■ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ အလုပ္သမားေန႔ အခမ္းအနားသို႔ သဝဏ္လႊာေပးပို႔ ■

■ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ အလုပ္သမားေန႔ အခမ္းအနားသို႔ သဝဏ္လႊာေပးပို႔ ■
မေ 1, 2016
By Tachileik News Agency

ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ထံမွ ၂ဝ၁၆ ခုႏွစ္၊ ေမလ ၁ ရက္ေန့တြင္ က်ေရာက္သည္႕ အလုပ္သမားေန႔ အခမ္းအနား သို႔ ေပးပို႔ေသာ သဝဏ္လႊာ

ခ်စ္ၾကည္ေလးစားရပါတဲ့ အလုပ္သမားႀကီးမ်ားခင္ဗ်ား -

ဒီေန႔အခါသမယဟာ ကမၻာတစ္ဝန္းရွိ အလုပ္သမားႀကီးမ်ားကို အေလးအနက္ ဂုဏ္ျပဳ သတ္မွတ္ထားရွိတဲ့ အျပည္ျပည္ဆုိင္ရာ အလုပ္သမားေန႔ျဖစ္ပါတယ္။ အခုလို ရက္ျမတ္ မဂၤလာအခ်ိန္အခါမွာ ျမန္မာႏုိင္ငံတစ္ဝန္းလံုးရိွ အလုပ္သမားႀကီးမ်ားအားလံုး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာ၊ ခ်မ္းသာၾကပါေစေၾကာင္း ဆုေတာင္းေမတၱာ ပို႔သရင္း နဲ႔ ႏႈတ္ခြန္းဆက္သ အပ္ပါတယ္။

၁၈ ရာစုအတြင္းမွာ အလုပ္ရွင္မ်ားက တစ္ေန႔မွာ နာရီ ၂ဝ နီးပါး အလုပ္သမားမ်ားကို ခိုင္းေစခဲ့ၾကပါတယ္။ ဒီလိုခုိင္းေစျခင္းကို အလုပ္သမားမ်ားက မေက်နပ္ၾကတဲ့အတြက္ ၁၈၈၆ ခုႏွစ္မွာ အေမရိကန္ႏုိင္ငံ ခ်ီကာဂုိၿမိဳ႕ရွိ အလုပ္သမားထုက ဆႏၵျပေတာင္းဆုိ ခဲ့ၾကတဲ့အတြက္ တစ္ေန႔အလုပ္ခ်ိန္ ရွစ္နာရီသို႔ ေလွ်ာ့ခ်သတ္မွတ္ေပးခဲ့ရ ပါတယ္။ အဲဒီလို အလုပ္သမားမ်ားရဲ႕ႀကိဳးပမ္းမႈကို ဂုဏ္ျပဳေသာအားျဖင့္ ကမၻာ့အလုပ္သမားေန႔ ဟု ေပၚေပါက္ လာ ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ႏွစ္စဥ္ ေမလ ၁ ရက္ေန႔ကို ကမၻာ့အလုပ္သမားေန႔အျဖစ္ သတ္မွတ္ၿပီး ကမၻာ့ႏုိင္ငံ အသီးသီးမွာ အလုပ္ သမားေန႔အခမ္းအနားမ်ားကို က်င္းပခဲ့တာ ႏွစ္ေပါင္း ၁၂ဝ ေက်ာ္ခဲ့ၿပီလည္း ျဖစ္ပါတယ္။ ဒီေန႔ဟာ ျမန္မာႏုိင္ငံရွိ အလုပ္သမားႀကီးမ်ား အတြက္လည္း အဓိပၸာယ္ျပည့္ဝတဲ့ေန႔ထူးေန႔ျမတ္အခါသမယျဖစ္သလို ျပည္သူမ်ားရဲ႕ဆႏၵ နဲ႔ ေရြးေကာက္တင္ေျမႇာက္ထားတဲ့ မိမိတို႔ရဲ႕ အစိုးရသစ္ တာဝန္ယူ ေဆာင္ရြက္ခဲ့ တာလည္း တစ္လျပည့္ေျမာက္ ခဲ့ၿပီျဖစ္ပါတယ္။

အစိုးရသစ္အေနနဲ႔ ႏွစ္ရွည္လမ်ား ျပည္သူလူထုလုိလားေတာင့္တေနတဲ့ ႏုိင္ငံေရးရည္မွန္း ခ်က္ အေကာင္အထည္ေပၚ လာေစေရးအတြက္ မဆုတ္မနစ္အားသြန္ခြန္စုိက္ ႀကိဳးပမ္းေဆာင္ရြက္ သြားမွာျဖစ္သလို အလုပ္သမားႀကီးမ်ားနဲ႔ လက္တြဲၿပီး လူမႈေရး တရားမွ်တမႈ အေပၚအေျခခံတဲ့ အစိုးရ၊ အလုပ္ရွင္၊ အလုပ္သမား သံုးပြင့္ဆုိင္ ပူးေပါင္း ေဆာင္ရြက္မႈ နဲ႔ ႏုိင္ငံေတာ္ဖြံ႕ၿဖိဳးတုိးတက္ေစဖို႔ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

