တာခ်ီလိတ္ၿမိဳ႕တြင္ သစ္တန္ခ်ိန္ အမ်ားအျပား ႏုိင္ငံျခားတင္ပို႔ခြင့္ရရန္ ေစာင့္ဆိုင္းေန

တာခ်ီလိတ္ၿမိဳ႕တြင္ သစ္တန္ခ်ိန္ အမ်ားအျပား ႏုိင္ငံျခားတင္ပို႔ခြင့္ရရန္ ေစာင့္ဆိုင္းေန
မေ 7, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ (၇) ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ သစ္လုပ္ငန္းရွင္မ်ားက သစ္မ်ားကို ႏိုင္ငံျခားတင္ပို႔နိုင္ရန္ ႀကိဳးစားေနေသာ္လည္း အစိုးရက ခြင့္ျပဳျခင္း မရွိေသးေၾကာင္း တာခ်ီလိတ္ၿမိဳ ့နယ္ သစ္ေတာဦးစီးဌာနမွသိရသည္။

"သူတို ့ဆီက သစ္ေတြကို ျပည္ပတင္ပို ့ႏိုင္ဖို ့လုပ္ေနတယ္။ ဒါေပမဲ့ ဌာနကေတာ့ အခုခ်ိန္ထိ ခြင့္မျပဳေသးဘူး။ တင္ပို ့ရာမွာလည္း သစ္ေတြကို အလုံးလိုက္တင္ပို ့လုိ႔ ရနိုင္မွာ မဟုတ္ဘဲ သစ္ခြဲသားေတြကိုပဲ တင္ပို ့နိုင္မွာပါ။ အဲဒီလို သစ္ခြဲသားေတြကို ျပည္ပတင္ပို ့ခြင့္ရဖို ့ဆိုရင္ သစ္ခြဲသားတင္ပို ့ခြင့္ ေလွ်ာက္လႊာတင္ၾကရပါတယ္။ သူတို႔ တင္ျပလာတဲ့ ဟာကို ကၽြန္ေတာ္တို႔ ဌာန အေနနဲ ့ စိစစ္ၿပီးေတာ့ အဆင့္ ဆင့္တင္ျပၿပီး ေဆာင္ရြက္ေပးေနပါတယ္။"ဟု တာခ်ီလိတ္ၿမိဳ ့နယ္ သစ္ေတာဦးစီးဌာနမွ ဦးစီးအရာရွိ ဦးသန္႔စင္ေက်ာ္က ေျပာသည္။

ယခုလက္ရိွတြင္ ျပည္တြင္းမွ သစ္မ်ားကို ျပည္ပတင္ပို႔ရာတြင္ သစ္အလုံးလိုက္ တင္ပို႔ခြင့္ မျပဳေတာ့ဘဲ သစ္ခြဲသားမ်ား အျဖစ္သာ တင္ပို႔ခြင့္ရမည္ျဖစ္ၿပီး ရန္ကုန္ဆိပ္ကမ္းတစ္ခုတည္းမွသာ တင္ပို႔နိုင္မည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္မွ သစ္လုပ္ငန္းရွင္မ်ားအေနျဖင့္ သစ္ဆိပ္မ်ားတြင္ ခုတ္လွဲၿပီးစုပံုထားသည့္ သစ္မ်ားမွာ မ်ားျပားေၾကာင္း ႏွင့္ လက္ရိွတြင္ အစိုးရ၏ မူ၀ါဒ အေျပာင္းအလဲကို ေစာင့္ဆိုင္းေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီလိုမ်ိဳး ျမန္မာနိုင္ငံက သစ္ေတြကုိ ႏိုင္ငံျခား တင္ပို ့ရာမွာ ရန္ကုန္ဆိပ္ကမ္းတစ္ခုတည္းက မဟုတ္ဘဲနဲ ့ တျခားနယ္စပ္ထြက္ေပါက္ေတြကေန ပို႔ဖို႔ကိစၥက အစိုးရအေနနဲ႔ လုပ္ဖို႔က နည္းနည္းေစာေနေသးတယ္ ထင္တယ္ဗ်။ သူတို ့မွာကလည္း ဒီထက္အေရးႀကီးတဲ့ ကိစၥရပ္ေတြကို ေဆာင္ရြက္ေနရတယ္ဆိုေတာ့ေလ။ တကယ္လို႔သာ သစ္တင္ပို႔ဖို႔ကို တာခ်ီလိတ္ၿမိဳ႕နဲ ့နီးတဲ့ ယိုးဒယားမွာ သစ္ေစ်းကြက္က ေကာင္းေနတယ္ ဆိုရင္ေတာ့ စီးပြားေရးအရ တင္ပုိ႔ခြင့္ေပးသင့္ပါတယ္။ ဒါေပမဲ့ ႏိုင္ငံေတာ္အေနနဲ ့ ဒီကိစၥကို ခြင့္ျပဳေပး လိုက္မယ္ဆိုရင္ ဒါကို အေၾကာင္းျပဳၿပီးေတာ့ တျခားတရားမ၀င္တာေတြပါ ေရာၿပီးပါသြားမွာကို စိုးရိမ္ေနတယ္ ထင္ပါတယ္။"ဟု ျမန္မာႏိုင္ငံသစ္လုပ္ငန္းရွင္မ်ားအသင္းမွ ဦးဘာဘာခ်ိဳက ေျပာသည္။

