ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားအား တာချီလိတ်ခရိုင်နှင့် တောင်ကြီးခရိုင်တို့ အကြိတ်အနယ်လုမည်

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားအား တာချီလိတ်ခရိုင်နှင့် တောင်ကြီးခရိုင်တို့ အကြိတ်အနယ်လုမည်
ဇှနျ 27, 2016
By Tachileik News Agency
( နည်းပြနှင့် တာဝန်ရှိသူများ )

တာချီလိတ်၊ ဇွန်လ(၂၇)

တာချီလိတ်ခရိုင် နှင့် လားရှိုးခရိုင် ဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြရာတွင် အချိန်ပြည့်ကစားရာမှာ (၁)ဂိုးစီဖြင့် သရေကျသွားပြီးနောက်၊ အချိန်ပိုကစားပြန်ရာ တစ်ဖက်လျှင် (၂)ဂိုးစီဖြင့် သရေထပ်မံကျသွားခဲ့သည့်အတွက် နောက်ဆုံး ဗိုလ်လုပွဲနေရာအား ပင်နယ်တီဖြင့် ဂိုးသွင်းဆုံးဖြတ်ရာ၌ တာချီလိတ်ခရိုင်မှ (၉)ဂိုး၊ လားရှိုးခရိုင်မှ (၈)ဂိုးဖြင့် တာချီလိတ်ခရိုင်မှ အနိုင်ရရှိသွားကာ နောက်ဆုံးဗိုလ်လုပွဲနေရာတွင် စောင့်ဆိုင်းနေပြီဖြစ်သည်။


တာချီလိတ်ခရိုင် ဘောလုံးအသင်းအနေဖြင့် ပွဲဦးထွက်ပွဲစဉ်အဖြစ် ဇွန်လ(၁၅)ရက်နေ့က ကစားရာ မူဆယ်ခရိုင်ကို (၃-၁)ဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ဆက်လက်၍ ဇွန်လ (၁၈)ရက်နေ့က မိုင်းဆတ်ခရိုင်နှင့် ယှဉ်ပြိုင်ကစားရာ (၉)ဂိုး (၀)ဂိုးဖြစ် ဆက်လက် အနိုင်ရရှိခဲ့ပြီး ဇွန်လ(၂၁)ရက်နေ့က ကျောက်မဲခရိုင်နှင့် ယှဉ်ပြိုင်ကစားရာ (၁)ဂိုးစီဖြင့် သရေကျသွားကြောင်း နှင့် ဇွန်လ(၂၃)ရက်နေ့က လွိုင်လင်ခရိုင်နှင့် ယှဉ်ပြိုင်ရာ လွိုင်လင်ခရိုင်အား (၂-၀)ဖြင့် အနိုင်ရရှိခဲ့သည့်အပြင် ယနေ့ ဇွန်လ(၂၇)ရက်တွင် ကျင်းပသည့် အကြိုဗိုလ်လုပွဲ၌ လားရှိုးခရိုင်နှင့် ယှဉ်ပြိုင်ရာ ပင်နယ်တီဖြင့် ဂိုးသွင်းဆုံးဖြတ်ရာ၌ တာချီလိတ်ခရိုင်မှ (၉)ဂိုး၊ လားရှိုးခရိုင်မှ (၈)ဂိုးဖြင့် တာချီလိတ်ခရိုင်မှ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။


သတင်း။  ။ ကိုဇောင်း
..............