အခုလက္ရွိမွာလည္း အလုပ္သမားႀကီးမ်ားအတြက္ အစိုးရ၊ အလုပ္ရွင္၊ အလုပ္သမား သံုးပြင့္ဆုိင္ ဆက္ဆံေရး ေကာင္းမြန္ၿပီး တည္ၿငိမ္ေအးခ်မ္းတဲ့ လုပ္ငန္းခြင္ မ်ားျဖစ္ေပၚေစေရး၊ အလုပ္သမားဥပေဒပါ အက်ဳိးခံစားခြင့္မ်ား ရရွိေစေရး၊ လုပ္ငန္းခြင္ေဘးအႏၲရာယ္ကင္းရွင္းေစေရးနဲ႔ လုပ္ငန္းခြင္မေတာ္ တဆထိခိုက္မႈ၊ လုပ္ငန္းခြင္ေရာဂါ ရရွိခံစားရမႈ ေလ်ာ့နည္း က်ဆင္းေရး၊ ျပည္တြင္း၊ ျပည္ပမွာ သင့္ေလ်ာ္ေကာင္းမြန္တဲ့ အလုပ္အကိုင္ရရွိေစေရးနဲ႔ လံုၿခံဳစိတ္ခ်ရတဲ့ ေရႊ႕ေျပာင္းသြား လာမႈျဖစ္ေပၚေစေရး၊ လုပ္သားထုယွဥ္ၿပိဳင္ ႏုိင္စြမ္း ျမႇင့္တင္ေပးဖုိ႔အတြက္ လုပ္ငန္းခြင္ ကြၽမ္းက်င္မႈ ေလ့က်င့္သင္ၾကားေပးေရး၊ လူမႈဖူလံုေရး၊ အာမခံအလုပ္သမားမ်ားအတြက္ လူမႈအကာအကြယ္နဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေပးႏုိင္တဲ့ လူမႈဖူလံုေရးစီမံကိန္း အေကာင္အထည္ေဖာ္ေဆာင္ရြက္ေရး၊ အလုပ္သမားေရးရာ အျငင္းပြားမႈမ်ားကို လြတ္လပ္ၿပီး တရားမွ်တမႈရွိတဲ့ သံုးပြင့္ဆုိင္စနစ္နဲ႔ ညိႇႏႈိင္းဖ်န္ေျဖ ဆံုးျဖတ္ ေပးေရး တုိ႔အတြက္ ဥပေဒမ်ားျပ႒ာန္း ၿပီး ေဆာင္ရြက္ေပးလ်က္ရွိပါတယ္။

ဒါ့အျပင္ ေခတ္စနစ္အေျခအေနမ်ားနဲ႔ လိုက္ေလ်ာညီေထြမႈမရွိတဲ့ ဥပေဒမ်ားကို လည္း ျပင္ဆင္ေရးဆြဲေဆာင္ ရြက္လ်က္ရွိပါတယ္။

ခ်စ္ၾကည္ေလးစားရပါတဲ့ အလုပ္သမားႀကီးမ်ားခင္ဗ်ား-

၂ဝ၁၁ ခုႏွစ္၊ အလုပ္သမားအဖြဲ႕အစည္းဥပေဒအရ အသင္းအဖြဲ႕ေတြ လြတ္လပ္စြာ ဖြဲ႕စည္းခဲ့ရာ ဒီေန႔အခ်ိန္ထိ အေျခခံအဆင့္ အလုပ္သမားအဖြဲ႕ အစည္းေပါင္း ၁၉၁၇ ဖြဲ႕၊ ၿမိဳ႕နယ္အဆင့္ ၁ဝ၅ ဖြဲ႕၊ တုိင္းေဒသႀကီး/ျပည္နယ္ အဆင့္ ၁၄ ဖြဲ႕၊ အဖြဲ႕ခ်ဳပ္ ၇ ဖြဲ႕ နဲ႔ ျမန္မာႏုိင္ငံ လံုးဆုိင္ရာ အလုပ္သမားေရးရာ အဖြဲ႕တစ္ဖြဲ႕ကို ဖြဲ႕စည္းခြင့္ျပဳခဲ့ၿပီး အလား တူပင္ အလုပ္ရွင္ အဖြဲ႕အစည္းမ်ားကိုလည္း လြတ္လပ္စြာဖြဲ႕စည္းခြင့္ျပဳခဲ့လုိ႔ ဒီေန႔အထိ အေျခခံအဆင့္ အလုပ္ရွင္ အဖြဲ႕၂၈ဖြဲ႕၊ ၿမိဳ႕နယ္အဆင့္ တစ္ဖြဲ႕နဲ႔ အဖြဲ႕ခ်ဳပ္တစ္ဖြဲ႕တို႔ကို ဖြဲ႕စည္းခဲ့ၿပီးျဖစ္ပါတယ္။

