တာခ်ီလိတ္ၿမိဳ႕တြင္ ေရခန္းေျခာက္မႈေၾကာင့္ ေရသန္႔စက္ရံုမ်ား အခက္ေတြ႕

တာခ်ီလိတ္ၿမိဳ႕တြင္ ေရခန္းေျခာက္မႈေၾကာင့္ ေရသန္႔စက္ရံုမ်ား အခက္ေတြ႕
မေ 4, 2016
By Tachileik News Agency
 

တာခ်ီလိတ္၊ ေမလ (၄) ရက္
႐ွမ္းျပည္နယ္(အေ႐ွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ မတ္လ ႏွင့္ ဧၿပီလအတြင္း ေရခန္းေျခာက္လာမႈေၾကာင့္ ေရသန္႔စက္႐ုံမ်ားအေနျဖင့္ ထုတ္လုပ္ေရးအတြက္ ကုန္ၾကမ္းအခက္အခဲျဖင့္ႀကံဳေတြ႕ေနရေၾကာင္း ေရသန္႔လုပ္ငန္းမ်ားမွ သိရသည္။

"တခ်ိဳ ့ေရသန္႔စက္႐ုံေတြက တြင္းေရအထြက္ႏႈန္းေလ်ာ့နည္းလာေတာ့ ေရထုတ္လုပ္ဖို႔ အခက္အခဲ ႀကဳံေတြ႔ေနရတယ္။ ေနာက္အိမ္တိုင္းမွာ ေရ႐ွားပါးမႈျပႆနာ ႀကဳံေတြ႔ေနရေတာ့ ေရသန္႔ဘူးေတြ ဝယ္ၿပီး အသုံးျပဳသူမ်ားလာတယ္။ ဒါေပမဲ့ စက္႐ုံေတြအေနနဲ႔  ဝယ္သူမ်ားလာေပမယ့္ ခါတိုင္းထက္ ပိုထုတ္လို႔ မရဘူး။"ဟု ေတာ္ဝင္ေရသန္႔ စက္႐ုံမွ မစႏၵာ ကေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ရိွ ေရသန္႔စက္ရံုတစ္ခုအေနျဖင့္ တစ္ေန႔လွ်င္ (၂၀)လီတာ ေရသန္႔ဘူးႀကီး (၃၀၀) ကိုသာ ထုတ္လုပ္ႏုိင္ၿပီး လက္ရိွတြင္ ေန႔စဥ္ထုတ္လုပ္မႈထက္ ဝယ္လိုအားမွာ မ်ားေနေၾကာင္း သိရသည္။

"ရာသီဥတုကလည္း အရင္ႏွစ္ေတြထက္ပူတယ္။ ေနာက္ၿပီး အရင္ႏွစ္ေတြထက္ ေရတြင္းေတြ ပိုခန္းသြားတယ္။ ခုဆို ေရခ်ိဳးဖို႔မေျပာနဲ႔ မ်က္ႏွာသစ္ဖို႔ေတာင္ ေရမေလာက္ဘူး။ မေနႏိုင္လို႔ ေရခ်ိဳးခ်င္တဲ့အခါဆို ေရသန္႔ ဘူးႀကီးေတြဝယ္ၿပီးပဲ ခ်ိဳးလိုက္တယ္။"ဟု ေဒသခံ ကိုမ်ိဳးေအာင္က ေျပာသည္။

ယခုႏွစ္ အယ္လ္နီညိဳရာသီဥတုေၾကာင့္ တြင္းေရမ်ား ေရခန္းေျခာက္လာသျဖင့္ ေရတြင္းမ်ားကိုလည္း ျပန္လည္ဆယ္ယူမႈမ်ား ျပဳလုပ္ေနရေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ေရသန္႔လုပ္ငန္း (၄၀)ေက်ာ္႐ွိသည့္အနက္ အခ်ိဳ႕စက္ရံုမ်ားမွာ ေရတြင္းမ်ား ခန္းေျခာက္လာမႈေၾကာင့္ ထုတ္လုပ္မႈေလွ်ာ့ခ်လာရေၾကာင္း သိရသည္။

သတင္း ။  ။ ေဇာင္းညီ
..................

တာချီလိတ်၊ မေလ (၄) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မတ်လ နှင့် ဧပြီလအတွင်း ရေခန်းခြောက်လာမှုကြောင့် ရေသန့်စက်ရုံများအနဖြေင့် ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းအခက်အခဲဖြင့်ကြုံတွေ့နေရကြောင်း ရေသန့်လုပ်ငန်းများမှ သိရသည်။

"တချို့ရေသန့်စက်ရုံတွေက တွင်းရေအထွက်နှုန်းလျော့နည်းလာတော့ ရေထုတ်လုပ်ဖို့ အခက်အခဲ ကြုံတွေ့နေရတယ်။ နောက်အိမ်တိုင်းမှာ ရေရှားပါးမှုပြဿနာ ကြုံတွေ့နေရတော့ ရေသန့်ဘူးတွေ ဝယ်ပြီး အသုံးပြုသူများလာတယ်။ ဒါပေမဲ့ စက်ရုံတွေအနေနဲ့ ဝယ်သူများလာပေမယ့် ခါတိုင်းထက် ပိုထုတ်လို့ မရဘူး။"ဟု တော်ဝင်ရေသန့် စက်ရုံမှ မစန္ဒါ ကပြောသည်။

တာချီလိတ်မြို့ရှိ ရေသန့်စက်ရုံတစ်ခုအနဖြေင့် တစ်နေ့လျှင် (၂၀)လီတာ ရေသန့်ဘူးကြီး (၃၀၀) ကိုသာ ထုတ်လုပ်နိုင်ပြီး လက်ရှိတွင် နေ့စဉ်ထုတ်လုပ်မှုထက် ဝယ်လိုအားမှာ များနေကြောင်း သိရသည်။

"ရာသီဥတုကလည်း အရင်နှစ်တွေထက်ပူတယ်။ နောက်ပြီး အရင်နှစ်တွေထက် ရေတွင်းတွေ ပိုခန်းသွားတယ်။ ခုဆို ရေချိုးဖို့မပြောနဲ့ မျက်နှာသစ်ဖို့တောင် ရေမလောက်ဘူး။ မနေနိုင်လို့ ရေချိုးချင်တဲ့အခါဆို ရေသန့် ဘူးကြီးတွေဝယ်ပြီးပဲ ချိုးလိုက်တယ်။"ဟု ဒေသခံ ကိုမျိုးအောင်က ပြောသည်။

ယခုနှစ် အယ်လ်နီညိုရာသီဥတုကြောင့် တွင်းရေများ ရေခန်းခြောက်လာသဖြင့် ရေတွင်းများကိုလည်း ပြန်လည်ဆယ်ယူမှုများ ပြုလုပ်နေရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ရေသန့်လုပ်ငန်း (၄၀)ကျော်ရှိသည့်အနက် အချို့စက်ရုံများမှာ ရေတွင်းများ ခန်းခြောက်လာမှုကြောင့် ထုတ်လုပ်မှုလျှော့ချလာရကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~