အခြန္ဥပေဒႏွင့္ပတ္သက္၍ ေက်ာင္းမ်ားတြင္ အသိပညာ ေပးရန္လိုေၾကာင္း အခြန္ဦးစီးဌာနမွဴး အႀကံျပဳ

အခြန္ဥပေဒႏွင့္ပတ္သက္၍ ေက်ာင္းမ်ားတြင္ အသိပညာ ေပးရန္လိုေၾကာင္း အခြန္ဦးစီးဌာနမွဴး အႀကံျပဳ
မေ 6, 2016
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕နယ္ အခြန္ဦးစီးဌာနမွဴး ဦးတိုးလွိဳင္
တာခ်ီလိိတ္၊ ေမ (၆) ရက္
အခြန္ဥပေဒႏွင့္ပတ္သက္ၿပီး ျပည္သူလူထုအသိပညာေပးအေနျဖင့္ ေက်ာင္းပညာအလယ္တန္းအဆင့္ မ်ားတြင္ အခြန္ရက္သတၱပတ္သတ္မွတ္ၿပီး လုပ္ေဆာင္သင့္ေၾကာင္း တာခ်ီလိတ္ၿမိဳ ့နယ္ အခြန္ဦးစီးဌာနမွဴးက အႀကံျပဳေျပာၾကားလိုက္သည္။
“အခြန္ပညာကို ေက်ာင္းစာျပဌာန္းခ်က္ေတြမွာ သင္ၾကားပို႔ခ်ေပးဖို႔လိုပါတယ္။ ေနာက္ၿပီး အခြန္ပညာေပး ေဟာေျပာပြဲေတြကိုလည္း လုပ္သင့္ပါတယ္။ ေက်ာင္းေတြမွာ အခြန္ရက္သတၱပတ္သတ္မွတ္ၿပီး ႏွစ္စဥ္ႏွစ္စဥ္ ေက်ာင္းသားေတြကို ေဟာေျပာပြဲေတြ ၊ စာစီစာကုံးၿပိဳင္ပြဲေတြျပဳလုပ္ၿပီး ဆုခ်ီးျမွင့္ေပးျခင္းမ်ိဳးေတြလုပ္သင့္ပါတယ္။”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အခြန္ဦးစီးဌာနမွဴး ဦးတိုးလွိဳင္ က ေအာင္ျမတ္ခန္းမ၌ အခြန္ထမ္းလုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆံုစဥ္က ေျပာလိုက္ျခင္း ျဖစ္သည္။
ေဒသခံမ်ားအား အခြန္ဆိုင္ရာရွင္းလင္းပြဲကုိ ယခင္က က်ယ္က်ယ္ျပန္႔ျပန္႔မလုပ္ခဲ့သျဖင့္ အခြန္ဥပေဒႏွင့္ ပတ္သက္၍ ျပည္သူမ်ား သိရိွသူ နည္းပါးေနျခင္းျဖစ္သည္ဟု ၎က ဆိုသည္။
“ရွမ္းျပည္နယ္ဆိုတာ တိုင္းရင္းသားေပါင္းစုံေနထိုင္ၾကၿပီး ဘာသာစကားေပါင္းစုံရွိတယ္။ တခ်ိဳ႕ ေက်းရြာေတြမွာဆို အခုမွ ဖြံ႕ၿဖိဳးလာၿပီး ဖုန္းသုံးလာေတာ့ အသိပညာအနည္းငယ္ရွိလာတာပဲရွိတယ္။ တစ္ခ်ိန္တုန္းက ဘာမွသိခဲ့တာမွ မဟုတ္တာ။ အဲဒါေၾကာင့္ ဘယ္ဥပေဒပဲျဖစ္ျဖစ္ ေဒသခံေတြ မသိၾကတာ ပိုမ်ားတယ္။ ဒါေတာင္မွ ကၽြန္ေတာ္တို႔ဆီမွာ ေရႊ႕ေျပာင္းလုပ္သားေတြပိုမ်ားလာလို႔ ဒီေလာက္အသိဥာဏ္ ပြင့္လင္းလာတာလို႔ ကၽြန္ေတာ့္အေနနဲ႔ ဆိုခ်င္ပါတယ္။”ဟု ရွမ္းျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။
ျပည္ေထာင္စု အေကာက္ခြန္ဥပေဒႏွင့္ ပတ္သက္၍ ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီလ(၂၅)ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒအမွတ္စဥ္(၂၂)ျဖင့္ စတင္ျပဌာန္းခဲ့ျခင္းျဖစ္ၿပီး၊ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္၏ ဧၿပီ(၁)ရက္ေန႔တြင္ စတင္အက်ိဳးသက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
အခြန္ဥပေဒသစ္ႏွင့္ပတ္သက္၍ ၿမိဳ႕နယ္အခြန္ဦးစီးဌာနမွ ဧၿပီလ (၂၉)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕၌ အခြန္ဥပေဒဆိုင္ရာရွင္းလင္းပြဲလုပ္ေဆာင္ရာ ဌာနဆိုင္ရာမ်ား၊ ေဒသတြင္းစီးပြားေရးလုပ္ငန္းရွင္မ်ား၊ ႏိုင္ငံေရးပါတီမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
သတင္း။ ။ ‪#‎ေဇာင္းညီ‬
....................