အဖြဲ႕အစည္းေတြကို ဖြဲ႕စည္းေပးျခင္းရဲ႕ အက်ဳိးသက္ေရာက္မႈအေနနဲ႔ အလုပ္သမား အဖြဲ႕အစည္းေတြကို စနစ္တက် ဥပေဒနဲ႔အညီ လြတ္လပ္စြာ ဖြဲ႕စည္းလာႏုိင္ျခင္း၊ အနည္းဆံုးအခေၾကးေငြ သတ္မွတ္ႏုိင္ဖို႔ အလုပ္သမား၊ အလုပ္ရွင္နဲ႔ အစိုးရသံုးပြင့္ ဆုိင္ေဆြးေႏြးပြဲေတြ ျပဳလုပ္ႏုိင္ျခင္း၊ အလုပ္သမားမ်ား အသိပညာဗဟုသုတမ်ား ပိုမိုတုိးပြားလာျခင္း၊ အလုပ္သမားမ်ားရဲ႕ စုေပါင္းအေရးဆုိ ေတာင္းဆုိမႈမ်ားကိုေျဖရွင္းရာမွာ အလုပ္သမားအဖြဲ႕အစည္းေတြက ကိုယ္စား လွယ္ေတြေရြးခ်ယ္ၿပီး အလုပ္ရွင္နဲ႔ ညိႇႏႈိင္းေစျခင္းျဖင့္ အလုပ္ရွင္နဲ႔ အလုပ္သမားဆက္ဆံေရး ပိုမိုေကာင္းမြန္လာကာ အလုပ္သမား အခြင့္အေရးေတြနဲ႔ စပ္လ်ဥ္းၿပီး အစုိးရ၊ အလုပ္ရွင္နဲ႔ အလုပ္သမားမ်ား သံုးပြင့္ ဆုိင္ေဆြးေႏြးရာမွာ အလုပ္သမားေတြ ဥပေဒႏွင့္အညီ ပါဝင္ေဆြးေႏြးလာႏုိင္ျခင္း စတဲ့ အက်ဳိးသက္ေရာက္မႈေတြကို ရရွိေစပါတယ္။

မွတ္ပံုတင္ၿပီးတဲ့ အလုပ္သမားအဖြဲ႕အစည္းေတြကို အျပည္ျပည္ဆုိင္ရာ အလုပ္ သမားေရးရာ အဖြဲ႕(ILO)ရဲ႕ ျပ႒ာန္းခ်က္အမွတ္-၈၇ ျဖစ္တဲ့ အသင္းအဖြဲ႕မ်ား လြတ္လပ္စြာဖြဲ႕စည္းမႈနဲ႔ပတ္သက္ၿပီး တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ အသီးသီးမွာ ၂ဝ၁၂ ခုႏွစ္ ဇူလိုင္လကစတင္ၿပီး အသိပညာေပး ေဆြးေႏြးပြဲေတြ၊ သံုးပြင့္ဆုိင္ေဆြးေႏြးမႈေတြကို အျပည္ျပည္ဆုိင္ရာအလုပ္သမားေရးရာ အဖြဲ႕ (ILO) နဲ႔ ပူးေပါင္းက်င္းပခဲ့တာ စုစုေပါင္း (၁၆၂)ႀကိမ္ရွိၿပီျဖစ္ပါတယ္။

အလုပ္သမားမ်ားအတြက္ သင့္ေလ်ာ္ေကာင္းမြန္တဲ့ အလုပ္အကိုင္ရရွိေရးမွာ အဓိကက်တဲ့ အဓမၼခုိင္းေစမႈ ပေပ်ာက္ေရးကို အေကာင္ အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိရာ ရပ္ကြက္ (သို႔မဟုတ္)ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးဥပေဒ ကို အျပည္ျပည္ဆုိင္ရာ အလုပ္သမားေရးရာ အဖြဲ႕က အတည္ျပဳခ်မွတ္ထားတဲ့ အဓမၼခိုင္းေစမႈဆုိင္ရာ ျပ႒ာန္းခ်က္ အမွတ္-၂၉ နဲ႔အညီ ျပင္ဆင္ျပ႒ာန္းခဲ့ၿပီး ႏုိင္ငံတစ္ဝန္းလံုးမွာ အဓမၼခိုင္းေစမႈပေပ်ာက္ေရးအတြက္ လုပ္ငန္းစီမံခ်က္ ခ်မွတ္ကာ ILO နဲ႔ ပူးေပါင္းေဆာင္ရြက္လ်က္ရွိပါတယ္။

