ဝန်ထမ်းကုန်းဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန နေရာ အပြောင်းအလဲဖြစ်

ဝန်ထမ်းကုန်းဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန နေရာ အပြောင်းအလဲဖြစ်
မေ 23, 2016
By Tachileik News Agency

တာချီလိတ်၊ မေလ(၂၃)
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ၀မ်ကောင်းရပ်ကွက်၊ တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက် ၀န်ထမ်းကုန်ဆရာတော်ဘုရားကြီးသည် မေလ(၆)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်က ပျံလွန်တော်မူသွားပြီး ရုပ်ကလာပ်တော်အား အဆိုပါ ကျောင်းတိုက်၌ (၁)လတိတိ ပူဇော်ခံထားရှိပြီး ဇွန်လ(၅)ရက်နေ့တွင် ပုံလို့တောရကျောင်း အနီးရှိ နဂါးနှစ်ကောင်ဆရာတော် လှူဒါန်းထားသော ဈာပနကွင်းသို့ ပို့ဆောင်ကာ အန္တိမအဂ္ဂိဈာပနကို ကျင်းပသွားရန် သတ်မှတ်ထားသော်လည်း၊ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါနေရာတွင် မပြုလုပ်တော့ဘဲ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် စိမ်းလဲ့ကန်သာ စားသောက်ဆိုင်ရှေ့ဘက်ရှိ ပုန်းထွန်ချောင်းကမ်းစပ်တွင် ပြုလုပ်ရန်အတွက် အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး မြေနေရာနှင့် အခင်းအကျင်းများ ပြုလုပ်ရန် ယနေ့ မေလ(၂၃)ရက်နေ့တွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ဦးဆောင်ကာ အန္တိမအဂ္ဂိဈာပန ကော်မတီဝင်များမှ  ကွင်းဆင်းကြည့်ရှုပြီး ပြင်ဆင်ဆောင်ရွက်နေပြီုဖစ်ကြောင်း သိရသည်။


ဓာတ်ပုံ။  ။ အောင်ကျော်ဝင်းစိန်
.............

တာချီလိတ်၊ မေလ(၂၃)
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၊ တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက် ဝန်ထမ်းကုန်ဆရာတော်ဘုရားကြီးသည် မေလ(၆)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်က ပျံလွန်တော်မူသွားပြီး ရုပ်ကလာပ်တော်အား အဆိုပါ ကျောင်းတိုက်၌ (၁)လတိတိ ပူဇော်ခံထားရှိပြီး ဇွန်လ(၅)ရက်နေ့တွင် ပုံလို့တောရကျောင်း အနီးရှိ နဂါးနှစ်ကောင်ဆရာတော် လှူဒါန်းထားသော ဈာပနကွင်းသို့ ပို့ဆောင်ကာ အန္တိမအဂ္ဂိဈာပနကို ကျင်းပသွားရန် သတ်မှတ်ထားသော်လည်း၊ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါနေရာတွင် မပြုလုပ်တော့ဘဲ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် စိမ်းလဲ့ကန်သာ စားသောက်ဆိုင်ရှေ့ဘက်ရှိ ပုန်းထွန်ချောင်းကမ်းစပ်တွင် ပြုလုပ်ရန်အတွက် အစည်းအေဝးတစ်ရပ်ပြုလုပ်ပြီး မြေနေရာနှင့် အခင်းအကျင်းများ ပြုလုပ်ရန် ယနေ့ မေလ(၂၃)ရက်နေ့တွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် ဦးဆောင်ကာ အန္တိမအဂ္ဂိဈာပန ကော်မတီဝင်များမှ ကွင်းဆင်းကြည့်ရှုပြီး ပြင်ဆင်ဆောင်ရွက်နပြေီုဖစ်ကြောင်း သိရသည်။

တောင်တန်းသာသနာပြု(ဗဟို) ကျောင်းထိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရေဝတ (ဓမ္မာစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမဇောတိက အဂ္ဂမဟာပဏ္ဍိတ)သည် ပျံလွန်တော်မူသည့်အချိန်တွင် သက်တော်(၈၅)နှစ်ရှိပြီ ဖြစ်ပြီး၊ ဝါတော်မှာ (၆၅)ဝါရှိပြီ ဖြစ်ကြောင်း နှင့် ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ် ကလာပ်တော်အား ၂၀၁၆ခုနှစ် ဇွန်လ(၅)ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်တွင် ဖော်ပြပါနေရာရှိ ဈာပနကွင်းသို့ ပို့ဆောင်ကာ အန္တိမအဂ္ဂိဈာပနကို ကျင်းပသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ။ အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~