ထိုင္းႏုိင္ငံတြင္ စက္သံုးဆီေစ်းႏႈန္း ျမင့္လာ၍ တာခ်ီလိတ္၌လည္း ေစ်းျမင့္လာ

ထိုင္းႏုိင္ငံတြင္ စက္သံုးဆီေစ်းႏႈန္း ျမင့္လာ၍ တာခ်ီလိတ္၌လည္း ေစ်းျမင့္လာ
ဇွန် 4, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ (၄) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း )တာခ်ီလိတ္ၿမိဳ႕မွတစ္ဆင့္ အဓိက တင္သြင္းအသုံးျပဳေနသည့္ ထိုင္းႏိုင္ငံမွ စက္သံုးဆီေစ်းႏႈန္း အနည္းငယ္ျမင့္လာေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္  ေမလ (၂၀)ရက္အတြင္း ဓာတ္ဆီ တစ္လီတာကို (၂၀)ဘတ္ ႏွင့္ ဒီဇယ္ တစ္လီတာကို (၁၉)ဘတ္ျဖစ္ၿပီး  ေမလ(၂၄)ရက္တြင္ ဓာတ္ဆီ တစ္လီတာကို (၂၁)ဘတ္ႏွင့္ ဒီဇယ္ တစ္လီတာကို (၂၀)ဘတ္ ျဖစ္လာေၾကာင္း သိရသည္။

“ေစ်းတက္လာတာက လြန္ခဲ့တဲ့ တစ္ပတ္ကတည္းကပါ။ ထိုင္းမွာ ၀ယ္လက္ေစ်းေတြ တက္လာလို႔။ တာခ်ီလိတ္မွာလည္း ေစ်းတက္လာတာပါ။ ကၽြန္မတို႔အေနနဲ႔  တစ္ပတ္ကို ကား(၅)စီး ၀န္းက်င္ေလာက္၀င္တယ္။ တျခားၿမိဳ႕နယ္ေတြကလည္း တာခ်ီလိတ္ကေန လာ၀ယ္က်တယ္။ ရွမ္း/အေရွ႕မွာေတာ့ အဓိက ထိုင္း စက္သုံးဆီကိုပဲသုံးတယ္။ ဒါေၾကာင့္ ေစ်းႏႈန္းအတက္အက်ကေတာ့ ထိုင္းက ေစ်းႏႈန္းအေျပာင္းအလဲေပၚပဲ မူတည္တယ္။”ဟု ေတာ္၀င္စက္သံုးဆီပန္႔မွ  မစႏၵာက ေျပာသည္။

ထိုင္းမွ စက္သုံးဆီေစ်းႏႈန္းမွာ ေမလ(၂၄)ရက္ေန႔မွစ၍ ေစ်းတက္လာျခင္းျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕မွ တဆင့္ တင္သြင္းေနသည့္ တာေလ ၊ မိုင္းျဖတ္ ၊က်ိဳင္းတုံၿမိဳ႕မ်ားသို႔လည္း ဆီတင္ပို႔ေနျခင္းျဖစ္ေၾကာင္း သိရသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန၏ ၂၀၁၆ ခုႏွစ္ ေဖေဖာ္၀ါရီ လအထိ စာရင္းအရ နယ္စပ္ဂိတ္ေပါက္(၁၅)ခုတြင္ သြင္းကုန္တင္သြင္းမႈအေျခအေနမွာ ရင္းႏွီးျမွဳပ္ႏွံမႈကုန္ပစၥည္းမ်ားတင္သြင္းမႈ အေမရိကန္ ေဒၚလာ(၆၈.၇၃၄)သန္း ၊ လုပ္ငန္းသုံးကုန္ၾကမ္းပစၥည္း တင္သြင္းမႈ အေမရိကန္ ေဒၚလာ (၃၈.၄၈၆)သန္း ႏွင့္ လူသုံးကုန္ပစၥည္းမ်ားတင္သြင္းမႈ အေမရိကန္ေဒၚလာ (၄၆.၇၃၈)သန္း ရွိေၾကာင္းသိရသည္။

သတင္း။  ။ ေဇာင္းညီ
............

တာချီလိတ်၊ ဇွန်လ (၄) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း )တာချီလိတ်မြို့မှတစ်ဆင့် အဓိက တင်သွင်းအသုံးပြုနေသည့် ထိုင်းနိုင်ငံမှ စက်သုံးဆီဈေးနှုန်း အနည်းငယ်မြင့်လာကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မေလ (၂၀)ရက်အတွင်း ဓာတ်ဆီ တစ်လီတာကို (၂၀)ဘတ် နှင့် ဒီဇယ် တစ်လီတာကို (၁၉)ဘတ်ဖြစ်ပြီး မေလ(၂၄)ရက်တွင် ဓာတ်ဆီ တစ်လီတာကို (၂၁)ဘတ်နှင့် ဒီဇယ် တစ်လီတာကို (၂၀)ဘတ် ဖြစ်လာကြောင်း သိရသည်။

“ဈေးတက်လာတာက လွန်ခဲ့တဲ့ တစ်ပတ်ကတည်းကပါ။ ထိုင်းမှာ ဝယ်လက်ဈေးတွေ တက်လာလို့။ တာချီလိတ်မှာလည်း ဈေးတက်လာတာပါ။ ကျွန်မတို့အနေနဲ့ တစ်ပတ်ကို ကား(၅)စီး ဝန်းကျင်လောက်ဝင်တယ်။ တခြားမြို့နယ်တွေကလည်း တာချီလိတ်ကနေ လာဝယ်ကျတယ်။ ရှမ်း/အရှေ့မှာတော့ အဓိက ထိုင်း စက်သုံးဆီကိုပဲသုံးတယ်။ ဒါကြောင့် ဈေးနှုန်းအတက်အကျကတော့ ထိုင်းက ဈေးနှုန်းအပြောင်းအလဲပေါ်ပဲ မူတည်တယ်။”ဟု တော်ဝင်စက်သုံးဆီပန့်မှ မစန္ဒါက ပြောသည်။

ထိုင်းမှ စက်သုံးဆီဈေးနှုန်းမှာ မေလ(၂၄)ရက်နေ့မှစ၍ ဈေးတက်လာခြင်းဖြစ်ပြီး တာချီလိတ်မြို့မှ တဆင့် တင်သွင်းနေသည့် တာလေ၊ မိုင်းဖြတ်၊ကျိုင်းတုံမြို့များသို့လည်း ဆီတင်ပို့နခြေင်းဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လအထိ စာရင်းအရ နယ်စပ်ဂိတ်ပေါက်(၁၅)ခုတွင် သွင်းကုန်တင်သွင်းမှုအခြေအနေမှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများတင်သွင်းမှု အမေရိကန် ဒေါ်လာ(၆၈.၇၃၄)သန်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှု အမေရိကန် ဒေါ်လာ (၃၈.၄၈၆)သန်း နှင့် လူသုံးကုန်ပစ္စည်းများတင်သွင်းမှု အမေရိကန်ဒေါ်လာ (၄၆.၇၃၈)သန်း ရှိကြောင်းသိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~