ကေလးသူငယ္ေတြကို အဆုိးရြားဆံုးပံုစံနဲ႔ ခိုင္းေစျခင္းဆုိင္ရာ အျပည္ျပည္ဆုိင္ရာ အလုပ္သမားေရးရာအဖြဲ႕ရဲ႕ ျပ႒ာန္းခ်က္အမွတ္-၁၈၂ ကို လက္ခံက်င့္ သံုးခဲ့ၿပီး ျမန္မာႏုိင္ငံ မွာ ကေလးအလုပ္သမားပေပ်ာက္ေရး လုပ္ငန္း အစီအစဥ္ (Myanmar Programme on the Elimination of Child Labour) ကိုလည္း ILO နဲ႔ ပူးေပါင္း ေဆာင္ရြက္လ်က္ရွိပါတယ္။

ဒါ့အျပင္ ျမန္မာႏုိင္ငံဟာ အာဆီယံအဖြဲ႕ဝင္ ႏုိင္ငံတစ္ႏုိင္ငံျဖစ္တဲ့ အားေလ်ာ္စြာ အာဆီယံေဒသ တြင္းမွာ အေကာင္ အထည္ေဖာ္ေဆာင္ရြက္ေနတဲ့ လုပ္ငန္းမ်ားမွာ အဖြဲ႕ဝင္ႏုိင္ငံမ်ားနဲ႔ ပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္ရြက္ လ်က္ရွိပါတယ္။ ၂ဝ၁၅ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔မွာ အာဆီယံအသိုက္ အဝန္းတစ္ရပ္ တည္ေထာင္ၿပီး ျဖစ္တဲ့ အတြက္ အလုပ္သမားမ်ားဟာ အာဆီယံေဒသတြင္းမွာ လြတ္လပ္စြာ ေရႊ႕ေျပာင္းသြားလာ လုပ္ကိုင္ႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ ဒီအခါမွာ မိမိတို႔ လုပ္သားထုအေနနဲ႔ အာဆီယံေဒသ တြင္း ႏုိင္ငံမ်ားက အလုပ္သမားမ်ားနဲ႔ ယွဥ္ၿပိဳင္ ရမွာျဖစ္လို႔ သက္ဆုိင္ရာလုပ္ငန္း က႑အလုိက္နဲ႔ နယ္ပယ္အသီးသီးမွာကြၽမ္းက်င္မႈရွိဖို႔ လုိအပ္လာမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ႏုိင္ငံေတာ္အေနနဲ႔ အလုပ္သမားမ်ားရဲ႕ ကြၽမ္းက်င္မႈဖြံ႕ၿဖိဳးတုိးတက္ေရးကုိ စနစ္တက် အေကာင္ အထည္ ေဖာ္ ေဆာင္ရြက္ႏုိင္ေရးအတြက္ အလုပ္အကုိင္နဲ႔ ကြၽမ္းက်င္မႈဖြံ႕ၿဖိဳးတုိးတက္ေရးဥပေဒကုိ ျပ႒ာန္းခဲ့ၿပီး အလုပ္သမား ေတြအတြက္ ပုဂၢလိက လုပ္ငန္းရွင္ေတြနဲ႔ ပူးေပါင္းၿပီး ကြၽမ္းက်င္မႈေလ့က်င့္ေရး သင္တန္းေက်ာင္းေတြ တုိးခ်ဲ႕ ဖြင့္လွစ္ၿပီး ကြၽမ္းက်င္လုပ္သားမ်ား ေမြးထုတ္ေပးႏုိင္ေရး ေဆာင္ရြက္လ်က္ရွိပါတယ္။

