ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်စခန်း(၉)ခုအား ဖယ်ရှားမည့်သတင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ ငြင်းဆို

ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်စခန်း(၉)ခုအား ဖယ်ရှားမည့်သတင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ ငြင်းဆို
ဇှနျ 8, 2016
By Tachileik News Agency

တာချီလိတ်၊ ဇွန်လ(၈)ရက်


ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် ဆန်ခပူရီမြို့နယ်အတွင်းရှိ နှစ်ပေါင်း(၃၀)ကျော်ကြာနေပြီဖြစ်သည့် ယာယီဒုက္ခသည် စခန်း(၉)ရှိ မြန်မာနိုင်ငံမှ ဒုက္ခသည်ဦးရေပေါင်းတစ်သောင်းကျော်အား ၂၀၁၇ ခုနှစ်အတွင်း နေရပ်ပြန်စေ၍ စခန်းအားလုံးပိတ်သိမ်းမည်ဖြစ်ပြီး နေရပ်ပြန်လည်လွှဲပြောင်းနိုင်ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)နှင့် နှစ်နိုင်ငံအစိုးရမှပေါ်လစီများရေးဆွဲ၍ ပြန်လည် လွှဲပြောင်းနိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ မီဒီယာများတွင် ဖေါ်ပြထားခြင်းဖြစ်သည်။


ထိုင်းနိုင်ငံတွင်းနေထိုင်သော ဒုက္ခသည်စခန်းမှ အများစုမှာ ကရင်လက်နက်ကိုင်တပ်များနှင့် မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ဒုက္ခသည်များဖြစ်ပြီး UNHCR က တတိယနိုင်ငံများသို့ ပို့ဆောင်ပေးခြင်း၊ ကူညီထောက်ပံ့မှုများပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ကိုဇက်
.................

တာချီလိတ်၊ ဇွန်လ(၈)ရက်
ထိုင်းနိုင်ငံတွင်း မြန်မာဒုက္ခသည်စခန်း(၉)ခုအား ဖယ်ရှားမည်ဟု ထိုင်းနိုင်ငံမီဒီယာများ ရေးသား နေသော်လည်း ယခုအချိန်အထိ ထိုင်းနိုင်ငံအာဏာပိုင်များမှ တရားဝင် အကြောင်းကြားလာခြင်း မရှိသေးကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ ပြောကြားလိုက်သည်။

"အခုအချိန်ထိတော့ တရားဝင်အကြောင်းကြားလာတာ မရှိသေးပါဘူး။ ကျွန်တော်တို့ Information ဘာမှကို မရသေးတာပါ။ တရားဝင်အကြောင်းကြားလာရင်တော့ သက်ဆိုင်ရာအဆင့်ဆင့်ကိုတင်ပို့ပြီး အကြောင်းကြားမှာပါ။ အခုချိန်ထိတော့ မဟုတ်သေးပါဘူး"ဟု ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမှ မြန်မာသံအရာရှိ ဦးအောင်ကိုသန့်က ပြောသည်။

ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် ဆန်ခပူရီမြို့နယ်အတွင်းရှိ နှစ်ပေါင်း(၃၀)ကျော်ကြာနပြေီဖြစ်သည့် ယာယီဒုက္ခသည် စခန်း(၉)ရှိ မြန်မာနိုင်ငံမှ ဒုက္ခသည်ဦးရေပေါင်းတစ်သောင်းကျော်အား ၂၀၁၇ ခုနှစ်အတွင်း နေရပ်ပြန်စေ၍ စခန်းအားလုံးပိတ်သိမ်းမည်ဖြစ်ပြီး နေရပ်ပြန်လည်လွှဲပြောင်းနိုင်ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)နှင့် နှစ်နိုင်ငံအစိုးရမှပေါ်လစီများရေးဆွဲ၍ ပြန်လည် လွှဲပြောင်းနိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ မီဒီယာများတွင် ဖော်ပြထားခြင်းဖြစ်သည်။

"ဒီဒုက္ခသည်စခန်းမှာ အများအားဖြင့် တတိယနိုင်ငံကို သွားဖို့လာစောင့်တဲ့သူတွေများလာတယ်။ အဲဒီမှာ မြန်မာနာမည်ခံပြီး တရုတ်၊ ကုလားတွေတောင်ရှိတယ်။ ကျွန်တော်လည်း နိုင်ငံခြားထွက်လို့ရတယ်ဆိုလို့ (၆)လလောက် သွားနေဖူးတယ်။ နာမည်စာရင်းတွေပေး၊ ဘာတွေပေးနဲ့ နောက်တော့ ပျင်းလာတာနဲ့ ပြန်လာတာ။ တကယ်စစ်ဘေးရှောင်လာတဲ့သူတွေက သိပ်မရှိတော့ပါဘူး"ဟု ချင်းမိုင်ခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင်ဖူးသူ ကိုဘာသဲက ပြောသည်။

ထိုင်းနိုင်ငံတွင်းနေထိုင်သော ဒုက္ခသည်စခန်းမှ အများစုမှာ ကရင်လက်နက်ကိုင်တပ်များနှင့် မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ဒုက္ခသည်များဖြစ်ပြီး UNHCR က တတိယနိုင်ငံများသို့ ပို့ဆောင်ပေးခြင်း၊ ကူညီထောက်ပံ့မှုများပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~