တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတား ထိုင်းဘက်တွင် မြန်မာနိုင်ငံသားထံမှ စိတ်ကြွဆေးပြား တစ်သိန်းကျော် ဖမ်းဆီးရမိ

တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတား ထိုင်းဘက်တွင် မြန်မာနိုင်ငံသားထံမှ စိတ်ကြွဆေးပြား တစ်သိန်းကျော် ဖမ်းဆီးရမိ
ဇှနျ 14, 2016
By Tachileik News Agency

တာချီလိတ်၊ ဇွန်လ(၁၄)

ဖြစ်စဉ်မှာ ဇွန်လ (၁၃) ရက် ည(၇)နာရီအချိန်က ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)တွင် မြန်မာနိုင်ငံသား မောင်းနှင်လာသော မော်တော်ကားအား စစ်ဆေးကြည့်ရာ ပလပ်စတစ်ခြင်း အစိမ်းထဲ၌ ဟင်းထုပ်၊ မုန့်များဖြင့် ဖုံးကွယ်ထားသည့် စိတ်ကြွဆေးပြားများအား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရပြီး မော်တော်ယာဉ်အား စစ်ဆေးနေစဉ် ယာဉ်ပေါ်တွင် ပါလာသည့် အမျိုးသမီးတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်သည်ကျိုင်းတုံမှ ထိုင်းနိုင်ငံ မယ်ဆိုင်သို့ သွားရန် တာချီလိတ်မြို့ ဆန်ဆိုင်းသို့ ရောက်ရှိစဉ် ထွက်ပြေးလွတ်မြောက်သွားသူ အမျိုးသမီးဆိုသူက ကားရပ်တန့်ခိုင်းပြီး လိုက်ပါလာကာ ၎င်းနှင့်အတူ ယခုစိတ်ကြွဆေးပြားများ တွေ့ရသည့်ပလပ်စတစ်ခြင်းအစိမ်းရောင်နှစ်ခု ပါလာခြင်းဖြစ်ကြောင်း သိရသည်။

ကားပေါ်တွင် အဆိုပါ အမျိုးသမီးအပါအ၀င် လူ(၆)ဦး လိုက်ပါလာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမယ်ဆိုင်သို့ ချစ်ကြည်ရေးတံတား၌ တံတားကူးလက်မှတ်ဆင်းထုရာ ထိုင်းနိုင်ငံတာဝန်ရှိသူများက ကားအနောက်ခန်းမှ ပစ္စည်းများအား x-ray စက်ဖြင့် စစ်ဆေးရန် ပစ္စည်းများချနေစဉ် အမျိုးသမီးတစ်ဦးမှ  ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကားပေါ်ပါလာသူ (၅)ဦးအား စစ်ဆေးနိုင်ရန် မယ်ဆိုင်ရဲစခန်းသို့ လွှဲပြောင်းထားပြီး ထွက်ပြေးတိမ်းရှောင်နေသူအား ဖမ်းဆီးရမိရန် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း။  ။ နန်းမောက်ကွမ်
..................

တာချီလိတ်၊ ဇွန်လ(၁၄)
ထိုင်းနိုင်ငံ အကောက်ခွန်ဦးစီးဌာနနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များမှ ထိုင်း - မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်တွင် မြန်မာနိုင်ငံသား (၆)ဦးပါဝင်သည့် မော်တော်ယာဉ်ပေါ်မှ စိတ်ကြွမူးယစ်ဆေးပြား (၁၄၁,၄၀၀)ပြားကို ဖမ်းဆီးရမိကြောင်း ဇွန်လ (၁၃) ရက် ည (၈)နာရီအချိန်က ထိုင်းနိုင်ငံ မယ်ဆိုင်တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။

ဖြစ်စဉ်မှာ ဇွန်လ (၁၃) ရက် ည(၇)နာရီအချိန်က ထိုင်းနို်င်ငံမှ တာဝန်ရှိသူများက ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁)တွင် မြန်မာနို်င်ငံသား မောင်းနှင်လာသော မော်တော်ကားအား စစ်ဆေးကြည့်ရာ ပလပ်စတစ်ခြင်း အစိမ်းထဲ၌ ဟင်းထုပ်၊ မုန့်များဖြင့် ဖုံးကွယ်ထားသည့် စိတ်ကြွဆေးပြားများအား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရပြီး မော်တော်ယာဉ်အား စစ်ဆေးနေစဉ် ယာဉ်ပေါ်တွင် ပါလာသည့် အမျိုးသမီးတစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်သည်ကျိုင်းတုံမှ ထိုင်းနို်င်ငံ မယ်ဆိုင်သို့ သွားရန် တာချီလိတ်မြို့ ဆန်ဆိုင်းသို့ ရောက်ရှိစဉ် ထွက်ပြေးလွတ်မြောက်သွားသူ အမျိုးသမီးဆိုသူက ကားရပ်တန့်ခိုင်းပြီး လိုက်ပါလာကာ၎င်းနှင့်အတူ ယခုစိတ်ကြွဆေးပြားများ တွေ့ရသည့်ပလပ်စတစ်ခြင်းအစိမ်းရောင်နှစ်ခု ပါလာခြင်းဖြစ်ကြောင်း သိရသည်။

ကားပေါ်တွင် အဆိုပါ အမျိုးသမီးအပါအဝင် လူ(၆)ဦး လိုက်ပါလာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမယ်ဆိုင်သို့ ချစ်ကြည်ရေးတံတား၌ တံတားကူးလက်မှတ်ဆင်းထုရာ ထိုင်းနို်င်ငံတာဝန်ရှိသူများက ကားအနောက်ခန်းမှ ပစ္စည်းများအား x-ray စက်ဖြင့် စစ်ဆေးရန် ပစ္စည်းများချနေစဉ် အမျိုးသမီးတစ်ဦးမှ ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကားပေါ်ပါလာသူ (၅)ဦးအား စစ်ဆေးနို်င်ရန် မယ်ဆိုင်ရဲစခန်းသို့ လွှဲပြောင်းထားပြီး ထွက်ပြေးတိမ်းရှောင်နေသူအား ဖမ်းဆီးရမိရန် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း။ နန်းမောက်ကွမ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~