ျပည္ပေရာက္ ျမန္မာအလုပ္သမားမ်ားအတြက္လည္း သြားေရာက္လုပ္ကုိင္ တဲ့ ႏုိင္ငံရဲ႕ဥပေဒ အရ ခံစားခြင့္ရွိတဲ့ အခြင့္အေရးရပုိင္ခြင့္မ်ားကုိ အလုပ္သမားမ်ားရရွိေစဖုိ႔၊ သင့္ေလ်ာ္ေကာင္းမြန္တဲ့ အလုပ္အကုိင္အခြင့္ အလမ္းမ်ား ရရွိေစဖုိ႔၊ အလုပ္အကုိင္နဲ႔ ကြၽမ္းက်င္မႈ ဖြံ႕ၿဖိဳးတုိးတက္ေစဖုိ႔၊ ျပည္တြင္း၊ ျပည္ပ အလုပ္အကုိင္ အခြင့္အလမ္း မ်ား ေဖာ္ေဆာင္ေပးႏုိင္ဖုိ႔အတြက္ အလုပ္အကုိင္မူဝါဒမ်ား နဲ႔ ေရႊ႕ေျပာင္းသြားလာ လုပ္ကုိင္ျခင္းဆုိင္ရာ မူဝါဒမ်ားကုိ ခ်မွတ္ေဆာင္ရြက္လ်က္ရွိပါတယ္။ ျပည္တြင္း၊ ျပည္ပမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာအလုပ္သမားမ်ားရဲ႕ လုိအပ္ခ်က္ ေတြ ကုိ ျဖည့္ဆည္းေဆာင္ရြက္ေပးႏုိင္ ဖုိ႔ ေနျပည္ေတာ္နဲ႔ ရန္ကုန္ၿမိဳ႕တုိ႔မွာ Complaints Mechanism Center တစ္ခုစီကုိ ဖြင့္လွစ္ခဲ့ၿပီး တုိင္ၾကားလာတဲ့ အလုပ္သမားေရးရာ ကိစၥေတြကုိ ၂၄ နာရီ လက္ခံေျဖရွင္း ေဆာင္ရြက္ေပး လ်က္ရွိပါတယ္။

ဒါ့အျပင္ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအေနနဲ႔ လုိအပ္တဲ့သတင္း အခ်က္အလက္မ်ားကုိ မွ်ေဝႏုိင္ဖုိ႔ ရန္ကုန္၊ မႏၲေလးအပါအဝင္ ၿမိဳ႕ႀကီး ၁၁ ၿမိဳ႕မွာ ေရႊ႕ေျပာင္း အလုပ္သမား ေထာက္ပံ့ ကူညီေပးေရးဗဟုိဌာန (Migrant Resources Center-MRC)မ်ား ဖြင့္လွစ္ ခဲ့ၿပီး အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေဆာင္ရြက္သြားမွာျဖစ္သလုိ၊ အားနည္းလုိအပ္ခ်က္ေတြ ေတြ႕လာရတဲ့အခါမွာလည္း သင့္ေလ်ာ္တဲ့ျပဳျပင္မႈေတြကို အေလးထား ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

အလုပ္သမားႀကီးမ်ားအေနနဲ႔လည္း ရသင့္ရထုိက္တဲ့ အခြင့္အေရးေတြကို ရရွိခံစားႏုိင္ဖုိ႔ အတြက္ ျပ႒ာန္းထားတဲ့ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ လုိက္နာေဆာင္ရြက္ဖုိ႔၊ ကုန္ထုတ္စြမ္းအားအျပည့္အဝေပးႏုိင္ဖုိ႔ လုိအပ္သလုိ ထုတ္ျပန္ထားတဲ့ဥပေဒမ်ားကုိ စဥ္ဆက္မျပတ္ေလ့လာကာ အလုပ္သမား ႀကီးမ်ားအခ်င္းခ်င္း သိရွိေအာင္မွ်ေဝၿပီး အလုပ္္္သမားထုတစ္ရပ္လုံး စုစုစည္းစည္းညီညီၫြတ္ၫြတ္နဲ႔ ပူးေပါင္းေဆာင္ရြက္ၾကဖုိ႔ လည္း လုိပါတယ္။

၂ဝ၁၆ ခုႏွစ္၊ ေမလ ၁ ရက္ေန႔မွာက်ေရာက္တဲ့ ကမၻာ့အလုပ္သမားေန႔ အခါသမယမွာ အေလးအနက္ထား တင္ျပလုိက္တဲ့အခ်က္ကေတာ့ အစိုးရ သစ္အေနနဲ႔ အမ်ဳိးသား ရင္ၾကားေစ့ေရး၊ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္ စု ျဖစ္ေပၚ လာေစေရးတုိ႔ကုိ ေရွး႐ႈတဲ့ ဖြဲ႕စည္းပုံအေျခခံ ဥပေဒတစ္ရပ္ေပၚေပါက္ေရး နဲ႔ ျပည္သူ လူထုအမ်ားစုရဲ႕ လူေနမႈဘဝ အဆင့္အတန္း တုိးတက္ျမင့္မားေရးစတဲ့ မူဝါဒမ်ားကုိ အေကာင္ အထည္ေဖာ္ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းနဲ႔ အလုပ္သမားႀကီးမ်ား အပါအဝင္ ျပည္သူမ်ားရဲ႕ လူမႈေရးကာကြယ္ေစာင့္ေရွာက္မႈ ရရွိေစဖုိ႔၊ လူမႈဘဝ လုံၿခံဳမႈရရွိ ေစဖို႔အတြက္ ႏုိင္ငံေတာ္အစုိးရအေနနဲ႔ အစြမ္းကုန္ အားထုတ္ ႀကိဳးပမ္း ေဆာင္ရြက္ သြားမွာျဖစ္ေၾကာင္း အသိေပးေျပာၾကားရင္း အလုပ္သမားႀကီးေတြ စိတ္ရဲ႕ ခ်မ္းသာျခင္း၊ ကုိယ္ရဲ႕က်န္းမာျခင္းတုိ႔နဲ႔ ၿပီးျပည့္စုံၿပီး ႏုိင္ငံေတာ္ ဖြံ႕ၿဖိဳးတုိးတက္ေရး ကုိ ႀကိဳးပမ္းေဆာင္ရြက္ႏုိင္ၾကပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္း လုိက္ပါတယ္။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ၂ဝ၁၆ ခုနှစ်၊ မေလ ၁ ရက်နေ့ တွင် ကျရောက် သည့် အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ

