၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ရာခိုင်နှုန်း ယမန်နှစ်ထက် ကျဆင်း

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ရာခိုင်နှုန်း ယမန်နှစ်ထက် ကျဆင်း
ဇှနျ 11, 2016
By Tachileik News Agency

တာချီလိတ်၊ ဇွန်လ(၁၁)





၂၀၁၆ ခုနှစ်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အောင်ချက်ရာခိုင်နှုန်းများမှာကချင်ပြည်နယ် (၂၉.၇၅) ရာခိုင်နှုန်း၊ ကယားပြည်နယ် (၂၅.၁၇)ရာခိုင်နှုန်း၊ ကရင်ပြည်နယ် (၂၇.၁၅) ရာခိုင်နှုန်း၊ ချင်းပြည်နယ် (၁၄.၃၆) ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီး (၃၃.၀၇) ရာခိုင်းနှုန်း၊ တနင်္သာရီတိုင်းဒေသကြီး (၂၉.၂၀) ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ (၂၉.၉၉)ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး အနောက် (၃၃.၀၀) ရာခိုင်နှုန်း၊ မွန်ပြည်နယ် (၃၉.၃၇) ရာခိုင်နှုန်း၊ မကွေးတိုင်းဒေသကြီး (၃၈.၆၂) ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီး (၃၅.၅၀)ရာခိုင်နှုန်း၊ နေပြည်တော် (၂၉.၈၆) ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ် (၂၁.၀၉)ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းဒေသကြီး (၃၃.၂၁) ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် တောင်ပိုင်း (၂၈.၆၁) ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း (၂၉.၃၆) ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း (၂၁.၂၅)ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီး (၁၇.၆၂)ရာခိုင်နှုန်း နှင့် နိုင်ငံခြားစာစစ်ဌာနတွင် (၉၂.၂၂) ရာခိုင်နှုန်းတို့ ဖြစ်ကြသည်။
......................

တာချီလိတ်၊ ဇွန်လ(၁၁)
၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းသည် ၂၀၁၅ ခုနှစ်က အောင်ချက် ရာခိုင်နှုန်းထက် (၇.၆၈) ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ (၃၇.၆၀) ရာခိုင်နှုန်းရှိပြီး ၂၀၁၆ ခုနှစ်တွင် (၂၉.၉၂) ရာခိုင်နှုန်းသို့ ကျဆင်းသွားကာ ဖြေဆိုသူစုစုပေါင်း (၆၃၆,၂၃၇)ဦးတွင် စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင်သူ (၄၇,ဝ၂၄) ဦးရှိကြောင်း သိရသည်။

ပညာသင်နှစ် နှစ်ခုလုံးတွင် အောင်ချက်ရာခိုင်နှုန်းအနည်းဆုံးမှာ ချင်းပြည်နယ်ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးမှ အောင်ချက်ရာခိုင်နှုန်းမှာ ၂၀၁၅ ခုနှစ်ထက် ထက်ဝက်ကျော် ကျဆင်းသွားသည်ကို တွေ့ရသည်။

အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးမှာ ပညာသင်နှစ် နှစ်ခုလုံးတွင် နိုင်ငံခြားစာစစ်ဌာနဖြစ်သည်ကို တွေ့ရသည်။

နိုင်ငံခြားစာစစ်ဌာန အပါအဝင် တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသားအရေအတွက်မှာ ၂၀၁၅ ခုနှစ်တွင် (၅၉၇,၉၄၆ )ဦးရှိပြီး ၂၀၁၆ ခုနှစ်တွင် (၃၈,၂၉၁)ဦး ပိုများလာကြောင်း သိရသည်။

၂၀၁၆ ခုနှစ်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အောင်ချက်ရာခိုင်နှုန်းများမှာကချင်ပြည်နယ် (၂၉.၇၅) ရာခိုင်နှုန်း၊ ကယားပြည်နယ် (၂၅.၁၇)ရာခိုင်နှုန်း၊ ကရင်ပြည်နယ် (၂၇.၁၅) ရာခိုင်နှုန်း၊ ချင်းပြည်နယ် (၁၄.၃၆) ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီး (၃၃.ဝ၇) ရာခိုင်းနှုန်း၊ တနင်္သာရီတိုင်းဒေသကြီး (၂၉.၂၀) ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ (၂၉.၉၉)ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး အနောက် (၃၃.ဝဝ) ရာခိုင်နှုန်း၊ မွန်ပြည်နယ် (၃၉.၃၇) ရာခိုင်နှုန်း၊ မကွေးတိုင်းဒေသကြီး (၃၈.၆၂) ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီး (၃၅.၅၀)ရာခိုင်နှုန်း၊ နပြေည်တော် (၂၉.၈၆) ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ် (၂၁.ဝ၉)ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းဒေသကြီး (၃၃.၂၁) ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် တောင်ပိုင်း (၂၈.၆၁) ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း (၂၉.၃၆) ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း (၂၁.၂၅)ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီး (၁၇.၆၂)ရာခိုင်နှုန်း နှင့် နိုင်ငံခြားစာစစ်ဌာနတွင် (၉၂.၂၂) ရာခိုင်နှုန်းတို့ ဖြစ်ကြသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~