ျမန္မာႏိုင္ငံ အေနျဖင့္ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္တြင္ ျပည္ပသို႔ သစ္တင္ပို႔မႈမွ ၀င္ေငြ အေမရိကန္ေဒၚလာ သန္းေပါင္း (၁၀၀)မွ(၁၂၀)အထိရိွခဲ့ၿပီး၊ ျမန္မာႏိုင္ငံထြက္ ကၽြန္းသစ္မ်ားကို ဥေရာပႏိုင္ငံမ်ားႏွင့္ အိႏၵိယႏိုင္ငံမ်ားသို ့သစ္ပါးလႊာမ်ားကို တင္ပို႔ လွ်က္ရိွေၾကာင္း ျမန္မာႏိုင္ငံသစ္လုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

သတင္း။  ။ ဇြဲျမတ္

.......................

တာချီလိတ်၊ မေလ (၇) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ သစ်လုပ်ငန်းရှင်များက သစ်များကို နိုင်ငံခြားတင်ပို့နိုင်ရန် ကြိုးစားနေသော်လည်း အစိုးရက ခွင့်ပြုခြင်း မရှိသေးကြောင်း တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှသိရသည်။

"သူတို့ဆီက သစ်တွေကို ပြည်ပတင်ပို့နိုင်ဖို့လုပ်နေတယ်။ ဒါပေမဲ့ ဌာနကတော့ အခုချိန်ထိ ခွင့်မပြုသေးဘူး။ တင်ပို့ရာမှာလည်း သစ်တွေကို အလုံးလိုက်တင်ပို့လို့ ရနိုင်မှာ မဟုတ်ဘဲ သစ်ခွဲသားတွေကိုပဲ တင်ပို့နိုင်မှာပါ။ အဲဒီလို သစ်ခွဲသားတွေကို ပြည်ပတင်ပို့ခွင့်ရဖို့ဆိုရင် သစ်ခွဲသားတင်ပို့ခွင့် လျှောက်လွှာတင်ကြရပါတယ်။ သူတို့ တင်ပြလာတဲ့ ဟာကို ကျွန်တော်တို့ ဌာန အနေနဲ့ စိစစ်ပြီးတော့ အဆင့် ဆင့်တင်ပြပြီး ဆောင်ရွက်ပေးနေပါတယ်။"ဟု တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်စင်ကျော်က ပြောသည်။

ယခုလက်ရှိတွင် ပြည်တွင်းမှ သစ်များကို ပြည်ပတင်ပို့ရာတွင် သစ်အလုံးလိုက် တင်ပို့ခွင့် မပြုတော့ဘဲ သစ်ခွဲသားများ အဖြစ်သာ တင်ပို့ခွင့်ရမည်ဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းတစ်ခုတည်းမှသာ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မှ သစ်လုပ်ငန်းရှင်များအနဖြေင့် သစ်ဆိပ်များတွင် ခုတ်လှဲပြီးစုပုံထားသည့် သစ်များမှာ များပြားကြောင်း နှင့် လက်ရှိတွင် အစိုးရ၏ မူဝါဒ အပြောင်းအလဲကို စောင့်ဆိုင်းနကြခြေင်းဖြစ်ကြောင်း သိရသည်။

"ဒီလိုမျိုး မြန်မာနိုင်ငံက သစ်တွေကို နိုင်ငံခြား တင်ပို့ရာမှာ ရန်ကုန်ဆိပ်ကမ်းတစ်ခုတည်းက မဟုတ်ဘဲနဲ့ တခြားနယ်စပ်ထွက်ပေါက်တွေကနေ ပို့ဖို့ကိစ္စက အစိုးရအနေနဲ့ လုပ်ဖို့က နည်းနည်းစောနေသေးတယ် ထင်တယ်ဗျ။ သူတို့မှာကလည်း ဒီထက်အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်နေရတယ်ဆိုတော့လေ။ တကယ်လို့သာ သစ်တင်ပို့ဖို့ကို တာချီလိတ်မြို့နဲ့နီးတဲ့ ယိုးဒယားမှာ သစ်ဈေးကွက်က ကောင်းနေတယ် ဆိုရင်တော့ စီးပွားရေးအရ တင်ပို့ခွင့်ပေးသင့်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အနေနဲ့ ဒီကိစ္စကို ခွင့်ပြုပေး လိုက်မယ်ဆိုရင် ဒါကို အကြောင်းပြုပြီးတော့ တခြားတရားမဝင်တာတွေပါ ရောပြီးပါသွားမှာကို စိုးရိမ်နေတယ် ထင်ပါတယ်။"ဟု မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ ဦးဘာဘာချိုက ပြောသည်။

မြန်မာနိုင်ငံ အနဖြေင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ သစ်တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၀၀)မှ(၁၂၀)အထိရှိခဲ့ပြီး၊ မြန်မာနိုင်ငံထွက် ကျွန်းသစ်များကို ဥရောပနိုင်ငံများနှင့် အိန္ဒိယနိုင်ငံများသို့သစ်ပါးလွှာများကို တင်ပို့ လျှက်ရှိကြောင်း မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~