ချစ်ကြည်လေးစားရပါတဲ့ အလုပ်သမားကြီးများခင်ဗျား -

ဒီနေ့အခါသမယဟာ ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားကြီးများကို အလေးအနက် ဂုဏ်ပြုသတ်မှတ်ထားရှိတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်ပါတယ်။ အခုလို ရက်မြတ်မင်္ဂလာအချိန်အခါမှာ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အလုပ်သမားကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်းနဲ့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

၁၈ ရာစုအတွင်းမှာ အလုပ်ရှင်များက တစ်နေ့မှာ နာရီ ၂ဝ နီးပါး အလုပ်သမားများကို ခိုင်းစေခဲ့ကြ ပါတယ်။ ဒီလိုခိုင်းစေခြင်း ကို အလုပ်သမားများက မကျေနပ်ကြတဲ့အတွက် ၁၈၈၆ ခုနှစ်မှာ အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ အလုပ်သမားထုက ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့အတွက် တစ်နေ့အလုပ်ချိန် ရှစ်နာရီသို့ လျှော့ချသတ်မှတ်ပေးခဲ့ရ ပါတယ်။ အဲဒီလို အလုပ်သမားများရဲ့ကြိုးပမ်းမှုကို ဂုဏ်ပြုသော အားဖြင့် ကမ္ဘာ့အလုပ်သမားနေ့ဟု ပေါ်ပေါက်လာ ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် နှစ်စဉ် မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ်သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ အလုပ် သမားနေ့အခမ်းအနားများကို ကျင်းပခဲ့တာ နှစ်ပေါင်း ၁၂ဝ ကျော်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီနေ့ဟာ မြန်မာနိုင်ငံရှိ အလုပ်သမားကြီးများအတွက်လည်း အဓိပ္ပာယ်ပြည့်ဝတဲ့နေ့ထူးနေ့မြတ်အခါသမယဖြစ်သလို ပြည်သူများရဲ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ မိမိတို့ရဲ့ အစိုးရသစ်တာဝန်ယူ ဆောင်ရွက်ခဲ့တာ လည်း တစ်လပြည့်မြောက် ခဲ့ပြီဖြစ်ပါ တယ်။

အစိုးရသစ်အနေနဲ့ နှစ်ရှည်လများ ပြည်သူလူထုလိုလားတောင့်တနေတဲ့ နိုင်ငံရေးရည်မှန်းချက် အကောင် အထည်ပေါ် လာစေရေးအတွက် မဆုတ်မနစ်အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သလို အလုပ်သမားကြီးများနဲ့ လက်တွဲပြီး လူမှုရေးတရားမျှတမှုအပေါ်အခြေခံတဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှုနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အခုလက်ရှိမှာလည်း အလုပ်သမားကြီးများအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ဆက်ဆံရေး ကောင်းမွန်ပြီး တည်ငြိမ်အေးချမ်းတဲ့ လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ ရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေးနဲ့ လုပ်ငန်းခွင်မတော် တဆထိခိုက်မှု၊ လုပ်ငန်းခွင်ရောဂါ ရရှိခံစားရမှု လျော့နည်းကျဆင်းရေး၊ ပြည်တွင်း၊ ပြည်ပမှာ သင့်လျော် ကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိစေရေးနဲ့ လုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေရေး၊ လုပ်သား ထုယှဉ်ပြိုင် နိုင်စွမ်း မြှင့်တင်ပေးဖို့အတွက် လုပ်ငန်းခွင် ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေး၊ လူမှုဖူလုံရေး၊ အာမခံအလုပ်သမားများအတွက် လူမှုအကာအကွယ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေး နိုင်တဲ့ လူမှုဖူလုံရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှု များကို လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ သုံးပွင့်ဆိုင်စနစ်နဲ့ ညှိနှိုင်းဖျန်ဖြေဆုံးဖြတ် ပေးရေးတို့အတွက် ဥပဒေများပြဋ္ဌာန်းပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ခေတ်စနစ်အခြေအနေများနဲ့ လိုက်လျော ညီထွေမှုမရှိတဲ့ ဥပဒေများကိုလည်း ပြင်ဆင်ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။

