မိုင္းစိတ္ - ေကာင္ဆိုင္း ရထားလမ္းပိုင္း ပိတ္သိမ္းမႈေၾကာင့္ ေဒသခံမ်ား အခက္ေတြ႕

မိုင္းစိတ္ - ေကာင္ဆိုင္း ရထားလမ္းပိုင္း ပိတ္သိမ္းမႈေၾကာင့္ ေဒသခံမ်ား အခက္ေတြ႕
မေ 4, 2016
By Tachileik News Agency

နမ့္စန္၊ ေမလ(၄)ရက္

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေအာင္ပန္းၿမိဳ႕နယ္အတြင္း မိုင္းစိတ္- ေကာင္ဆိုင္းလမ္းပိုင္းတြင္ ရထားေျပးဆြဲျခင္း အား ဧၿပီ လအတြင္းမွ စတင္၍ ပိတ္သိမ္းလိုက္သျဖင့္ ရထားကိုသာ အဓိကအသံုးျပဳေနရသည့္ ေဒသခံမ်ား အတြက္ အခက္အခဲျဖစ္ေနေၾကာင္း သိရသည္။

“မုိင္းစိတ္-ေကာင္ဆုိင္း မုိးတြင္းဆုိ ကားလမ္းမေပါက္ပါဘူး။ ေဒသခံေတြဟာ မုိးတြင္းကို  ရထားအဓိကထားၿပီး ခရီးသြားလာၾကရတာ။ ေက်ာင္း ဆရာမနဲ႔ ေက်ာင္းသားေတြ၊ က်န္းမာေရး ဆရာမေတြ၊ ၿမိဳ႕ကုိေဆးကုသဖို႔ သြားရမယ့္ က်န္းမာေရးမေကာင္းသူေတြဟာ ဒီရထားကုိပဲ အဓိကထား သုံးစြဲေနရတာပါ”ဟု ေနာင္ဘုိေဒသခံ တစ္ဦးက ေျပာသည္။

အဆိုပါရထားလမ္းပိုင္းတြင္ ခရီးစဥ္ တစ္ေခါက္လွ်င္ ခရီးသည္ (၁၃)ဦးခန္႔သာရိွျခင္း၊ နယ္ေျမေဒသ အေျခအေနအရ လံုၿခံဳမႈမရိွျခင္းတို႔ေၾကာင့္ ရထားခရီးစဥ္အား ၂၀၁၆ ခုႏွစ္ ဧၿပီလ (၁) ရက္ေန႔မွစ၍ ပိတ္သိမ္းခြင့္ျပဳရန္ ျမန္မာ့မီးရထားရံုးခ်ဳပ္ (ေနျပည္ေတာ္)၏ ဆံုးျဖတ္ခ်က္အား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ထံ တင္ျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

႐ွမ္းျပည္နယ္(ေတာင္ပုိင္း ) အမွတ္(၄) ေအာင္ပန္းနယ္အတြင္း႐ွိ နမ့္စန္-မုိင္းစိတ္-ေကာင္ဆုိင္းလမ္းပုိင္းကုိ ႏွစ္ဆန္းတစ္ရက္မွစ၍ ရထားေျပးဆြဲမႈကုိ ရပ္ဆုိင္းပိတ္သိမ္းလိုက္ျခင္းျဖစ္ေၾကာင္း နမ့္စန္႐ုံပုိင္ႀကီးထံမွ သိရသည္။

“မီးရထားေျပးဆြဲမႈကုိ ရပ္နားမယ္ဆုိရင္ ေဒသခံေတြရဲ႕ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရးေတြဟာ က်ဆင္းဖုိ႔ပဲ႐ွိတယ္။ ကုန္သည္ေတြလည္း ကုန္ေတြကုိ ရထားနဲ႔ပဲ အဓိကထား တင္ေဆာင္တာပါ။ ကားနဲ႔ဆုိ တင္ေဆာင္ခက အရမ္းေစ်းႀကီးပါတယ္။ ရထားရပ္နားလုိက္တဲ့အတြက္ ကုန္ေစ်းႏႈန္းေတာင္ ေစ်းတက္ သြားတယ္။ ၿပီးေတာ့ ေဒသတြင္း ထြက္ကုန္ေတြကုိလည္း ရထားနဲ႔ပဲ တင္ေဆာင္တာပါ။ ဒါကုိရထားက မကုိက္ဘူးဆုိေတာ့ ကြၽန္ေတာ္လည္း မေျပာတတ္ဘူး။ ရထားကေတာ့ ဒီေဒသအတြက္ တကယ္ကုိ လုိအပ္တာပဲ”ဟု ေဒသခံကုန္သည္တစ္ဦးက ဆိုသည္။

