လာအိုနိုင်ငံရောက် မြန်မာလုပ်သားများအရေး ကူညီနိုင်ရန် ဒေသခံများ ပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမည်
လာအိုနိုင်ငံရောက် မြန်မာလုပ်သားများအရေး ကူညီနိုင်ရန် ဒေသခံများ ပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမည်
ဇှနျ 2, 2016
By Tachileik News Agency
 တာချီလိတ်၊ ဇွန်လ(၂)ရက်
ရွှေတြိဂံဒေသတွင်း လာအိုနိုင်ငံရောက် ရွေ့ပြောင်းမြန်မာအလုပ်သမားများအား အလုပ်သမား ဥပဒေချိုးဖောက်ခံရခြင်းများ အပါအဝင် မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ဒေသခံများ ပါဝင်သည့် လာအိုရောက်မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး ကော်မတီ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
တာချီလိတ်မြို့နှင့် နယ်နိမိတ်ထိစပ်နေသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ၏ အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ရန် မြန်မာ TBC အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပါဝင်သည့် CNCMC ကော်မတီကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး တာချီလိတ်မြို့၏ နယ်နိမိတ်ထိစပ်နေသည့် နိုင်ငံဖြစ်သည့် လာအိုနိုင်ငံရောက် မြန်မာလုပ်သားများအရေး အတွက် ကော်မတီဖွဲ့ရန်ပြင်ဆင်နေခြင်းဖြစ်သည်။
သတင်း။  ။ ဇောင်းညီ
..................
တာချီလိတ်၊ ဇွန်လ(၂)ရက်
ရွှတြေိဂံဒေသတွင်း လာအိုနိုင်ငံရောက် ရွေ့ပြောင်းမြန်မာအလုပ်သမားများအား အလုပ်သမား ဥပဒေချိုးဖောက်ခံရခြင်းများ အပါအဝင် မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ဒေသခံများ ပါဝင်သည့် လာအိုရောက်မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး ကော်မတီ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
“လာအိုမှာကြတော့ TBC မရှိဘဲနဲ့ RBC သာရှိတဲ့ အတွက်ကြောင့်မို့ RBC ကို စောင့်မယ်ဆို ကျွန်တော်တို့ နိုင်ငံသားများရဲ့ အခက်အခဲကို အလွယ်တကူ ချက်ချင်းဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညိုနှိုင်းရေးကော်မတီ (CNCMC) ကဲ့သို့ပဲ ဒီမှာရှိတဲ့ ဒေသခံများဖွဲ့စည်းထားတဲ့ ယင်းကော်မတီလို ဖွဲ့စည်းပြီး လာအိုနိုင်ငံရောက် အလုပ်သမားများကို ကူညီစောင့်ရှောက်ဖို့ ကြိုးစားသွားမှာပါ။”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။
အဆိုပါ ကော်မတီဖွဲ့စည်းပြီးပါက လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အခက်အခဲများကို လေ့လာပြီး လာအိုနိုင်ငံတွင်ရှိသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲပြုလုပ်သည့်အခါတွင် ကော်မတီ ဖွဲ့စည်းထားကြောင်းကို အသိပေးသွားမည်ဟု၎င်းက ဆိုသည်။
“မြန်မာ - ထိုင်း - လာအို သုံးနိုင်ငံထိစပ်နေတဲ့ ရွှတြေိဂံနယ်စပ်လိုမျိုးမှာ တစ်ဖက်ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပတ်ဝန်းကျင်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား အခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့ မြန်မာဘက် TBC အဖွဲ့တွေ၊ CNCMC ကော်မတီတွေရှိတော့ အဆင်ပြေတယ်။ ဒါပေမဲ့ လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသားများ အခက်အခဲများကို သိဖို့က ခက်ခဲပြီး ကူညီဖို့က ခက်ခဲနေတယ်။ ဒါကြောင့် လာနိုင်ငံရောက် မြန်မာနိုင်ငံသားများ အခက်အခဲကို ဖြေရှင်းပေးဖို့ ကော်မတီတစ်ရပ်ဖွဲ့စည်းသင့်တယ်။”ဟု တာချီလိတ်နေ ဦးခင်မောင်သိန်းက ပြောသည်။
တာချီလိတ်မြို့နှင့် နယ်နိမိတ်ထိစပ်နေသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ၏ အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ရန် မြန်မာ TBC အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပါဝင်သည့် CNCMC ကော်မတီကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး တာချီလိတ်မြို့၏ နယ်နိမိတ်ထိစပ်နေသည့် နိုင်ငံဖြစ်သည့် လာအိုနိုင်ငံရောက် မြန်မာလုပ်သားများအရေး အတွက် ကော်မတီဖွဲ့ရန်ပြင်ဆင်နခြေင်းဖြစ်သည်။
သတင်း။ ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~