ချစ်ကြည်လေးစားရပါတဲ့ အလုပ်သမားကြီးများခင်ဗျား-

၂ဝ၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အသင်းအဖွဲ့တွေ လွတ်လပ်စွာဖွဲ့စည်းခဲ့ရာ ဒီနေ့အချိန်ထိ အခြေခံအဆင့် အလုပ်သမားအဖွဲ့ အစည်းပေါင်း ၁၉၁၇ ဖွဲ့၊ မြို့နယ်အဆင့် ၁ဝ၅ ဖွဲ့၊ တိုင်းဒေသကြီး /ပြည်နယ် အဆင့် ၁၄ ဖွဲ့၊ အဖွဲ့ချုပ် ၇ ဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခွင့်ပြုခဲ့ပြီး အလားတူပင် အလုပ်ရှင်အဖွဲ့အစည်းများကိုလည်း လွတ်လပ်စွာဖွဲ့စည်းခွင့်ပြုခဲ့လို့ ဒီနေ့အထိ အခြေခံအဆင့် အလုပ်ရှင် အဖွဲ့၂၈ဖွဲ့၊ မြို့နယ်အဆင့် တစ်ဖွဲ့နဲ့ အဖွဲ့ချုပ်တစ်ဖွဲ့တို့ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။

အဖွဲ့အစည်းတွေကို ဖွဲ့စည်းပေးခြင်းရဲ့ အကျိုးသက်ရောက်မှုအနေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေကို စနစ်တကျ ဥပဒေနဲ့အညီ လွတ်လပ်စွာ ဖွဲ့စည်းလာနိုင်ခြင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ဖို့ အလုပ်သမား၊ အလုပ်ရှင်နဲ့ အစိုးရသုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ခြင်း၊ အလုပ်သမားများ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာခြင်း၊ အလုပ်သမားများရဲ့ စုပေါင်းအရေးဆို တောင်းဆိုမှုများကို ဖြေရှင်းရာမှာ အလုပ်သမားအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေရွေးချယ်ပြီး အလုပ်ရှင်နဲ့ ညှိနှိုင်း စေခြင်းဖြင့် အလုပ်ရှင်နဲ့ အလုပ်သမားဆက်ဆံရေး ပိုမိုကောင်းမွန်လာကာ အလုပ်သမား အခွင့်အရေး တွေနဲ့ စပ်လျဉ်းပြီး အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားများ သုံးပွင့်ဆိုင်ဆွေးနွေးရာမှာ အလုပ်သမားတွေ ဥပဒေနှင့်အညီ ပါဝင်ဆွေးနွေးလာနိုင်ခြင်း စတဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိစေပါတယ်။

မှတ်ပုံတင်ပြီးတဲ့ အလုပ်သမားအဖွဲ့အစည်းတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)ရဲ့ ပြဋ္ဌာန်းချက် အမှတ်-၈၇ ဖြစ်တဲ့ အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ ၂ဝ၁၂ ခုနှစ် ဇူလိုင်လကစတင်ပြီး အသိပညာပေး ဆွေးနွေးပွဲတွေ၊ သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) နဲ့ ပူးပေါင်းကျင်းပခဲ့တာ စုစုပေါင်း (၁၆၂)ကြိမ်ရှိပြီဖြစ်ပါတယ်။

