တာချီလိတ်၌ ဇွန်လဒုတိယပတ်အတွင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုများလာ
တာချီလိတ်၌ ဇွန်လဒုတိယပတ်အတွင်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုများလာ
ဇှနျ 14, 2016
By Tachileik News Agency
တာချီလိတ်၊ ဇွန်လ(၁၄)
ဝမ်းပျက်ဝမ်းလျှောရောဂါသည် မိုးရာသီယင်ကောင်ပေါများလာချိန်တွင် မသန့်ရှင်းသည့်ရေ၊ ယင်နားသည့် အစားအသောက်များ စားမိရာမှ ဖြစ်ပွားလေ့ရှိသဖြင့် ယင်နားစာများအား မစားမိစေရန် သတိထားသင့်ပြီး သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ၊ ကိုယ်ခံအားနည်းသူများအနေဖြင့် အထူးသတိထားရန် လိုအပ်ကြောင်း ဆရာဝန်များက အကြံပြုထားသည်။
သတင်း။ ။ ‪#‎ကိုဇောင်း‬
............
တာချီလိတ်၊ ဇွန်လ(၁၄)
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဇွန် လဒုတိယပတ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ရာသီအကူးအပြောင်း တုပ်ကွေးရောဂါများ အဖြစ်များနေကြောင်း ဒေသတွင်းဆေးခန်းများမှ သိရသည်။
"ဝမ်းပျက်ဝမ်းလျှော အဖြစ်များတယ်။ တုပ်ကွေးရောပဲ။ မိုးနည်းနည်းအေးတော့ အစကသက်သာနေတဲ့ အဆစ်အမြစ်ရောင် ရောဂါသည်တွေတောင် ပြန်နာလို့လာပြကြတယ်။ ဝမ်းပျက်ဝမ်းလျှောကတော့ တော်တော်ဆိုးတယ်"ဟု ငွကြေယ်စင်ဆေးခန်းမှ ဒေါက်တာ ပြည့်မြင့်မြတ်က ပြောသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါမှာ ဇွန် လ ဒုတိယပတ်အတွင်း ဖြစ်ပွားမှုများလာခြင်းဖြစ်ကြောင်း သိရသည်။
"အခုတစ်ပတ်အတွင်း ဇီဝကမှာ ဝမ်းပျက်ဝမ်းလျှောလို့လာပြတာ (၁၀)ယောက်လောက်ရှိတယ်။ သက်လတ်ပိုင်းသမားတွေ ပိုပြီးအဖြစ်များတယ်။ "ဟု ဇီဝကအခမဲ့ ဒါနဆေးကုသခန်းမှ အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေသူတစ်ဦးက ပြောသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါသည် မိုးရာသီယင်ကောင်ပေါများလာချိန်တွင် မသန့်ရှင်းသည့်ရေ၊ ယင်နားသည့် အစားအသောက်များ စားမိရာမှ ဖြစ်ပွားလေ့ရှိသဖြင့် ယင်နားစာများအား မစားမိစေရန် သတိထားသင့်ပြီး သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ၊ ကိုယ်ခံအားနည်းသူများအနဖြေင့် အထူးသတိထားရန် လိုအပ်ကြောင်း ဆရာဝန်များက အကြံပြုထားသည်။
သတင်း။ ‪#‎ကိုဇောင်း‬
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~