တာချီလိတ်၊ မေ (၆) ရက်
အခွန်ဥပဒေနှင့်ပတ်သက်ပြီး ပြည်သူလူထုအသိပညာပေးအနဖြေင့် ကျောင်းပညာအလယ်တန်းအဆင့် များတွင် အခွန်ရက်သတ္တပတ်သတ်မှတ်ပြီး လုပ်ဆောင်သင့်ကြောင်း တာချီလိတ်မြို့နယ် အခွန်ဦးစီးဌာနမှူးက အကြံပြုပြောကြားလိုက်သည်။
“အခွန်ပညာကို ကျောင်းစာပြဌာန်းချက်တွေမှာ သင်ကြားပို့ချပေးဖို့လိုပါတယ်။ နောက်ပြီး အခွန်ပညာပေး ဟောပြောပွဲတွေကိုလည်း လုပ်သင့်ပါတယ်။ ကျောင်းတွေမှာ အခွန်ရက်သတ္တပတ်သတ်မှတ်ပြီး နှစ်စဉ်နှစ်စဉ် ကျောင်းသားတွေကို ဟောပြောပွဲတွေ၊ စာစီစာကုံးပြိုင်ပွဲတွပြေုလုပ်ပြီး ဆုချီးမြှင့်ပေးခြင်းမျိုးတွေလုပ်သင့်ပါတယ်။”ဟု တာချီလိတ်မြို့နယ် အခွန်ဦးစီးဌာနမှူး ဦးတိုးလှိုင် က အောင်မြတ်ခန်းမ၌ အခွန်ထမ်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်က ပြောလိုက်ခြင်း ဖြစ်သည်။
ဒေသခံများအား အခွန်ဆိုင်ရာရှင်းလင်းပွဲကို ယခင်က ကျယ်ကျယ်ပြန့်ပြန့်မလုပ်ခဲ့သဖြင့် အခွန်ဥပဒေနှင့် ပတ်သက်၍ ပြည်သူများ သိရှိသူ နည်းပါးနခြေင်းဖြစ်သည်ဟု၎င်းက ဆိုသည်။
“ရှမ်းပြည်နယ်ဆိုတာ တိုင်းရင်းသားပေါင်းစုံနေထိုင်ကြပြီး ဘာသာစကားပေါင်းစုံရှိတယ်။ တချို့ ကျေးရွာတွေမှာဆို အခုမှ ဖွံ့ဖြိုးလာပြီး ဖုန်းသုံးလာတော့ အသိပညာအနည်းငယ်ရှိလာတာပဲရှိတယ်။ တစ်ချိန်တုန်းက ဘာမှသိခဲ့တာမှ မဟုတ်တာ။ အဲဒါကြောင့် ဘယ်ဥပဒေပဲဖြစ်ဖြစ် ဒေသခံတွေ မသိကြတာ ပိုများတယ်။ ဒါတောင်မှ ကျွန်တော်တို့ဆီမှာ ရွှေ့ပြောင်းလုပ်သားတွေပိုများလာလို့ ဒီလောက်အသိဉာဏ် ပွင့်လင်းလာတာလို့ ကျွန်တော့်အနေနဲ့ ဆိုချင်ပါတယ်။”ဟု ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
ပြည်ထောင်စု အကောက်ခွန်ဥပဒေနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်စဉ်(၂၂)ဖြင့် စတင်ပြဌာန်းခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ ဧပြီ(၁)ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အခွန်ဥပဒေသစ်နှင့်ပတ်သက်၍ မြို့နယ်အခွန်ဦးစီးဌာနမှ ဧပြီလ (၂၉)ရက်နေ့က တာချီလိတ်မြို့၌ အခွန်ဥပဒေဆိုင်ရာရှင်းလင်းပွဲလုပ်ဆောင်ရာ ဌာနဆိုင်ရာများ၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း။ ‪#‎ဇောင်းညီ‬
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~