ဂ်ိဳက္ကာက ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ ကုန္သြယ္လုပ္ငန္းဆုိင္ရာ ေဆြးေႏြးပြဲမ်ားက်င္းပမည္

ဂ်ိဳက္ကာက ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ ကုန္သြယ္လုပ္ငန္းဆုိင္ရာ ေဆြးေႏြးပြဲမ်ားက်င္းပမည္
ဇွန် 28, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂၈)ရက္
ဂ်ပန္ႏုိင္ငံတကာပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီ (ဂ်ိဳက္ကာ)မွ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ ကုန္သည္ လုပ္ငန္းရွင္မ်ား၊ ကုန္သြယ္ေရးႏွင့္သက္ဆိုင္သည့္ အစိုးရအဖြဲ႕အစည္းမ်ားအတြက္ ေဆြးေႏြးပြဲမ်ား က်င္းပေပးရန္ စီစဥ္ေနေၾကာင္း သိရသည္။

စီးပြားေရးလုပ္ငန္းဆိုင္ရာ တစ္ရက္တာေဆြးေႏြးပြဲအား က်ိဳင္းတံုၿမိဳ႕တြင္  ဇြန္လ (၂၈)ရက္ႏွင့္ တာခ်ီလိတ္ၿမိဳ႕တြင္ ဇြန္လ (၃၀) ရက္တို႔တြင္ က်င္းပရန္ဂ်ိဳက္ကာမွ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

"အဓိကေတာ့ လုပ္ငန္းရွင္ေတြအေနနဲ႔ အရည္အေသြးေတြ တိုးတက္လာေအာင္ေပါ့။ ေတြးေခၚမႈေတြကို အဓိကထား သင္ၾကားေဆြးေႏြးမွာပါ။ သူတို႔ေတြ အရည္အခ်င္းေတြ တက္လာမွ အာဆီယံ ေစ်းကြက္အတြင္းမွာ ယွဥ္ၿပိဳင္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ျပည္နယ္နဲ႔ တိုင္းေတြမွာ စီးပြားေရး လုပ္ငန္းရွင္ေတြတင္ မကပါဘူး ေပၚလစီေဖာ္ေဆာင္တဲ့ အစိုးရ၀န္ထမ္းေတြကိုပါ က်ိဳင္းတံုမွာ ေဆြးေႏြးပြဲ လုပ္ေပးမွာပါ"ဟု ဂ်ိဳက္ကာမွ အႀကံေပးအရာရိွ Mr.MANAMARU Morimasa က ေျပာသည္။

ဂ်ပန္ႏုိင္ငံတကာပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီ (JICA)သည္ ၂၀၁၄-၂၀၁၅ ခုႏွစ္အတြင္း ျပည္နယ္ႏွင့္ တုိင္းေဒသႀကီး (၆)ေနရာႏွင့္ ၂၀၁၅-၂၀၁၆ ခုႏွစ္တြင္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး (၁၀) ေနရာတို႔တြင္ စီးပြားေရးဆိုင္ရာ ေဆြးေႏြးပြဲမ်ား က်င္းပေပးခဲ့ၿပီး ၂၀၁၆-၂၀၁၇ ခုႏွစ္တြင္ ေနရာေပါင္း(၁၁)ေနရာတြင္ ဆက္လက္က်င္းပျပဳလုပ္ေပးသြားရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
.............

တာချီလိတ်၊ ဇွန်လ(၂၈)ရက်
ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ဂျိုက်ကာ)မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကုန်သည် လုပ်ငန်းရှင်များ၊ ကုန်သွယ်ရေးနှင့်သက်ဆိုင်သည့် အစိုးရအဖွဲ့အစည်းများအတွက် ဆွေးနွေးပွဲများ ကျင်းပပေးရန် စီစဉ်နေကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းဆိုင်ရာ တစ်ရက်တာဆွေးနွေးပွဲအား ကျိုင်းတုံမြို့တွင် ဇွန်လ (၂၈)ရက်နှင့် တာချီလိတ်မြို့တွင် ဇွန်လ (၃၀) ရက်တို့တွင် ကျင်းပရန်ဂျိုက်ကာမှ စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။

"အဓိကတော့ လုပ်ငန်းရှင်တွေအနေနဲ့ အရည်အသွေးတွေ တိုးတက်လာအောင်ပေါ့။ တွေးခေါ်မှုတွေကို အဓိကထား သင်ကြားဆွေးနွေးမှာပါ။ သူတို့တွေ အရည်အချင်းတွေ တက်လာမှ အာဆီယံ ဈေးကွက်အတွင်းမှာ ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်နဲ့ တိုင်းတွေမှာ စီးပွားရေး လုပ်ငန်းရှင်တွေတင် မကပါဘူး ပေါ်လစီဖော်ဆောင်တဲ့ အစိုးရဝန်ထမ်းတွေကိုပါ ကျိုင်းတုံမှာ ဆွေးနွေးပွဲ လုပ်ပေးမှာပါ"ဟု ဂျိုက်ကာမှ အကြံပေးအရာရှိ Mr.MANAMARU Morimasa က ပြောသည်။

ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)သည် ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး (၆)နေရာနှင့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၀) နေရာတို့တွင် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပပေးခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်တွင် နေရာပေါင်း(၁၁)နေရာတွင် ဆက်လက်ကျင်းပပြုလုပ်ပေးသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~