လေပြင်းတိုက်၍ ပျက်စီးသွားသည့် လျှပ်စစ်ဓါတ်တိုင်အား ပြင်ရာမှ ဓါတ်လိုက်ကာ ဆေးကုသရ
လေပြင်းတိုက်၍ ပျက်စီးသွားသည့် လျှပ်စစ်ဓါတ်တိုင်အား ပြင်ရာမှ ဓါတ်လိုက်ကာ ဆေးကုသရ
မေ 6, 2016
By Tachileik News Agency
ဝမ်းတွင်း၊ ‪‎မေလ‬ (၆) ရက်
မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော လျှပ်စစ်ဓာတ်တိုင်များနှင့် ထရန်စဖော်မာတို့အား လိုက်လံစစ်ဆေးပြုပြင်နေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦးသည် ပြီးခဲ့သည့် မေလ(၃)ရက်နေ့က ဓာတ်လိုက်ကာအပြင်းအထန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့တွင် မေလ(၁)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များကျိုးကျကာ ဓာတ်တိုင်များပြိုလဲမှုကြောင့် လျှပ်စစ်ဓာတ်အားများပြတ်တောက်ခဲ့ကြောင်း နှင့် ယခုလက်ရှိ တာဝန်ယူ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသော Dragon Emperor service Co.ltd ကုမ္ပဏီမှ ဓာတ်အားလိုင်းများအား လိုက်လံပြုပြင်ပေးလျှက်ရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ။ ‪#‎ကိုလင်း‬(၀မ်းတွင်း)
..........
ဝမ်းတွင်း၊ ‪‎မေလ‬ (၆) ရက်
မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း လပြေင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော လျှပ်စစ်ဓာတ်တိုင်များနှင့် ထရန်စဖော်မာတို့အား လိုက်လံစစ်ဆေးပြုပြင်နေသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦးသည် ပြီးခဲ့သည့် မေလ(၃)ရက်နေ့က ဓာတ်လိုက်ကာအပြင်းအထန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
"ထရန်စဖော်မာတွေ လိုက်စစ်နေတဲ့အချိန် ဓာတ်လိုက်တာ အတော်ပြင်းတယ်ဗျ။ ညာဘက်လက်တစ်ခုလုံး ညိုမဲပြီး ဦးခေါင်း ပေါက်ပြဲသွားတယ်။ သတိတော့ ရနေတယ်။ အခုမန္တလေးဆေးရုံကို ပြောင်းရွှေ့ကုသနေပါတယ်"ဟု ဝမ်းတွင်းမြို့၊ မကျီးစုရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုဌေးကိုက ပြောသည်။
ဓာတ်လိုက်ခံရသော လျှပ်စစ်ဝန်ထမ်းမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း Dragon Emperor service Co.ltd မှ နေ့စားဝန်ထမ်းတစ်ဦးဖြစ်ပြီး ထိုကုမ္ပဏီမှ ဝမ်းတွင်းမြို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင် မေလ(၁)ရက်နေ့၌ လပြေင်းတိုက်ခတ်မှုကြောင့် သစ်ပင်များကျိုးကျကာ ဓာတ်တိုင်များပြိုလဲမှုကြောင့် လျှပ်စစ်ဓာတ်အားများပြတ်တောက်ခဲ့ကြောင်း နှင့် ယခုလက်ရှိ တာဝန်ယူ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသော Dragon Emperor service Co.ltd ကုမ္ပဏီမှ ဓာတ်အားလိုင်းများအား လိုက်လံပြုပြင်ပေးလျှက်ရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ။ ‪#‎ကိုလင်း‬(ဝမ်းတွင်း)
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~