ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရာမွ က်ပ္သိန္း(၁၀၀)ေက်ာ္တန္ဖိုးရိွ စိတ္ၾကြေဆးျပားမ်ား ေတြ႕ရွိ

ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရာမွ က်ပ္သိန္း(၁၀၀)ေက်ာ္တန္ဖိုးရိွ စိတ္ၾကြေဆးျပားမ်ား ေတြ႕ရွိ
ဇွန် 21, 2016
By Tachileik News Agency
တာခ်ီလိိတ္၊ ဇြန္လ(၂၁)ရက္
တာခ်ီလိတ္ၿမိဳ႕နယ္ ေရပူစမ္းေက်းရြာမွ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ ေမာင္းႏွင္လာေသာ ေမာ္ေတာ္ဆိုင္ကယ္အား ဇြန္လ(၂၀)ရက္ေန႔ ညပိုင္းက ရပ္တန္႔စစ္ေဆးရာ ဆိုင္ကယ္ဖင္ထိုင္ခံုေအာက္မွ က်ပ္သိန္း(၁၀၀)ေက်ာ္ တန္ဖိုးရွိ စိတ္ၾကြေဆးျပားမ်ားအား ဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ သိရသည္။
ေရပူစမ္းေက်းရြာမွ တာခ်ီလိတ္သို႔ ေမာင္းႏွင္လာေသာ KAINUO-110 အမ်ဳိးအစား အနက္ေရာင္ ဆိုင္ကယ္အား လြယ္ေတာ္ခမ္းပူးေပါင္ းစစ္ေဆးေရးဂိတ္တြင္ ရပ္တန္႔စစ္ေဆးရာ ဆုိင္ကယ္ ဖင္ထုိင္ခံုေအာက္မွ ဆီတိုင္ကီေဘး ကာဗာၾကားတြင္ အျပာေရာင္ ပလပ္စတစ္အိတ္ငယ္ျဖင့္ ထည့္ထားေသာ ကာလတန္ဖိုးေငြ က်ပ္သိန္း(၁၀၀)ေက်ာ္ရွိသည့္ Wy စာတမ္းပါ ပန္းေရာင္ စိတ္ၾကြေဆးျပား (၃,၉၉၅)ျပားအား ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
"ညပိုင္းမွာ စစ္ေဆးေတြ႕ရွိခဲ့တာပါ။ အမႈကို အခုလက္ရွိ အေရးယူေဆာင္ရြက္ထားပါတယ္။ ဒါနဲ႔ ပတ္သက္တဲ့ အမႈကြင္းဆက္ေတြကိုလည္း လိုက္လံ စံုစမ္းေနပါတယ္"ဟု မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
မူးယစ္ေဆး၀ါးမ်ား သယ္ေဆာင္လာေသာ ေမာင္ရွာေမြလအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ မယ(ပ)၄၅/၂၀၁၆ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ရာ ျပစ္မႈပုဒ္မ ၁၅/၁၉(က)ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း။ ။ ‪#‎ကိုဇက္‬
...............................
တာချီလိတ်၊ ဇွန်လ(၂၁)ရက်
တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာမှ တာချီလိတ်မြို့တွင်းသို့ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ဇွန်လ(၂၀)ရက်နေ့ ညပိုင်းက ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ဖင်ထိုင်ခုံအောက်မှ ကျပ်သိန်း(၁၀၀)ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများအား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။
ရေပူစမ်းကျေးရွာမှ တာချီလိတ်သို့ မောင်းနှင်လာသော KAINUO-110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်အား လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် ဖင်ထိုင်ခုံအောက်မှ ဆီတိုင်ကီဘေး ကာဗာကြားတွင် အပြာရောင် ပလပ်စတစ်အိတ်ငယ်ဖြင့် ထည့်ထားသော ကာလတန်ဖိုးငွေ ကျပ်သိန်း(၁၀၀)ကျော်ရှိသည့် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၃,၉၉၅)ပြားအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ညပိုင်းမှာ စစ်ဆေးတွေ့ရှိခဲ့တာပါ။ အမှုကို အခုလက်ရှိ အရေးယူဆောင်ရွက်ထားပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ အမှုကွင်းဆက်တွေကိုလည်း လိုက်လံ စုံစမ်းနေပါတယ်"ဟု မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော မောင်ရှာမွေလအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၄၅/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှုပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း။ ‪#‎ကိုဇက်‬
 ⊱ #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~