Update News
ကျိုင်းတုံမြို့ နမ့်စိုဓာတ်အားပေးစက်ရုံအား စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၏ စစ်ဆေးမှုခံယူရန် ဆောင်ရွက်နေ
ကျိုင်းတုံ၊ မေလ (၅) ရက်
အဆိုပါ စက်ရုံကို တရုတ်အင်ဂျင်နီယာများဖြင့် ကုမ္ပဏီဘက်မှ စစ်ဆေးပြီးပါက စစ်ဆေးထားရှိမှုများ၏ မှတ်တမ်းများ၊ အချက်အလက်များ၊ စက်ရုံတွင်အသုံးပြုထားသော ပစ္စည်းများ စသည်တို့ ကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနကို ပို့ ဆောင်ကာ အဆိုပါဌာနမှ တစ်ဖန် မြို့ပြ အင်ဂျင်နီယာပိုင်း ဆိုင်ရာ၊ စက်မှုအင်ဂျင်နီယာပိုင်းဆိုင်ရာနှင့် လျှပ်စစ်အင်ဂျင်နီယာပိုင်းဆိုင်ရာတို့ ကို စစ်ဆေးသွားမည်ဖြစ်ပြီး အဆိုပါအဖွဲ့ ၏ ထောက်ခံချက်ရရှိမှ လုပ်ငန်းလည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းအား အချိန်တစ်နှစ်ခွဲကြာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျိုင်းတုံစွမ်းအင်ကုမ္ပဏီအနေဖြင့် ကျိုင်းတုံမြို့ ကို လျှပ်စစ်ပေးဝေရေးလုပ်ငန်းကို ၂၀၁၄ခုနှစ် ဧပြီလတွင် အစိုးရထံမှ တရားဝင် လွှဲပြောင်းရယူခဲ့ပြီး လက်ရှိ လုပ်ငန်း လည်ပတ်နေသော ရေအားလျှပ်စစ်စက်ရုံ (၃)ခု၊ (၅၀၀) KV ဒီဇယ်မီးစက်ကြီး (၅)လုံးနှင့် (၁၀၀၀)KV ဒီဇယ်မီးစက်ကြီး(၁)လုံး တို့ ဖြင့်ဓာတ်အားပေးဝေလျှက်ရှိကြောင်း  သိရသည်။
ရေအားလျှပ်စစ်အနေဖြင့် ယခုလက်ရှိတွင် ရေအား မလုံလောက်သည့်အတွက် မီးပေးဝေရာတွင် အခက်အခဲရှိနေသည့် အတွက် မီးစက်များဖြင့်လည်း ပေးနေရကြောင်း သိရသည်။
သတင်း။  ။ ဇွဲမြတ်
..............
ကျိုင်းတုံ၊ မေလ (၅) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ တည်ဆောက် ပြီးစီးပြီဖြစ်သည့် နမ့်စိုဓာတ်အားပေး စက်ရုံအား တရားဝင် လုပ်ငန်းစတင်လည်ပတ်နိုင်ရန်အတွက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ စစ်ဆေးမှုကိုခံယူနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ သိရသည်။
"စက်ရုံကိုတော့ ပြီးခဲ့တဲ့ ဧပြီလကပဲ တည်ဆောက်ပြီးစီးပြီဖြစ်တဲ့ အတွက် လုပ်ငန်းစတင်လည်ပတ်နိုင်ဖို့ စစ်ဆေးရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ရပါမယ်။ ဒီလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ဒီစက်ရုံက စက်တွေကို လာပြီး တပ်ဆင်ပေးခဲ့တဲ့ တရုတ်အင်ဂျင်နီယာတွေနဲ့ ကျွန်တော်တို့ (၄)ရက်နေ့နဲ့ (၅)ရက်နေ့တွေမှာ လျှပ်စစ်ပိုင်းဆိုင်ရာ၊ စက်မှုပို်င်းဆိုင်ရာတွေကို ပြန်ပြီးတော့ စစ်ဆေးရေးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သူတို့နဲ့စစ်ဆေးပြီးလို့ လိုအပ်တဲ့အရာတွေ ပြင်ဆင်ပြီးပြီဆိုရင် တရားဝင် လုပ်ငန်းလည်ပတ်နိုင်ဖို့အတွက်ကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက နပြေီးတော့ လာပြီးစစ်ဆေးမှာပါ။ သူတို့စစ်ဆေးပြီးသွားလို့ လိုအပ်ချက်တွေမရှိဘူးဆိုမှ တရားဝင်စာထုတ်ပေးပြီးတော့ လုပ်ငန်းစတင်လည်ပတ်နိုင်မှာပါ"ဟု ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးမြင့်နိုင်က ပြောသည်။
အဆိုပါ စက်ရုံကို တရုတ်အင်ဂျင်နီယာများဖြင့် ကုမ္ပဏီဘက်မှ စစ်ဆေးပြီးပါက စစ်ဆေးထားရှိမှုများ၏ မှတ်တမ်းများ၊ အချက်အလက်များ၊ စက်ရုံတွင်အသုံးပြုထားသော ပစ္စည်းများ စသည်တို့ကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနကို ပို့ဆောင်ကာ အဆိုပါဌာနမှ တစ်ဖန် မြို့ပြ အင်ဂျင်နီယာပိုင်း ဆို်င်ရာ၊ စက်မှုအင်ဂျင်နီယာပိုင်းဆိုင်ရာနှင့် လျှပ်စစ်အင်ဂျင်နီယာပိုင်းဆိုင်ရာတို့ကို စစ်ဆေးသွားမည်ဖြစ်ပြီး အဆိုပါအဖွဲ့၏ ထောက်ခံချက်ရရှိမှ လုပ်ငန်းလည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
"ဒီစက်ရုံပြီးသွားပြီဆိုရင်တော့ ထွက်ရှိတဲ့ လျှပ်စစ်ပမာဏနဲ့ တခြားရေအားလျှပ်စစ်ကထွက်တဲ့ ရေအားတွေကို ပေါင်းလိုက်မယ်ဆိုရင်တော့ တစ်မြို့လုံး (၂၄)နာရီမီးရရှိမှာပါ။ ဒါပေမဲ့ အခုလို်မျိုး မမျှော်လင့်တဲ့ ရာသီဥတု အခြေအနေတွေ ကြုံတွေ့လာမယ်ဆိုရင်တော့ (၂၄)နာရီထက် နည်းနည်း လျော့မှာပေါ့။ အဲဒီလို် ဖြစ်လာပြီဆိုရင်တော့ ဒီဇယ်စက်တွေနဲ့ ကူရမှာပေါ့။ တကယ်လို့ ရေအရင်းအမြစ်တွေကလည်း သဘာဝအတိုင်းပဲ မှန်တယ် ပြဿနာမရှိဘူးဆိုရင်တော့ အဆင်ပြေတာပေါ့"ဟု၎င်းက ဆက်ပြောသည်။
အဆိုပါ စီမံကိန်းအား အချိန်တစ်နှစ်ခွဲကြာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျိုင်းတုံစွမ်းအင်ကုမ္ပဏီအနဖြေင့် ကျိုင်းတုံမြို့ကို လျှပ်စစ်ပေးေဝရေးလုပ်ငန်းကို ၂၀၁၄ခုနှစ် ဧပြီလတွင် အစိုးရထံမှ တရားဝင် လွှဲပြောင်းရယူခဲ့ပြီး လက်ရှိ လုပ်ငန်း လည်ပတ်နေသော ရေအားလျှပ်စစ်စက်ရုံ (၃)ခု၊ (၅၀၀) KV ဒီဇယ်မီးစက်ကြီး (၅)လုံးနှင့် (၁၀၀၀)KV ဒီဇယ်မီးစက်ကြီး(၁)လုံး တို့ဖြင့်ဓာတ်အားပေးေဝလျှက်ရှိကြောင်း သိရသည်။
ရေအားလျှပ်စစ်အနဖြေင့် ယခုလက်ရှိတွင် ရေအား မလုံလောက်သည့်အတွက် မီးပေးေဝရာတွင် အခက်အခဲရှိနေသည့် အတွက် မီးစက်များဖြင့်လည်း ပေးနေရကြောင်း သိရသည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
« PREV
NEXT »