လက်ပံတောင်းအရေး အစိုးရဖြေရှင်းပေးရန် ကျောင်းသားနှစ်ဦး ရန်ကုန်မှ လက်ပံတောင်းသို့ လမ်းလျှောက်

လက်ပံတောင်းအရေး အစိုးရဖြေရှင်းပေးရန် ကျောင်းသားနှစ်ဦး ရန်ကုန်မှ လက်ပံတောင်းသို့ လမ်းလျှောက်
မေ 21, 2016
By Tachileik News Agency

ဝမ်းတွင်း၊ မေလ(၂၁)


သတင်း။  ။ ကိုလင်း(၀မ်းတွင်း)
..................

ဝမ်းတွင်း၊ မေလ(၂၁)
လက်ပံတောင်းအရေးကိစ္စတွင် တောင်သူများဘက်မှ အစိုးရက ကူညီပေးရန် ရန်ကုန်မှ လက်ပံတောင်းသို့ လမ်းလျှောက်နေသည့် ကျောင်းသားနှစ်ဦး မေလ (၂၀) ရက်က ဝမ်းတွင်းမြို့သို့ ရောက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုနိုင်လင်းစိုး(ခ)ကိုစနေနှင့် ကိုကျော်ဇင်တို့က ရန်ကုန်မြို့မှ မေလ (၁၂) ရက်တွင် စတင်ထွက်ခွာလာခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့သို့ မေလ (၂၀)ရက်နေ့တွင် ရောက်ရှိလာရာ ညအိပ်ရပ်နားပြီး မေလ (၂၁) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းမြို့သို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။

သတင်း။ ကိုလင်း(ဝမ်းတွင်း)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~