ဥပဓိရုပ္မေကာင္းသည့္ ေက်ာင္းမ်ားႏွင့္ ေက်ာင္းေဆာင္သစ္ေဆာက္ရမည့္ အခ်က္အလက္မ်ား ေကာက္ယူေန

ဥပဓိရုပ္မေကာင္းသည့္ ေက်ာင္းမ်ားႏွင့္ ေက်ာင္းေဆာင္သစ္ေဆာက္ရမည့္ အခ်က္အလက္မ်ား ေကာက္ယူေန
ဇွန် 26, 2016
By Tachileik News Agency
အ.ထ.က(ဆန္ဆိုင္း) ဒုတိယတန္း(ခ)တြင္ စာသင္ခံုမ်ား ခ်ဳိ႕ယြင္းစြာ အခက္အခဲျဖစ္ေနၿပီး၊ ေက်ာင္းလြယ္အိတ္မ်ားႏွင့္ စာအုပ္မ်ား ထည့္ဖို႔ အဆင္မေျပျဖစ္ေနပံု
အ.ထ.က(ဆန္ဆိုင္း) ဒုတိယတန္း(ခ)တြင္ စာသင္ခံုမ်ား ခ်ဳိ႕ယြင္းစြာ အခက္အခဲျဖစ္ေနၿပီး၊ ေက်ာင္းလြယ္အိတ္မ်ားႏွင့္ စာအုပ္မ်ား ထည့္ဖို႔ အဆင္မေျပျဖစ္ေနပံု

ကိုဇက္ -Tachileik News Agency
တာခ်ီလိတ္၊ ဇြန္လ(၂၆)ရက္
ၿမိဳ႕နယ္အသီးသီးရွိ ပ်က္စီးယိုယြင္း၍  ဥပဓိရုပ္မေကာင္းေသာေက်ာင္းမ်ားႏွင့္ ေက်ာင္းေဆာင္သစ္ ေဆာက္လုပ္ရန္ လိုအပ္ေသာ ေက်ာင္းမ်ားအား အခ်က္အလက္ေကာက္ယူ၍ ပညာေရး၀န္ႀကီးဌာနသို႔ ဇူလိုင္(၁၇)ရက္ေန႔ အမီ ျပန္လည္တင္ျပန္ရန္ သက္ဆိုင္ရာ ပညာေရးမွဴးရံုးမ်ားအား ညႊန္ၾကားထားေၾကာင္း သိရသည္။

"ေက်ာင္းသားေတြအတြက္ အႏၱရာယ္ရွိတဲ့ေက်ာင္းေတြ ၊ အျမင္မတင့္တယ္ ၊ ဥပဓိိရုပ္ မေကာင္းတဲ့ ေက်ာင္းေတြနဲ႔ ေက်ာင္းသားသစ္ေတြ တိုးလာလို႔ ထပ္ၿပီးတည္ေဆာက္ဖို႔ လိုတဲ့ေက်ာင္းေတြကို ၿမိဳ႕နယ္အတြင္းမွာရွိတဲ့ လႊြတ္ေတာ္(၃)ရပ္က ကိုယ္စားလွယ္ႀကီးေတြနဲ႔ တာ၀န္ရွိသူေတြက ကြင္းဆင္းၾကည့္ရွဳၿပီး အခ်က္အလက္ေတြကို ျပန္တင္ျပဖို႔ ေျပာလာတာပါ။ ဒီမွာ တကယ္လိုအပ္တဲ့ ေနရာနဲ႔ တကယ္လိုအပ္တဲ့ ေက်ာင္းေတြ ပါ၀င္ဖို႔အတြက္ ကိုယ္စားလွယ္ေတြနဲ႔ တာ၀န္ရွိသူေတြ ေနာက္တစ္ႀကိမ္ေတြ႕ဆံုဖို႔ေတာ့လိုမယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က ေျပာသည္။

ညႊန္ၾကားခ်က္တြင္ အႏၱရာယ္ရွိေက်ာင္းမ်ား၊ ဥပဓိရုပ္မေကာင္းေသာ ေက်ာင္းမ်ား၊ ေက်ာင္းသားဦးေရ မ်ားျပားလာသျဖင့္ ေက်ာင္းေဆာင္သစ္ လိုအပ္ေနေသာ ေက်ာင္းမ်ား၊ သဘာ၀ေဘးအႏၱရာယ္ က်ေရာက္သျဖင့္ ပ်က္စီးယိုယြင္းေနေသာ ေက်ာင္းမ်ားႏွင့္ ေနရာေျပာင္းေရႊ႕ေဆာက္လုပ္ရန္ လိုအပ္ေသာ ေက်ာင္းမ်ားအား စာရင္းျပဳစု၍ သက္ဆိုင္ရာ ၿမိဳ႕နယ္၊ ခရိုင္ႏွင့္ ျပည္နယ္တိုင္းေဒသႀကီးအဆင့္ဆင့္၏ ေထာက္ခံခ်က္ ရယူတင္ျပရမွာျဖစ္ေၾကာင္း သိရသည္။