အဆိုပါေဒသသို႔ ရထားခရီးစဥ္ေျပးဆြဲျခင္းကို ၂၀၁၅ ခုနွစ္တြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး ခရီးသည္တစ္ဦးလွ်င္ ရထားစီးနင္းခ က်ပ္(၅၀၀)သာ က်သင့္သျဖင့္ ေဒသခံမ်ားအတြက္ အဆင္ေျပေနခဲ့ျခင္းျဖစ္သည္ဟု ေနာင္ဘိုေဒသခံတစ္ဦးက ဆိုသည္။

“ျဖစ္ႏုိင္မယ္ဆုိရင္ အထက္လူႀကီးေတြကုိ ဒီရထားလမ္္းေၾကာင္းကုိမပိတ္သိမ္းေစခ်င္ပါဘူး။ ရထားလမ္းစေဖာက္ကတည္းက ေဒသအက်ဳိးျပဳလူထုေတြအတြက္ အဓိကထားေဖာက္လုပ္တာမဟုတ္လား။ ဒါေၾကာင့္ျပည္သူေတြအတြက္ သနားေသာအားျဖင့္ ျပန္ၿပီးေျပးဆြဲေပးပါ”ဟု ေနာင္ဘိုရြာမွ ေဒသခံတစ္ဦးက ဆိုသည္။

အဆိုပါ ရထားလမ္းပိုင္းအား အဓိကအားထားေနရသည့္ ေနာင္ဘိုေက်းရြာအုပ္စုတြင္ အိမ္ေျခ (၈၀၀)ခန္႔ရိွၿပီး အျခားအနီးဝန္းက်င္မွ ေက်းရြာမ်ားမွလည္း ရထားကို အားထားေနရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါလမ္းပိုင္းတြင္ ယခင္က ေကာင္းဆိုင္းဘူတာမွ ရထားထြက္ေပးသျဖင့္ စီးနင္းသူပိုမ်ားေသာ္လည္း ေနာက္ပိုင္းတြင္ နမ့္စန္ဘူတာသို႔ ရထား ေျပာင္းလဲခ်ိန္တြင္ စီးနင္းသူ နည္းသြားျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

သတင္း/ဓာတ္ပံု။  ။ သန္းစိုးေအာင္(နမ့္စန္)

..................

နမ့်စန်၊ မေလ(၄)ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းမြို့နယ်အတွင်း မိုင်းစိတ်- ကောင်ဆိုင်းလမ်းပိုင်းတွင် ရထားပြေးဆွဲခြင်း အား ဧပြီ လအတွင်းမှ စတင်၍ ပိတ်သိမ်းလိုက်သဖြင့် ရထားကိုသာ အဓိကအသုံးပြုနေရသည့် ဒေသခံများ အတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။

