တာခ်ီလိတ္အနီး မယ္ဆိုင္ၿမိဳ႕၌ 3D လူကူးမ်ဥ္းက်ားမ်ား ျပဳလုပ္ထား

တာခ်ီလိတ္အနီး မယ္ဆိုင္ၿမိဳ႕၌ 3D လူကူးမ်ဥ္းက်ားမ်ား ျပဳလုပ္ထား
ဇွန် 10, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၁၀)
ထိုင္းႏိုင္ငံ ခ်င္း႐ိုင္းအေဝးေျပးလမ္းမဦးစီးဌာနႏွင့္ မယ္ဆိုင္ရဲတပ္ဖြဲ႕တို႔ပူးေပါင္းၿပီး တာခ်ီလိတ္ - မယ္ဆိုင္ အမွတ္(၁) ခ်စ္ၾကည္ေရးတံတားေရွ႕တြင္ ဇြန္လ(၇) ရက္ေန႔က စတင္ၿပီး 3D လူကူးမ်ဥ္းက်ားမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

အဆိုပါေနရာသည္ ကားၾကပ္ေလ့ရွိသျဖင့္ လာေရာက္လည္ပတ္သည့္ ႏိုင္ငံျခားသားမ်ား အပါအဝင္ ယာဥ္ေမာင္းသူမ်ား ပိုၿပီးထင္ထင္ရွားရွား သတိျပဳႏိုင္ရန္ 3D လူကူးမ်ဥ္က်ား ျပဳလုပ္ရျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ 3D လူကူးမ်ဥ္းက်ားအား ခ်င္း႐ိုင္းခ႐ိုင္တြင္ ပထမဆံုးျပဳလုပ္ျခင္းျဖစ္ၿပီး၊ တာဝန္ရွိသူမ်ားက တာခ်ီလိတ္ - မယ္ဆိုင္ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားေရွ႕ လမ္းမေပၚတြင္ ဆြဲေဆာင္မႈရိွေစရန္ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

"မယ္ဆိုင္ဘက္မွာ 3D လူကူးမ်ဥ္းက်ားလုပ္ေနတာ ေတြ႕ခဲ့တယ္။ တာခ်ီလိတ္ဘက္မွာလည္း အဲ့လိုေလးေတြ လုပ္ရင္ ေကာင္းမွာပဲ၊ အဓိက ကေတာ့ ေက်ာင္းေရွ႕ေတြေပါ့၊"ဟု ေဒသခံ ကိုစိုင္းတစ္က ေျပာသည္။

သတင္း။  ။ နန္းေမာက္ကြမ္
Photo: manager
...............

တာချီလိတ်၊ ဇွန်လ(၁၀)
ထိုင်းနိုင်ငံ ချင်းရိုင်းအဝေးပြေးလမ်းမဦးစီးဌာနနှင့် မယ်ဆိုင်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး တာချီလိတ် - မယ်ဆိုင် အမှတ်(၁) ချစ်ကြည်ရေးတံတားရှေ့တွင် ဇွန်လ(၇) ရက်နေ့က စတင်ပြီး 3D လူကူးမျဉ်းကျားများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါနေရာသည် ကားကြပ်လေ့ရှိသဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများ အပါအဝင် ယာဉ်မောင်းသူများ ပိုပြီးထင်ထင်ရှားရှား သတိပြုနိုင်ရန် 3D လူကူးမျဉ်ကျား ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

"မယ်ဆိုင်ဘက်မှာ 3D လူကူးမျဉ်းကျားလုပ်နေတာ တွေ့ခဲ့တယ်။ တာချီလိတ်ဘက်မှာလည်း အဲ့လိုလေးတွေ လုပ်ရင် ကောင်းမှာပဲ၊ အဓိက ကတော့ ကျောင်းရှေ့တွေပေါ့၊"ဟု ဒေသခံ ကိုစိုင်းတစ်က ပြောသည်။

သတင်း။ နန်းမောက်ကွမ်
Photo: manager

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~