က်ိဳင္းတံု ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းဖြဲ႕ရန္ လူငယ္လုပ္ငန္းရွင္မ်ား အင္အားျဖည့္မည္

က်ိဳင္းတံု ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းဖြဲ႕ရန္ လူငယ္လုပ္ငန္းရွင္မ်ား အင္အားျဖည့္မည္
ဇွန် 13, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ဇြန္လ (၁၃) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းအား တရားဝင္ မဖြဲ႕စည္းမီ ကုန္သည္မ်ားအသင္းသို႔ လူငယ္လုပ္ငန္းရွင္မ်ား ထပ္မံအင္အားျဖည့္တင္းရန္ ဆံုးျဖတ္လိုက္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ႏိုင္ငံျခားသြားတဲ့ အခါ အခက္အခဲေတြ ရိွပါတယ္။ အဓိကကေတာ႔ ဘာသာစကား အခက္အခဲပဲ ျဖစ္ပါတယ္။ ထိုင္းလို၊ အဂၤလိပ္လို ေပါင္းစံု ေျပာႏိုင္တဲ႔အင္အားေတြ လိုလာတယ္။ ၿပီးရင္ ITပညာရပ္ေတြက လိုလာတယ္။ ကၽြန္ေတာ္တို႔ေတြက အသက္ႀကီးၿပီျဖစ္တဲ့အတြက္ လူငယ္ေတြေလာက္ အင္အားမရိွေတာ႔ပါဘူး။ လူငယ္ေတြက တက္ၾကြတယ္၊ စိတ္ကူးသစ္ေတြရိွတယ္။ ဒါေပမဲ့ သူတို႔မွာ အေတြ႔အၾကဳံပိုင္းအရ အားနည္းတာေတြရိွမယ္။ ကၽြန္ေတာ္တို႔က အသက္လည္းႀကီးၿပီဆိုေတာ့ ဒီလူငယ္ေတြကို လက္တြဲေခၚသြားၿပီးေတာ႔ လုပ္ငန္းေတြကို လႊဲေျပာင္းရယူနိုင္တဲ႔အထိ အကူအညီေပးသြားမွာပါ"ဟု က်ိဳင္းတံုၿမိဳ႕နယ္ ကုန္သည္လုပ္ငန္းရွင္အသင္း ဥကၠဌ ဦးစိုင္းေဇာ္မင္းက ဆိုသည္။

စီးပြားေရးႏွင္႔ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန စားသုံးသူေရးရာဦးစီးဌာနႏွင္႔ က်ိဳင္းတံုၿမိဳ႕နယ္ ကုန္သည္လုပ္ငန္းရွင္မ်ားအသင္းတို႔သည္ ရွမ္းျပည္နယ္အေရွ႕ပိုင္းကုန္သည္မ်ားႏွင္႔ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းဖြဲ႕စည္းေရးကို ဇြန္လ(၁၁)ရက္ေန႔က ေတြ႔ဆံုေဆြးေႏြးၿပီး ယင္းကဲ့သို႔ ဆံုးျဖတ္လိုက္ျခင္းျဖစ္သည္။

"ကၽြန္ေတာ္တို႔လည္း အသက္ရလာၿပီ။ ဒီေတာ့ ေနာင္မ်ိဳးဆက္ကို ပ်ိဳးေထာင္တဲ႔အခ်ိန္မွာ ခိုင္ခိုင္မာမာနဲ႔ ရပ္တည္ႏိုင္ဖို႔ အကူညီေပးဖို႔လိုပါတယ္။ ၿပီးရင္ ကုန္သည္မ်ားႏွင္႔ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္းဆိုတဲ႔ အတိုင္း ကၽြန္ေတာ္တို႔တင္မဟုတ္ဘဲ တျခား ဆန္စပါးလုပ္ငန္းေတြ၊ သစ္လုပ္ငန္းေတြ၊ ေရႊလုပ္ငန္းေတြ၊ စက္မႈလက္မႈလုပ္ငန္းေတြ၊ စက္ဆီသုံးဆီလုပ္ငန္းေတြပါလာရပါမယ္။ "ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦး ျဖစ္သည္႔ ဦးစိုးေရႊက ေျပာသည္။

လက္ရွိဖြဲ႔စည္းထားေသာ ကုန္သည္လုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ UMFCCI ( ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္)၏ လက္ေအာက္တြင္ ရိွမေနသည့္ အတြက္ အသင္းဝင္အဖြဲ႕မ်ားႏွင့္ ႏိႈင္းယွဥ္ပါက အခြင့္အေရးမ်ားဆံုးရံႈးေနသျဖင့္ UMFCCI အသင္းဝင္အျဖစ္ ဖြဲ႕စည္းရန္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတုံကုန္သည္မ်ားႏွင္႔ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းကို တရားဝင္ဖြဲ႔စည္းႏိုင္ရန္ လုပ္ထံုးလုပ္နည္းမ်ားအရ အခ်ိန္ (၁၈)လခန္႔ၾကာျမင့္မည္ျဖစ္သည့္အတြက္ အဆိုပါ အသင္းမဖြဲ႔စည္းမီ လက္ရိွအသင္းအား လူငယ္အသင္းဝင္မ်ား ျဖည့္တင္းရန္ ဆံုးျဖတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္

.................

