ဧည့္လမ္းညႊန္ မငွားဘူး။ သူတို႔လူမ်ိဳး ျမန္မာစကားတတ္တဲ့ သူကိုပဲ စကားျပန္လုပ္ခိုင္းလိုက္တယ္။ ဧည္လမ္းညႊန္ငွားတဲ့ သူက်ေတာ့လည္း ဧည့္လမ္းညႊန္ကို ဘာမွမရွင္းျပခိုင္းဘူး။ ဧည့္လမ္းညႊန္ပါတာ အပိုျဖစ္ေနတယ္ဆိုေတာ့ ကိုရီးယားလိုင္စင္ရ ဧည့္လမ္းညႊန္ေတြက သူတို႔ရသင့္တဲ့ အခြင့္အေရးေတြ ဆံုးရံႈးတယ္။”လို႔ ဧည့္လမ္းညႊန္ ကို၀င္းေဇာ္ဦးက ေျပာသည္။

ခရီးသြားကုမၸဏီမ်ားအေနျဖင့္ လိုင္စင္ရ ဧည့္လမ္းညႊန္မ်ားအတြက္ ပူးေပါင္းပါ၀င္သင့္ေၾကာင္း ျမန္မာႏိုင္ငံကိုရီးယား ဧည့္လမ္းညႊန္ ကိုယ္စားလွယ္မ်ားက ဆိုသည္။

“ဧည့္လမ္းညႊန္မငွားဘဲ သူတို႔လူမ်ိဳးနဲ႔ ဘာသာျပန္လုပ္ၾကေတာ့ ျမန္မာႏိုင္ငံ အေၾကာင္းဘာမွမသိဘဲ သမိုင္းေတြ တလြဲသိၿပီး ထင္ခ်င္ရာထင္ေတာ့တယ္။ ဧည့္လမ္းညႊန္ပါလည္း ရွင္းမျပခိုင္းဘူး။ ႏိုင္ငံျခားဘာသာတကၠသိုလ္ကဆင္းတဲ့ ကိုရီးယားဧည့္လမ္းညႊန္ေလးေတြကလည္း သူတို႔ႏိုင္ငံသံုး ဗန္းစကားေတြမေျပာတတ္ေတာ့ သူတို႔မႀကိဳက္ဘူး။ ဧည့္လမ္းညႊန္က ေယာက်္ားေလးဆိုရင္ ကိစၥမရွိေပမဲ့ တခ်ိဳ႕မိန္းကေလး ဧည့္လမ္းညႊန္ဆိုရင္ ထိကပါး ရိကပါးေျပာတာ၊ ဇိမ္မယ္ရွိတဲ့ေနရာေတြ လမ္းညႊန္ခိုင္းတာေတြ လုပ္တယ္။ အဲလိုမ်ိဳးေတြကို ကၽြန္ေတာ္တို႔ အေနနဲ႔ ဘယ္လို ပေပ်ာက္သြားေအာင္ လုပ္မယ္ဆိုတာကို ဧည့္လမ္းညႊန္အသင္းအေနနဲ႔ တိုင္ပင္ၿပီး လုပ္ေဆာင္သြားမွာပါ။”လို႔  ျမန္မာႏိုင္ငံ ကိုရီးယား ဧည့္လမ္းညႊန္ ကိုယ္စားလွယ္ ကိုထြန္းထြန္းေက်ာ္က ဆိုသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ လိုင္စင္ရ ကိုရီးယားဧည့္လမ္းညႊန္ (၃၆)ဦးရွိေနၿပီး လက္ေတြ႕ အလုပ္ လုပ္ေနေသာ ဧည့္လမ္းညႊန္မွာ (၁၅)ဦးသာ ရွိေၾကာင္း သိရသည္။

သတင္း။  ။ ေရႊေဇာ္(မႏၱေလး)
.............

