လားရႈိးရွိ ဆီစက္မ်ားအား စားသံုးသူေရးရာဦးစီးဌာနမွ ပဏာမလိုက္လံစစ္ေဆး

လားရႈိးရွိ ဆီစက္မ်ားအား စားသံုးသူေရးရာဦးစီးဌာနမွ ပဏာမလိုက္လံစစ္ေဆး
ဇွန် 27, 2016
By Tachileik News Agency

လားရိႈး၊ ဇြန္လ(၂၇)ရက္
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း စားသံုးသူေရးရာဦးစီးဌာနမွ FDA ေထာက္ခံခ်က္မရွိသည့္ အစားအေသာက္မ်ားႏွင့္ လားရိႈးၿမိဳ႕မွ စားသံုးဆီထုတ္လုပ္ေရာင္းခ်ေနသည့္ ဆီစက္မ်ားအား ပဏာမစစ္ေဆးမႈ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

"လားရႈိးၿမိဳ႕ေပၚမွာရွိတဲ့ စားေသာက္ကုန္အားလံုးကို လိုက္လံစစ္ေဆးေနပါတယ္။ အဓိကေတာ့ စားသံုးသူ ေဘးအႏၲရာယ္ျဖစ္ေစမယ့္ အစားအေသာက္ေတြ ဒီမွာကိုယ္ပိုင္ထုတ္လုပ္ေရာင္းခ်ေနတဲ့ ဆီစက္ေတြကို ဦးစားေပးလိုက္စစ္ေနပါတယ္။ FDA ေထာက္ခံခ်က္၊ စီးပြားကူးသန္းလိုင္စင္အေထာက္အထား ခိုင္ခိုင္လံုလံုမျပႏိုင္တဲ့ တဆင့္ခံ ကိုယ္ပိုင္တံဆိပ္ကပ္ ျဖန္႔ျဖဴးေရာင္းခ်ေနတဲ့ ဆီစက္ေတြကိုလည္း သတိေပးတားျမစ္ထားပါတယ္။ တခါထဲ သိမ္းယူမီးရႈိ႕မႈေတြလည္း လုပ္ေဆာင္ပါတယ္"ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္း စားသံုးသူေရးရာဦးစီးဌာနမွ ဒုတိယျပည္နယ္ဦးစီးမႈး ဦးေဇာ္မင္းသန္းက ေျပာသည္။

ျပည္ပမွတင္သြင္းလာေသာ အစားအေသာက္ကုန္ပစၥည္းမ်ားျဖစ္ပါက အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရး ဦးစီးဌာန၏ ေထာက္ခံခ်က္ (FDA ) ႏွင့့္ စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန၏ သြင္းကုန္လိုင္စင္တို႔ ရိွရန္လိုအပ္ၿပီး ျပည္တြင္းမွထုတ္လုပ္ေသာ စားေသာက္ကုန္ ပစၥည္းမ်ားျဖစ္ပါက ေဘးအႏၱရာယ္မရွိေၾကာင္း ႏွင့္ FDA ေထာက္ခံခ်က္ လိုအပ္မွာ ျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ ထုတ္လုပ္သည့္ရက္စြဲႏွင့္ ကုန္ဆံုးသည့္ရက္စြဲမ်ား ထည့္သြင္းရန္တို႔ လိုအပ္ၿပီး အဆိုပါ အခ်က္မ်ားႏွင့္ ကိုက္ညီျခင္းမရိွဘဲ လိုအပ္သည့္အေထာက္အထားမ်ား ျပသႏုိင္ျခင္းမရိွပါက ကုန္ပစၥည္းမ်ားကို သိမ္းယူ၍ စားသံုးသူ အကာအကြယ္ေပးေရးဥပေဒအရ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း။  ။ ေအာင္ျပည့္

..............
လားရှိုး၊ ဇွန်လ(၂၇)ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း စားသုံးသူရေးရာဦးစီးဌာနမှ FDA ထောက်ခံချက်မရှိသည့် အစားအသောက်များနှင့် လားရှိုးမြို့မှ စားသုံးဆီထုတ်လုပ်ရောင်းချနေသည့် ဆီစက်များအား ပဏာမစစ်ဆေးမှု လုပ်ဆောင်နေကြောင်း သိရသည်။
"လားရှိုးမြို့ပေါ်မှာရှိတဲ့ စားသောက်ကုန်အားလုံးကို လိုက်လံစစ်ဆေးနေပါတယ်။ အဓိကတော့ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေမယ့် အစားအသောက်တွေ ဒီမှာကိုယ်ပိုင်ထုတ်လုပ်ရောင်းချနေတဲ့ ဆီစက်တွေကို ဦးစားပေးလိုက်စစ်နေပါတယ်။ FDA ထောက်ခံချက်၊ စီးပွားကူးသန်းလိုင်စင်အထောက်အထား ခိုင်ခိုင်လုံလုံမပြနိုင်တဲ့ တဆင့်ခံ ကိုယ်ပိုင်တံဆိပ်ကပ် ဖြန့်ဖြူးရောင်းချနေတဲ့ ဆီစက်တွေကိုလည်း သတိပေးတားမြစ်ထားပါတယ်။ တခါထဲ သိမ်းယူမီးရှို့မှုတွေလည်း လုပ်ဆောင်ပါတယ်"ဟု ရှမ်းပြည်နယ်မြောက်ပိုင်း စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှုး ဦးဇော်မင်းသန်းက ပြောသည်။
ပြည်ပမှတင်သွင်းလာသော အစားအသောက်ကုန်ပစ္စည်းများဖြစ်ပါက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက် (FDA ) နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သွင်းကုန်လိုင်စင်တို့ ရှိရန်လိုအပ်ပြီး ပြည်တွင်းမှထုတ်လုပ်သော စားသောက်ကုန် ပစ္စည်းများဖြစ်ပါက ဘေးအန္တရာယ်မရှိကြောင်း နှင့် FDA ထောက်ခံချက် လိုအပ်မှာ ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ထုတ်လုပ်သည့်ရက်စွဲနှင့် ကုန်ဆုံးသည့်ရက်စွဲများ ထည့်သွင်းရန်တို့ လိုအပ်ပြီး အဆိုပါ အချက်များနှင့် ကိုက်ညီခြင်းမရှိဘဲ လိုအပ်သည့်အထောက်အထားများ ပြသနိုင်ခြင်းမရှိပါက ကုန်ပစ္စည်းများကို သိမ်းယူ၍ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း။ အောင်ပြည့်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~