ကျိုင်းတုံ၊ ဇွန်လ (၁၃) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းအား တရားဝင် မဖွဲ့စည်းမီ ကုန်သည်များအသင်းသို့ လူငယ်လုပ်ငန်းရှင်များ ထပ်မံအင်အားဖြည့်တင်းရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

"ကျွန်တော်တို့ နိုင်ငံခြားသွားတဲ့ အခါ အခက်အခဲတွေ ရှိပါတယ်။ အဓိကကတော့ ဘာသာစကား အခက်အခဲပဲ ဖြစ်ပါတယ်။ ထိုင်းလို၊ အင်္ဂလိပ်လို ပေါင်းစုံ ပြောနိုင်တဲ့အင်အားတွေ လိုလာတယ်။ ပြီးရင် ITပညာရပ်တွေက လိုလာတယ်။ ကျွန်တော်တို့တွေက အသက်ကြီးပြီဖြစ်တဲ့အတွက် လူငယ်တွေလောက် အင်အားမရှိတော့ပါဘူး။ လူငယ်တွေက တက်ကြွတယ်၊ စိတ်ကူးသစ်တွေရှိတယ်။ ဒါပေမဲ့ သူတို့မှာ အတွေ့အကြုံပိုင်းအရ အားနည်းတာတွေရှိမယ်။ ကျွန်တော်တို့က အသက်လည်းကြီးပြီဆိုတော့ ဒီလူငယ်တွေကို လက်တွဲခေါ်သွားပြီးတော့ လုပ်ငန်းတွေကို လွှဲပြောင်းရယူနိုင်တဲ့အထိ အကူအညီပေးသွားမှာပါ"ဟု ကျိုင်းတုံမြို့နယ် ကုန်သည်လုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးစိုင်းဇော်မင်းက ဆိုသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် ကျိုင်းတုံမြို့နယ် ကုန်သည်လုပ်ငန်းရှင်များအသင်းတို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဖွဲ့စည်းရေးကို ဇွန်လ(၁၁)ရက်နေ့က တွေ့ဆုံဆွေးနွေးပြီး ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့လည်း အသက်ရလာပြီ။ ဒီတော့ နောင်မျိုးဆက်ကို ပျိုးထောင်တဲ့အချိန်မှာ ခိုင်ခိုင်မာမာနဲ့ ရပ်တည်နိုင်ဖို့ အကူညီပေးဖို့လိုပါတယ်။ ပြီးရင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဆိုတဲ့ အတိုင်း ကျွန်တော်တို့တင်မဟုတ်ဘဲ တခြား ဆန်စပါးလုပ်ငန်းတွေ၊ သစ်လုပ်ငန်းတွေ၊ ရွှေလုပ်ငန်းတွေ၊ စက်မှုလက်မှုလုပ်ငန်းတွေ၊ စက်ဆီသုံးဆီလုပ်ငန်းတွေပါလာရပါမယ်။ "ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည့် ဦးစိုးရွှေက ပြောသည်။

လက်ရှိဖွဲ့စည်းထားသော ကုန်သည်လုပ်ငန်းရှင်များအသင်းအနဖြေင့် UMFCCI ( မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်)၏ လက်အောက်တွင် ရှိမနေသည့် အတွက် အသင်းဝင်အဖွဲ့များနှင့် နှိုင်းယှဉ်ပါက အခွင့်အရေးများဆုံးရှုံးနေသဖြင့် UMFCCI အသင်းဝင်အဖြစ် ဖွဲ့စည်းရန် လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကို တရားဝင်ဖွဲ့စည်းနိုင်ရန် လုပ်ထုံးလုပ်နည်းများအရ အချိန် (၁၈)လခန့်ကြာမြင့်မည်ဖြစ်သည့်အတွက် အဆိုပါ အသင်းမဖွဲ့စည်းမီ လက်ရှိအသင်းအား လူငယ်အသင်းဝင်များ ဖြည့်တင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~