မန္တလေး၊ ဇွန်လ (၁) ရက်
လိုင်စင်မဲ့ ကိုရီးယားဧည့်လမ်းညွှန်များ (တောင်ကိုရီးယားနိုင်ငံသားများနှင့် မြန်မာနိုင်ငံ သားများ)ပပျောက်သွားရန်နှင့် လိုင်စင်ရ ကိုရီးယားဂိုက်များ၏ ရပိုင်ခွင့် အခွင့်အရေးများ ကာကွယ် ဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်းနှင့် ဟိုတယ်ခရီးသွားမှ ပူပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကိုးရီးယားနိုင်ငံသားတွေက မြန်မာနိုင်ငံကို လာလည်ရင် အများစုက ဧည့်လမ်းညွှန် မငှါးဘူး။ သူတို့လူမျိုး မြန်မာစကားတတ်တဲ့ သူကိုပဲ စကားပြန်လုပ်ခိုင်းလိုက်တယ်။ ဧည်လမ်းညွှန်ငှါးတဲ့ သူကျတော့လည်း ဧည့်လမ်းညွှန်ကို ဘာမှမရှင်းပြခိုင်းဘူး။ ဧည့်လမ်းညွှန်ပါတာ အပိုဖြစ်နေတယ်ဆိုတော့ ကိုရီးယားလိုင်စင်ရ ဧည့်လမ်းညွှန်တွေက သူတို့ရသင့်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးတယ်။”လို့ ဧည့်လမ်းညွှန် ကိုဝင်းဇော်ဦးက ပြောသည်။

ခရီးသွားကုမ္ပဏီများအနဖြေင့် လိုင်စင်ရ ဧည့်လမ်းညွှန်များအတွက် ပူးပေါင်းပါဝင်သင့်ကြောင်း မြန်မာနိုင်ငံကိုရီးယား ဧည့်လမ်းညွှန် ကိုယ်စားလှယ်များက ဆိုသည်။

“ဧည့်လမ်းညွှန်မငှါးဘဲ သူတို့လူမျိုးနဲ့ ဘာသာပြန်လုပ်ကြတော့ မြန်မာနိုင်ငံ အကြောင်းဘာမှမသိဘဲ သမိုင်းတွေ တလွဲသိပြီး ထင်ချင်ရာထင်တော့တယ်။ ဧည့်လမ်းညွှန်ပါလည်း ရှင်းမပြခိုင်းဘူး။ နိုင်ငံခြားဘာသာတက္ကသိုလ်ကဆင်းတဲ့ ကိုရီးယားဧည့်လမ်းညွှန်လေးတွေကလည်း သူတို့နိုင်ငံသုံး ဗန်းစကားတွေမပြောတတ်တော့ သူတို့မကြိုက်ဘူး။ ဧည့်လမ်းညွှန်က ယောကျာ်းလေးဆိုရင် ကိစ္စမရှိပေမဲ့ တချို့မိန်းကလေး ဧည့်လမ်းညွှန်ဆိုရင် ထိကပါး ရိကပါးပြောတာ၊ ဇိမ်မယ်ရှိတဲ့နေရာတွေ လမ်းညွှန်ခိုင်းတာတွေ လုပ်တယ်။ အဲလိုမျိုးတွေကို ကျွန်တော်တို့ အနေနဲ့ ဘယ်လို ပပျောက်သွားအောင် လုပ်မယ်ဆိုတာကို ဧည့်လမ်းညွှန်အသင်းအနေနဲ့ တိုင်ပင်ပြီး လုပ်ဆောင်သွားမှာပါ။”လို့ မြန်မာနိုင်ငံ ကိုရီးယား ဧည့်လမ်းညွှန် ကိုယ်စားလှယ် ကိုထွန်းထွန်းကျော်က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လိုင်စင်ရ ကိုရီးယားဧည့်လမ်းညွှန် (၃၆)ဦးရှိနပြေီး လက်တွေ့ အလုပ် လုပ်နေသော ဧည့်လမ်းညွှန်မှာ (၁၅)ဦးသာ ရှိကြောင်း သိရသည်။

သတင်း။ ရွှေဇော်(မန္တလေး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~