“မိုင်းစိတ်-ကောင်ဆိုင်း မိုးတွင်းဆို ကားလမ်းမပေါက်ပါဘူး။ ဒေသခံတွေဟာ မိုးတွင်းကို ရထားအဓိကထားပြီး ခရီးသွားလာကြရတာ။ ကျောင်း ဆရာမနဲ့ ကျောင်းသားတွေ၊ ကျန်းမာရေး ဆရာမတွေ၊ မြို့ကိုဆေးကုသဖို့ သွားရမယ့် ကျန်းမာရေးမကောင်းသူတွေဟာ ဒီရထားကိုပဲ အဓိကထား သုံးစွဲနေရတာပါ”ဟု နောင်ဘိုဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါရထားလမ်းပိုင်းတွင် ခရီးစဉ် တစ်ခေါက်လျှင် ခရီးသည် (၁၃)ဦးခန့်သာရှိခြင်း၊ နယ်မြေဒေသ အခြေအနေအရ လုံခြုံမှုမရှိခြင်းတို့ကြောင့် ရထားခရီးစဉ်အား ၂၀၁၆ ခုနှစ် ဧပြီလ (၁) ရက်နေ့မှစ၍ ပိတ်သိမ်းခွင့်ပြုရန် မြန်မာ့မီးရထားရုံးချုပ် (နပြေည်တော်)၏ ဆုံးဖြတ်ချက်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း ) အမှတ်(၄) အောင်ပန်းနယ်အတွင်းရှိ နမ့်စန်-မိုင်းစိတ်-ကောင်ဆိုင်းလမ်းပိုင်းကို နှစ်ဆန်းတစ်ရက်မှစ၍ ရထားပြေးဆွဲမှုကို ရပ်ဆိုင်းပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း နမ့်စန်ရုံပိုင်ကြီးထံမှ သိရသည်။

“မီးရထားပြေးဆွဲမှုကို ရပ်နားမယ်ဆိုရင် ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေဟာ ကျဆင်းဖို့ပဲရှိတယ်။ ကုန်သည်တွေလည်း ကုန်တွေကို ရထားနဲ့ပဲ အဓိကထား တင်ဆောင်တာပါ။ ကားနဲ့ဆို တင်ဆောင်ခက အရမ်းဈေးကြီးပါတယ်။ ရထားရပ်နားလိုက်တဲ့အတွက် ကုန်ဈေးနှုန်းတောင် ဈေးတက် သွားတယ်။ ပြီးတော့ ဒေသတွင်း ထွက်ကုန်တွေကိုလည်း ရထားနဲ့ပဲ တင်ဆောင်တာပါ။ ဒါကိုရထားက မကိုက်ဘူးဆိုတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ရထားကတော့ ဒီဒေသအတွက် တကယ်ကို လိုအပ်တာပဲ”ဟု ဒေသခံကုန်သည်တစ်ဦးက ဆိုသည်။

အဆိုပါဒေသသို့ ရထားခရီးစဉ်ပြေးဆွဲခြင်းကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် ရထားစီးနင်းခ ကျပ်(၅၀၀)သာ ကျသင့်သဖြင့် ဒေသခံများအတွက် အဆင်ပြေနေခဲ့ခြင်းဖြစ်သည်ဟု နောင်ဘိုဒေသခံတစ်ဦးက ဆိုသည်။

“ဖြစ်နိုင်မယ်ဆိုရင် အထက်လူကြီးတွေကို ဒီရထားလမ်းကြောင်းကိုမပိတ်သိမ်းစေချင်ပါဘူး။ ရထားလမ်းစဖောက်ကတည်းက ဒေသအကျိုးပြုလူထုတွေအတွက် အဓိကထားဖောက်လုပ်တာမဟုတ်လား။ ဒါကြောင့်ပြည်သူတွေအတွက် သနားသောအားဖြင့် ပြန်ပြီးပြေးဆွဲပေးပါ”ဟု နောင်ဘိုရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ရထားလမ်းပိုင်းအား အဓိကအားထားနေရသည့် နောင်ဘိုကျေးရွာအုပ်စုတွင် အိမ်ခြေ (၈၀၀)ခန့်ရှိပြီး အခြားအနီးဝန်းကျင်မှ ကျေးရွာများမှလည်း ရထားကို အားထားနေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းတွင် ယခင်က ကောင်းဆိုင်းဘူတာမှ ရထားထွက်ပေးသဖြင့် စီးနင်းသူပိုများသော်လည်း နောက်ပိုင်းတွင် နမ့်စန်ဘူတာသို့ ရထား ပြောင်းလဲချိန်တွင် စီးနင်းသူ နည်းသွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း/ဓာတ်ပုံ။ သန်းစိုးအောင်(နမ့်စန်)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~