မူလတန္းအဆင့္ မူႀကိဳေက်ာင္းမ်ား ေဆာက္လုပ္ရန္ ရပ္ကြက္ႏွင့္ ေက်းရြာမ်ားရွိ သင့္ေတာ္မည့္ေျမမ်ားအား သက္ဆုိင္ရာ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားမွ စာရင္းျပဳစု၍ တင္ျပရန္ႏွင့္ ဦးစားေပးအေနျဖင့္ ျပန္လည္ တည္ေဆာက္ရန္ လိုအပ္ေသာေက်ာင္းႏွင့္ တိုးခ်ဲ႕တည္ေဆာက္ရန္ လိုအပ္ေသာ ေက်ာင္းမ်ားအား စာရင္းျပဳစုရမည္ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း။  ။ ေစာလွမင္း

.................
တာချီလိတ်၊ ဇွန်လ(၂၆)ရက်
မြို့နယ်အသီးသီးရှိ ပျက်စီးယိုယွင်း၍ ဥပဓိရုပ်မကောင်းသောကျောင်းများနှင့် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် လိုအပ်သော ကျောင်းများအား အချက်အလက်ကောက်ယူ၍ ပညာရေးဝန်ကြီးဌာနသို့ ဇူလိုင်(၁၇)ရက်နေ့ အမီ ပြန်လည်တင်ပြန်ရန် သက်ဆိုင်ရာ ပညာရေးမှူးရုံးများအား ညွှန်ကြားထားကြောင်း သိရသည်။
"ကျောင်းသားတွေအတွက် အန္တရာယ်ရှိတဲ့ကျောင်းတွေ၊ အမြင်မတင့်တယ်၊ ဥပဓိရုပ် မကောင်းတဲ့ ကျောင်းတွေနဲ့ ကျောင်းသားသစ်တွေ တိုးလာလို့ ထပ်ပြီးတည်ဆောက်ဖို့ လိုတဲ့ကျောင်းတွေကို မြို့နယ်အတွင်းမှာရှိတဲ့ လွှတ်တော်(၃)ရပ်က ကိုယ်စားလှယ်ကြီးတွေနဲ့ တာဝန်ရှိသူတွေက ကွင်းဆင်းကြည့်ရှုပြီး အချက်အလက်တွေကို ပြန်တင်ပြဖို့ ပြောလာတာပါ။ ဒီမှာ တကယ်လိုအပ်တဲ့ နေရာနဲ့ တကယ်လိုအပ်တဲ့ ကျောင်းတွေ ပါဝင်ဖို့အတွက် ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူတွေ နောက်တစ်ကြိမ်တွေ့ဆုံဖို့တော့လိုမယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။
ညွှန်ကြားချက်တွင် အန္တရာယ်ရှိကျောင်းများ၊ ဥပဓိရုပ်မကောင်းသော ကျောင်းများ၊ ကျောင်းသားဦးရေ များပြားလာသဖြင့် ကျောင်းဆောင်သစ် လိုအပ်နေသော ကျောင်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်သဖြင့် ပျက်စီးယိုယွင်းနေသော ကျောင်းများနှင့် နေရာပြောင်းရွှေ့ဆောက်လုပ်ရန် လိုအပ်သော ကျောင်းများအား စာရင်းပြုစု၍ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်တိုင်းဒေသကြီးအဆင့်ဆင့်၏ ထောက်ခံချက် ရယူတင်ပြရမှာဖြစ်ကြောင်း သိရသည်။
မူလတန်းအဆင့် မူကြိုကျောင်းများ ဆောက်လုပ်ရန် ရပ်ကွက်နှင့် ကျေးရွာများရှိ သင့်တော်မည့်မြေများအား သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ စာရင်းပြုစု၍ တင်ပြရန်နှင့် ဦးစားပေးအနဖြေင့် ပြန်လည် တည်ဆောက်ရန် လိုအပ်သောကျောင်းနှင့် တိုးချဲ့တည်ဆောက်ရန် လိုအပ်သော ကျောင်းများအား စာရင်းပြုစုရမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း။ စောလှမင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~