ႏိ္ုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၏ ထိုင္းႏုိင္ငံခ်စ္ၾကည္ေရးခရီးတြင္ ျမန္မာလုပ္သားအေရးကူညီသည့္အဖြဲ႕မ်ားႏွင့္ ေတြ႔မည္

ႏိ္ုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၏ ထိုင္းႏုိင္ငံခ်စ္ၾကည္ေရးခရီးတြင္ ျမန္မာလုပ္သားအေရးကူညီသည့္အဖြဲ႕မ်ားႏွင့္ ေတြ႔မည္
ဇွန် 10, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၁၀)ရက္
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဇြန္လအတြင္း ထိုင္းႏိုင္ငံသို႔ သြားေရာက္မည့္ ခ်စ္ၾကည္ေရး ခရီးစဥ္တြင္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ားအား ကူညီေနသည့္ အဖြဲ႕အစည္း တစ္ခ်ိဳ႕ႏွင့္ ေတြ႕ဆံုရန္ စီစဥ္ထားေၾကာင္း သိရသည္။

"ေဒၚေအာင္ဆန္းစုၾကည္က ဇြန္(၂၂)ရက္ေန႔ေလာက္ေရာက္မွာ ကၽြန္ေတာ္တို႔အဖြဲ႕နဲ႔ ခဏေတြ႕ဖို႔ရွိတယ္။ ေနာက္ၿပီး အလုပ္သမား၀န္ႀကီးနဲ႔ ျမန္မာအလုပ္သမားေတြကို အကူအညီေပးေနတဲ့ အဖြဲ႕ေတြနဲ႔ ေတြ႕ဖို႔လည္းရွိတယ္။ အဓိကေတာ့ အလုပ္သမားအေရးေတြ ေဆြးေႏြးမယ္။ ေနာက္တစ္ခုက ထိုင္းကို လူပို႔ေနတဲ့ ပြဲစားေတြကိစၥ စကားေျပာရမယ္။ သူတို႔က ဥပေဒမဲ့ ေတြလုပ္ေနတာမ်ားၿပီ"ဟု ျမန္မာသံရံုးအလုပ္သမားမ်ား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ၀င္"AAC"မဟာမိတ္မွ ေျပာေရးဆိုခြင့္ရွိသူ ကိုရဲမင္းက ေျပာသည္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ထုိင္းႏိုင္ငံသို႔ ဇြန္လ(၂၂)ရက္ေန႔တြင္ ေရာက္ရွိၿပီး (၂၄)ရက္ေန႔တြင္ ထုိင္း - ျမန္မာ နယ္စပ္ ကရင္ျပည္နယ္ရွိ ထန္ဟင္း ဒုကၡသည္စခန္းသို႔ သြားေရာက္ေလ့လာရန္ ျပင္ဆင္ထားသျဖင့္ ထုိင္းႏိုင္ငံအတြင္းရွိ ေရႊ႕ေျပာင္း ျမန္မာအလုပ္သမား(၈)သိန္းခန္႔၏ ၾကံဳေတြ႕ေနရေသာ အခက္အခဲမ်ားအား တင္ျပႏိုင္ရန္ AAC မွ ျပင္ဆင္ထားေၾကာင္း သိရသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္မွာ ထိုင္းႏိုင္ငံသို႔ ၂၀၁၆ ခုႏွစ္ ဇြန္လအတြင္းသြားမည့္ ခရီးစဥ္မွာ ဒုတိယေျမာက္ခရီးစဥ္ျဖစ္ၿပီး ၂၀၁၂ ခုႏွစ္အတြင္း ထိုင္းႏိုင္ငံသို႔ ႏိုင္ငံတကာေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆံုရန္ ပထမဆံုးအႀကိမ္ေရာက္ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္

......................

တာချီလိတ်၊ ဇွန်လ(၁၀)ရက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဇွန်လအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်မည့် ချစ်ကြည်ရေး ခရီးစဉ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီနေသည့် အဖွဲ့အစည်း တစ်ချို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

"ဒေါ်အောင်ဆန်းစုကြည်က ဇွန်(၂၂)ရက်နေ့လောက်ရောက်မှာ ကျွန်တော်တို့အဖွဲ့နဲ့ ခဏတွေ့ဖို့ရှိတယ်။ နောက်ပြီး အလုပ်သမားဝန်ကြီးနဲ့ မြန်မာအလုပ်သမားတွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေနဲ့ တွေ့ဖို့လည်းရှိတယ်။ အဓိကတော့ အလုပ်သမားအရေးတွေ ဆွေးနွေးမယ်။ နောက်တစ်ခုက ထိုင်းကို လူပို့နေတဲ့ ပွဲစားတွေကိစ္စ စကားပြောရမယ်။ သူတို့က ဥပဒေမဲ့ တွေလုပ်နေတာများပြီ"ဟု မြန်မာသံရုံးအလုပ်သမားများ ကူညီစောင့်ရှောက်ရေး ကော်မတီဝင်"AAC"မဟာမိတ်မှ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ ဇွန်လ(၂၂)ရက်နေ့တွင် ရောက်ရှိပြီး (၂၄)ရက်နေ့တွင် ထိုင်း - မြန်မာ နယ်စပ် ကရင်ပြည်နယ်ရှိ ထန်ဟင်း ဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာရန် ပြင်ဆင်ထားသဖြင့် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမား(၈)သိန်းခန့်၏ ကြုံတွေ့နေရသော အခက်အခဲများအား တင်ပြနိုင်ရန် AAC မှ ပြင်ဆင်ထားကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ထိုင်းနိုင်ငံသို့ ၂၀၁၆ ခုနှစ် ဇွန်လအတွင်းသွားမည့် ခရီးစဉ်မှာ ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံရန် ပထမဆုံးအကြိမ်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~