တာခ်ီလိတ္၌ ျပဳလုပ္သည့္ မူးယစ္ေဆး၀ါး တိုက္ဖ်က္ေရးေန႔ အခမ္းအနား၌ စြမ္းစြမ္းတမံ ေဖာ္ထုတ္ ဖမ္းဆီးေပးခဲ့ေသာ ရဲတပ္ဖြဲ႔ဝင္(၃)ဦးအား ဂုဏ္ျပဳ၊ ၿပိဳင္ပြဲ၀င္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဆုေပါင္း (၆၀)ခ်ီးျမႇင့္

တာခ်ီလိတ္၌ ျပဳလုပ္သည့္ မူးယစ္ေဆး၀ါး တိုက္ဖ်က္ေရးေန႔ အခမ္းအနား၌ စြမ္းစြမ္းတမံ ေဖာ္ထုတ္ ဖမ္းဆီးေပးခဲ့ေသာ ရဲတပ္ဖြဲ႔ဝင္(၃)ဦးအား ဂုဏ္ျပဳ၊ ၿပိဳင္ပြဲ၀င္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဆုေပါင္း (၆၀)ခ်ီးျမႇင့္
ဇွန် 26, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂၆)
ယေန႔ ဇြန္လ(၂၆)ရက္ေန႔တြင္ က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးမႈႏွင့္ တရားမ၀င္ ေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္ရွိ ေက်ာင္းေပါင္းစုံမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ၊ ကြန္ပ်ဴတာပန္းခ်ီ ႏွင့္ စာစီစာကုံး ၿပိဳင္ပြဲမ်ားမွ ဆုရေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဂုဏ္ျပဳဆုခ်ီးျမႇင့္ျခင္း အခမ္းအနားကို က်င္းပျပဳလုပ္ခဲ့သည္။

တာ၀န္ရွိသူ အႀကီးအကဲမ်ားက ၂၀၁၆ ခုႏွစ္အတြင္း မူးယစ္ေဆး၀ါးတားဆီးႏွိမ္နင္းေရးတြင္ စြမ္းစြမ္းတမံ ေဖာ္ထုတ္ဖမ္းဆီးေပးခဲ့သည့္ မူးယစ္ရဲတပ္ဖြဲ႕၀င္ (၃)ဦး ျဖစ္ေသာ ရဲတပ္ၾကပ္ ေဇယ်ာမင္း၊ ရဲတပ္ၾကပ္ တင္သိန္း ႏွင့္ ရဲတပ္ၾကပ္ ကီးဘူ တို႔အား ဂုဏ္ျပဳဆုေပးအပ္ ခ်ီးျမႇင့္ေၾကာင္း ႏွင့္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးမႈႏွင့္ တရားမ၀င္ ေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အျဖစ္ က်င္းပျပဳလုပ္ခဲ့ေသာ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ၊ ကြန္ပ်ဴတာပန္းခ်ီ ႏွင့္ စာစီစာကုံး ၿပိဳင္ပြဲမ်ားမွ ၿပိဳင္ပြဲ၀င္ ဆုရေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ဆုေပါင္း(၆၀)ကို အသီးသီး ေပးအပ္ခ်ီးျမႇင့္သည္။

ဆုခ်ီးျမႇင့္ျခင္း အခမ္းအနားကို ယေန႔ ဇြန္လ (၂၆)ရက္ေန႔၊ နံနက္ပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕နယ္ရွိ ေအာင္ျမတ္ခန္းမ၌ က်င္းပျပဳလုပ္ရာ ေဒသအုပ္ခ်ဳပ္ေရးဆိုင္ရာ အႀကီးအကဲမ်ား ႏွင့္ ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ႏွင့္ ႏိုင္ငံေရးပါတီမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ ပညာေရးဌာနမွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ေက်ာင္းသူမ်ား၊ ေက်ာင္းသားမိဘမ်ား အျပင္ ဖိတ္ၾကားထားသည့္ လုပ္ငန္းရွင္မ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း/ဓာတ္ပံု။ ။ ‪#‎ေဇာင္းညီ‬
............

တာချီလိတ်၊ ဇွန်လ(၂၆)
ယနေ့ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် တာချီလိတ်မြို့နယ်ရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ နှင့် စာစီစာကုံး ပြိုင်ပွဲများမှ ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

တာဝန်ရှိသူ အကြီးအကဲများက ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတွင် စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးပေးခဲ့သည့် မူးယစ်ရဲတပ်ဖွဲ့ဝင် (၃)ဦး ဖြစ်သော ရဲတပ်ကြပ် ဇေယျာမင်း၊ ရဲတပ်ကြပ် တင်သိန်း နှင့် ရဲတပ်ကြပ် ကီးဘူ တို့အား ဂုဏ်ပြုဆုပေးအပ် ချီးမြှင့်ကြောင်း နှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ကျင်းပပြုလုပ်ခဲ့သော ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ နှင့် စာစီစာကုံး ပြိုင်ပွဲများမှ ပြိုင်ပွဲဝင် ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုပေါင်း(၆၀)ကို အသီးသီး ပေးအပ်ချီးမြှင့်သည်။

ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ဇွန်လ (၂၆)ရက်နေ့၊ နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ်ရှိ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နှင့် နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများ အပြင် ဖိတ်ကြားထားသည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ။ ‪#‎ဇောင်းညီ‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net