Update News

တာခ်ီလိတ္ရွိ ေရသန္႔စက္ရံုမ်ားအား FDA စစ္ေဆးေတာ့မည္



တာခ်ီလိတ္၊ ဇြန္လ(၃)ရက္
တာခ်ီလိတ္ၿမိဳ႕ရွိ  ေရသန္႔စက္ရံု (၄၀)ေက်ာ္အား ဇြန္လဆန္းပိုင္းအတြင္း အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲမႈ ဦးစီးဌာန(FDA)မွ စစ္ေဆးရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ၿမိဳ႕ေပၚမွာရွိတဲ့ ေရသန္႔စက္ရံုေတြကို စစ္ေဆးဖို႔ လုပ္ေနပါၿပီ။ စစ္ေဆးတဲ့ေနရာမွာလည္း ကၽြန္ေတာ္တို႔ တစ္ဖြဲ႕ တစ္ဖြဲ႔တည္းနဲ႔ လုပ္လုိ႔မရဘူး။ အုပ္ခ်ဳပ္ေရးပိုင္းေရာပါမွရမွာ။ အဖြဲ႕စံုနဲ႔ ၀င္စစ္ဖို႔ေတာ့ ျပင္ထားတယ္"ဟု  တာခ်ီလိတ္ၿမိဳ႕နယ္ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲမႈဦးစီးဌာန(FDA)မွ ဦးစီးအရာရွိ ဦးတိုးေအာင္ ကေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ အစားအေသာက္ႏွင့္  ေဆး၀ါးကြပ္ကဲမႈဦးစီးဌာနမွ အစိုးရ၏ ရက္(၁၀၀)စီမံခ်က္ျဖင့္ တာခ်ီလိတ္ၿမိဳ႕ေပၚရွိ  ေစ်းမ်ားတြင္ အသားလံုးႏွင့္  ျပဳျပင္ထားသည့္အသားမ်ားအား လိုက္လံစစ္ေဆးျခင္း၊ ေဆးဆိုင္မ်ားတြင္လည္း တရားမ၀င္ေဆး၀ါးမ်ား ေရာင္ခ်ျခင္းမျပဳရန္ ပညာေပးျခင္းလုပ္ငန္းမ်ား လုပ္ကိုင္လွ်က္ရွိေၾကာင္း သိရသည္။

"တာခ်ီလိတ္မွာ ေရသန္႔လုပ္ငန္းေတြမွာ  FDA ေထာက္ခံခ်က္ရယူဖို႔က အခက္အခဲေတြရွိေနၾကတယ္။ အဓိကေတာ့ အဆင့္ဆင့္ ေထာက္ခံခ်က္ေတြရယူေနရလို႔ ၾကာေနတာေၾကာင့္ တခ်ိဳ႕က မလုပ္ၾကေတာ့တာ ။ အေကာင္းဆံုးက ဒီလိုေထာက္ခံခ်က္ေတြကို လြယ္လြယ္ကူကူ ျပဳလုပ္ေပးႏိုင္ေအာင္ စီစဥ္ေပးဖို႔ လိုအပ္တယ္"ဟု တာခ်ီလိတ္ေရသန္႔ လုပ္ငန္းရွင္မ်ားအသင္းမွ  ဥကၠဌ  ဦးႀကည္ျမင့္က ေျပာသည္။

FDA  ေထာက္ခံခ်က္မ်ားရယူရန္ ေနျပည္ေတာ္အထိ သြားေရာက္ရၿပီး  ဌာနဆိုင္ရာအဆင့္ဆင့္အား ေထာက္ခံခ်က္ ရယူရသျဖင့္  အခက္အခဲမ်ား ျဖစ္ေပၚေနျခင္းျဖစ္ၿပီး ေတာင္ႀကီးၿမိဳ႕တြင္ အစားအေသာက္ႏွင့္ ေဆး၀ါးစစ္ေဆးေရး ဦးစီးဌာန(FDA) ရွမ္းျပည္နယ္ရံုးအား  ဖြင့္လွစ္ထားေသာ္လည္း ေရသန္႔လုပ္ငန္းမ်ားအား စစ္ေဆး၍ ေထာက္ခံခ်က္ထုတ္ေပးႏိုင္ျခင္းမရွိေသးေၾကာင္း ၎ထံမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ေရသန္႔လုပ္ငန္းရွင္ေပါင္း (၄၂)ဦးခန္႔ရွိၿပီး အစားအေသာက္ႏွင့္ ေဆး၀ါးစစ္ေဆးေရးဦးစီးဌာန (FDA)၏ ေထာက္ခံခ်က္ရယူထားေသာ ေရသန္႔လုပ္ငန္းမွာ (၂၀)ခန္႔သာရွိ ၍ က်န္ေရသန္႔လုပ္ငန္းမ်ားမွာ အေထာက္အထားမဲ့ ထုတ္လုပ္ေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ေရသန္႔လုပ္ငန္းရွင္မ်ားအသင္းမွသိရသည္။

သတင္း။  ။ ကိုဇက္
............