အလုပ်သမားများအတွက် သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်ရရှိရေးမှာ အဓိကကျတဲ့ အဓမ္မခိုင်းစေမှု ပပျောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့က အတည်ပြုချမှတ်ထားတဲ့ အဓမ္မ ခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ်-၂၉ နဲ့အညီ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးမှာ အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် လုပ်ငန်းစီမံချက် ချမှတ်ကာ ILO နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ကလေးသူငယ်တွေကို အဆိုးရွားဆုံးပုံစံနဲ့ ခိုင်းစေခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ရဲ့ ပြဋ္ဌာန်းချက်အမှတ်-၁၈၂ ကို လက်ခံကျင့် သုံးခဲ့ပြီး မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား ပပျောက်ရေး လုပ်ငန်း အစီအစဉ် (Myanmar Programme on the Elimination of Child Labour) ကိုလည်း ILO နဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အားလျော်စွာ အာဆီယံဒေသတွင်းမှာ အကောင် အထည်ဖော်ဆောင်ရွက်နေတဲ့ လုပ်ငန်းများမှာ အဖွဲ့ဝင်နိုင်ငံများနဲ့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပါတယ်။ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ အာဆီယံအသိုက် အဝန်းတစ်ရပ် တည်ထောင်ပြီး ဖြစ်တဲ့အတွက် အလုပ်သမားများဟာ အာဆီယံဒေသတွင်းမှာ လွတ်လပ်စွာ ရွှေ့ပြောင်း သွားလာ လုပ်ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီအခါမှာ မိမိတို့ လုပ်သားထုအနေနဲ့ အာဆီယံဒေသတွင်း နိုင်ငံများက အလုပ်သမားများနဲ့ ယှဉ်ပြိုင် ရမှာဖြစ်လို့ သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက်နဲ့ နယ်ပယ်အ သီးသီးမှာကျွမ်းကျင်မှုရှိဖို့ လိုအပ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ အလုပ်သမားများရဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေးအတွက် အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အလုပ်သမား တွေအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းတွေ တိုးချဲ့ ဖွင့်လှစ်ပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။

ပြည်ပရောက် မြန်မာအလုပ်သမားများအတွက်လည်း သွားရောက်လုပ်ကိုင်တဲ့ နိုင်ငံရဲ့ဥပဒေအရ ခံစားခွင့် ရှိတဲ့ အခွင့်အရေးရပိုင်ခွင့်များကို အလုပ်သမားများရရှိစေဖို့၊ သင့်လျော်ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေဖို့၊ အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေဖို့၊ ပြည်တွင်း၊ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ဖို့အတွက် အလုပ်အကိုင်မူဝါဒများနဲ့ ရွှေ့ပြောင်း သွားလာ လုပ်ကိုင်ခြင်းဆိုင်ရာ မူဝါဒများကို ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်း၊ ပြည်ပမှာ အလုပ်လုပ် နေကြတဲ့ မြန်မာအလုပ်သမားများရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ နေပြည်တော်နဲ့ ရန်ကုန်မြို့တို့မှာ Complaints Mechanism Center တစ်ခုစီကို ဖွင့်လှစ်ခဲ့ပြီး တိုင်ကြားလာတဲ့ အလုပ်သမားရေးရာကိစ္စတွေကို ၂၄ နာရီ လက်ခံဖြေရှင်း ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ လိုအပ်တဲ့သတင်း အချက်အလက်များကို မျှဝေနိုင်ဖို့ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး ၁၁ မြို့မှာ ရွှေ့ပြောင်းအလုပ်သမား ထောက်ပံ့ကူညီပေးရေးဗဟိုဌာန (Migrant Resources Center-MRC)များ ဖွင့်လှစ်ခဲ့ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်သလို၊ အားနည်းလိုအပ်ချက်တွေ တွေ့လာရတဲ့အခါမှာလည်း သင့်လျော်တဲ့ပြုပြင်မှုတွေကို အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အလုပ်သမားကြီးများအနေနဲ့လည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရရှိခံစားနိုင်ဖို့အတွက် ပြဋ္ဌာန်း ထားတဲ့ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့၊ ကုန်ထုတ်စွမ်းအား အပြည့်အဝပေး နိုင်ဖို့ လိုအပ်သလို ထုတ်ပြန် ထားတဲ့ဥပဒေများကို စဉ်ဆက်မပြတ်လေ့လာကာ အလုပ်သမား ကြီးများအချင်းချင်း သိရှိအောင်မျှဝေပြီး အလုပ်္သမား ထုတစ်ရပ်လုံး စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း လိုပါတယ်။

၂ဝ၁၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ အခါသမယမှာ အလေးအနက်ထား တင်ပြလိုက်တဲ့အချက်ကတော့ အစိုးရ သစ်အနေနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးတို့ကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထုအများစုရဲ့ လူနေမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေးစတဲ့ မူဝါဒ များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ အလုပ်သမားကြီးများအပါအဝင် ပြည်သူ များရဲ့ လူမှုရေးကာကွယ်စောင့်ရှောက်မှု ရရှိစေဖို့၊ လူမှုဘဝလုံခြုံမှုရရှိ စေဖို့အတွက် နိုင်ငံတော် အစိုးရ အနေနဲ့ အစွမ်းကုန်အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေးပြောကြားရင်း အလုပ် သမားကြီးတွေ စိတ်ရဲ့ချမ်းသားခြင်း၊ ကိုယ်ရဲ့ကျန်းမားခြင်းတို့နဲ့ ပြီးပြည့်စုံပြီး နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။

ၤFrom: Myanmar President Office

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net