မိုင်းဖြတ်၌ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

မိုင်းဖြတ်၌ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ
မေ 16, 2016
By Tachileik News Agency

မိုင်းဖြတ်၊ မေလ(၁၆)ရက်

သတင်းအရ ဦးကျဝနေအိမ်အား မိုင်းဖြတ်ရဲတပ်ဖွဲ့စခန်းမှ ဒုစခန်းမှူး ရဲအုပ်ကိုကိုအောင်အပါအ၀င် နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ၀င်ရောက်ဖမ်းဆီးစဉ် အိမ်ပိုင်ရှင် ဦးကျဝအား တွေ့ရှိခြင်းမရှိဘဲ ဖိုးဝေ့အား တွေ့ရှိပြီး ၎င်း၏ အင်္ကျီဝဲဘက်အိတ်ကပ်အတွင်းမှ Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၁၀)ပြား(ကာလတန်ဖိုး (၂၂၀၀၀၀)ကျပ်)အားတွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသော ဖိုးဝေ့အား စစ်ဆေးရာ ၎င်းသည် တာလေမြို့ ကျတားရွာနေ ကျစောထံမှ စိတ်ကြွဆေးပြား(၂၀၀)ပြားလျှင် ဘတ်(၂၀၀၀)ဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် ကျစောအား ဖမ်းဆီးမိပြီး ၎င်းတို့နှင့် ဆက်စပ်သည့် ကွင်းဆက်တရားခံအားဖမ်းဆီးနိုင်ရေး ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် လက်ဝယ်တွေ့ရှိသူ ဖိုးဝေ့နှင့် ကွင်းဆက်တရားခံ ကျစောတို့အား မိုင်းဖြတ်မြို့မရဲစခန်း မယ(ပ)၅/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း။  ။ ကိုသာ
......................
မိုင်းဖြတ်၊ မေလ(၁၆)ရက်
မူးယစ်ဆေးဝါးသုံးစွဲနေကြောင်း သတင်းရရှိသဖြင့် မေလ(၁၄)ရက်နေ့ နံနက်ပိုင်းက မိုင်းဖြတ်မြို့နယ် တောညုကျေးရွာအတွင်း ဦးကျဝနေအိမ်အား ဝင်ရောက်ရှာဖွေဖမ်းဆီးရာ စိတ်ကြွဆေးပြား အလုံးရေ(၁၁၀)ကျော်နှင့် မူးယစ်ဆေးသုံးစွဲသူအား ဖမ်းဆီးရမိခဲ့ကြောင်း မိုင်းဖြတ်မြို့မရဲစခန်းမှ သိရသည်။ 
သတင်းအရ ဦးကျဝနေအိမ်အား မိုင်းဖြတ်ရဲတပ်ဖွဲ့စခန်းမှ ဒုစခန်းမှူး ရဲအုပ်ကိုကိုအောင်အပါအဝင် နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ဝင်ရောက်ဖမ်းဆီးစဉ် အိမ်ပိုင်ရှင် ဦးကျဝအား တွေ့ရှိခြင်းမရှိဘဲ ဖိုးေဝ့အား တွေ့ရှိပြီး၎င်း၏ အင်္ကျီဝဲဘက်အိတ်ကပ်အတွင်းမှ Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၁၁၀)ပြား(ကာလတန်ဖိုး (၂၂၀၀၀၀)ကျပ်)အားတွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသော ဖိုးေဝ့အား စစ်ဆေးရာ၎င်းသည် တာလမြေို့ ကျတားရွာနေ ကျစောထံမှ စိတ်ကြွဆေးပြား(၂၀၀)ပြားလျှင် ဘတ်(၂၀၀၀)ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် ကျစောအား ဖမ်းဆီးမိပြီး၎င်းတို့နှင့် ဆက်စပ်သည့် ကွင်းဆက်တရားခံအားဖမ်းဆီးနိုင်ရေး ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။ 
မူးယစ်ဆေးဝါးများနှင့် လက်ဝယ်တွေ့ရှိသူ ဖိုးေဝ့နှင့် ကွင်းဆက်တရားခံ ကျစောတို့အား မိုင်းဖြတ်မြို့မရဲစခန်း မယ(ပ)၅/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း။ ကိုသာ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~