တာချီလိတ်၊ ဇွန်လ(၃)ရက်
တာချီလိတ်မြို့ရှိ ရေသန့်စက်ရုံ (၄၀)ကျော်အား ဇွန်လဆန်းပိုင်းအတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန(FDA)မှ စစ်ဆေးရန် ပြင်ဆင်နေကြောင်း သိရသည်။

"ကျွန်တော်တို့ မြို့ပေါ်မှာရှိတဲ့ ရေသန့်စက်ရုံတွေကို စစ်ဆေးဖို့ လုပ်နေပါပြီ။ စစ်ဆေးတဲ့နေရာမှာလည်း ကျွန်တော်တို့ တစ်ဖွဲ့ တစ်ဖွဲ့တည်းနဲ့ လုပ်လို့မရဘူး။ အုပ်ချုပ်ရေးပိုင်းရောပါမှရမှာ။ အဖွဲ့စုံနဲ့ ဝင်စစ်ဖို့တော့ ပြင်ထားတယ်"ဟု တာချီလိတ်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ ဦးစီးအရာရှိ ဦးတိုးအောင် ကပြောသည်။

တာချီလိတ်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် တာချီလိတ်မြို့ပေါ်ရှိ ဈေးများတွင် အသားလုံးနှင့် ပြုပြင်ထားသည့်အသားများအား လိုက်လံစစ်ဆေးခြင်း၊ ဆေးဆိုင်များတွင်လည်း တရားမဝင်ဆေးဝါးများ ရောင်ချခြင်းမပြုရန် ပညာပေးခြင်းလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။

"တာချီလိတ်မှာ ရေသန့်လုပ်ငန်းတွေမှာ FDA ထောက်ခံချက်ရယူဖို့က အခက်အခဲတွေရှိနကြေတယ်။ အဓိကတော့ အဆင့်ဆင့် ထောက်ခံချက်တွေရယူနေရလို့ ကြာနေတာကြောင့် တချို့က မလုပ်ကြတော့တာ။ အကောင်းဆုံးက ဒီလိုထောက်ခံချက်တွေကို လွယ်လွယ်ကူကူ ပြုလုပ်ပေးနိုင်အောင် စီစဉ်ပေးဖို့ လိုအပ်တယ်"ဟု တာချီလိတ်ရေသန့် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးကြည်မြင့်က ပြောသည်။

FDA ထောက်ခံချက်များရယူရန် နပြေည်တော်အထိ သွားရောက်ရပြီး ဌာနဆိုင်ရာအဆင့်ဆင့်အား ထောက်ခံချက် ရယူရသဖြင့် အခက်အခဲများ ဖြစ်ပေါ်နခြေင်းဖြစ်ပြီး တောင်ကြီးမြို့တွင် အစားအသောက်နှင့် ဆေးဝါးစစ်ဆေးရေး ဦးစီးဌာန(FDA) ရှမ်းပြည်နယ်ရုံးအား ဖွင့်လှစ်ထားသော်လည်း ရေသန့်လုပ်ငန်းများအား စစ်ဆေး၍ ထောက်ခံချက်ထုတ်ပေးနိုင်ခြင်းမရှိသေးကြောင်း၎င်းထံမှ သိရသည်။

တာချီလိတ်မြို့တွင် ရေသန့်လုပ်ငန်းရှင်ပေါင်း (၄၂)ဦးခန့်ရှိပြီး အစားအသောက်နှင့် ဆေးဝါးစစ်ဆေးရေးဦးစီးဌာန (FDA)၏ ထောက်ခံချက်ရယူထားသော ရေသန့်လုပ်ငန်းမှာ (၂၀)ခန့်သာရှိ၍ ကျန်ရေသန့်လုပ်ငန်းများမှာ အထောက်အထားမဲ့ ထုတ်လုပ်ရောင်းချနခြေင်းဖြစ်ကြောင်း တာချီလိတ်ရေသန့်လုပ်ငန်းရှင်များအသင်းမှသိရသည်။

သတင်း။ ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


« PREV
NEXT »