တာချီလိတ်၊ ဇွန်လ(၂၇)
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် ၂၀၁၆ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက်(၂၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇွန်လ(၁၅)ရက်နေ့က စတင်ကျင်းပပြုလုပ်နေလျှက်ရှိရာ ယနေ့ ဇွန်လ(၂၇)ရက်နေ့ တွင် တာချီလိတ်ခရိုင် နှင့် လားရှိုးခရိုင် ဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြရာ တာချီလိတ်ခရိုင်ဘောလုံးအသင်းမှ နောက်ဆုံးဗိုလ်လုပွဲနေရာသို့ ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင် နှင့် လားရှိုးခရိုင် ဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြရာတွင် အချိန်ပြည့်ကစားရာမှာ (၁)ဂိုးစီဖြင့် သရေကျသွားပြီးနောက်၊ အချိန်ပိုကစားပြန်ရာ တစ်ဖက်လျှင် (၂)ဂိုးစီဖြင့် သရေထပ်မံကျသွားခဲ့သည့်အတွက် နောက်ဆုံး ဗိုလ်လုပွဲနေရာအား ပင်နယ်တီဖြင့် ဂိုးသွင်းဆုံးဖြတ်ရာ၌ တာချီလိတ်ခရိုင်မှ (၉)ဂိုး၊ လားရှိုးခရိုင်မှ (၈)ဂိုးဖြင့် တာချီလိတ်ခရိုင်မှ အနိုင်ရရှိသွားကာ နောက်ဆုံးဗိုလ်လုပွဲနေရာတွင် စောင့်ဆိုင်းနပြေီဖြစ်သည်။

"အခုကတော့ အိမ်ရှင်အသင်းနဲ့ တွေ့ရမှာဆိုတော့ အားနည်းချက် အားသာချက်တွေကတော့ ရှိနေမှာပါပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အနေနဲ့ကတော့ အစွမ်းကုန်ကြိုးစားပြီး ဖလားရအောင် ယှဉ်ပြိုင်သွားမှာပါ"ဟု တာချီလိတ်ခရိုင်ဘောလုံးအသင်း နည်းပြ ကိုဇော်မျိုးထိုက်က ပြောသည်။

တာချီလိတ်ခရို်င် ဘောလုံးအသင်းအနဖြေင့် ပွဲဦးထွက်ပွဲစဉ်အဖြစ် ဇွန်လ(၁၅)ရက်နေ့က ကစားရာ မူဆယ်ခရိုင်ကို (၃-၁)ဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ဆက်လက်၍ ဇွန်လ (၁၈)ရက်နေ့က မိုင်းဆတ်ခရိုင်နှင့် ယှဉ်ပြိုင်ကစားရာ (၉)ဂိုး (ဝ)ဂိုးဖြစ် ဆက်လက် အနိုင်ရရှိခဲ့ပြီး ဇွန်လ(၂၁)ရက်နေ့က ကျောက်မဲခရိုင်နှင့် ယှဉ်ပြိုင်ကစားရာ (၁)ဂိုးစီဖြင့် သရေကျသွားကြောင်း နှင့် ဇွန်လ(၂၃)ရက်နေ့က လွိုင်လင်ခရိုင်နှင့် ယှဉ်ပြိုင်ရာ လွိုင်လင်ခရိုင်အား (၂-ဝ)ဖြင့် အနိုင်ရရှိခဲ့သည့်အပြင် ယနေ့ ဇွန်လ(၂၇)ရက်တွင် ကျင်းပသည့် အကြိုဗိုလ်လုပွဲ၌ လားရှိုးခရိုင်နှင့် ယှဉ်ပြိုင်ရာ ပင်နယ်တီဖြင့် ဂိုးသွင်းဆုံးဖြတ်ရာ၌ တာချီလိတ်ခရိုင်မှ (၉)ဂိုး၊ လားရှိုးခရိုင်မှ (၈)ဂိုးဖြင့် တာချီလိတ်ခရိုင်မှ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အကြိုဗိုလ်လုပွဲတွင် တောင်ကြီးခရိုင်မှ လွိုင်လင်ခရိုင်နှင့် ယှဉ်ပြိုင်ရာ လွိုင်လင်ခရိုင်အား (၃-၁)ဖြင့် အနိုင်ရရှိသွားခဲ့သည့်အတွက် ဇွန်လ(၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် နောက်ဆုံးဗိုလ်လုပွဲတွင် တာချီလိတ်ခရိုင်နှင့် တွေ့ဆုံကြမှာ ဖြစ်သည်။

သတင်း။ ကိုဇောင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~