TNLA နှင့် RCSS/SSA တို့အကြား မေလ အတွင်း တိုက်ပွဲပေါင်း (၂၄) ကြိမ် ဖြစ်ပွား
TNLA နှင့် RCSS/SSA တို့အကြား မေလ အတွင်း တိုက်ပွဲပေါင်း (၂၄) ကြိမ် ဖြစ်ပွား
မေ 10, 2016
By Tachileik News Agency
ကျောက်မဲ၊ မေလ(၁၀)ရက်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)နှင့် RCSS/SSA (ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်)တို့အကြား မေလအတွင်း၌ တစ်ကျော့ပြန်တိုက်ပွဲပေါင်း (၂၄)ကြိမ်အထိဖြစ်ပွားခဲ့ကြောင်း TNLA မှ သိရသည်။
တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့ပေါ်တွင် ဟူးဆွန်၊ ဟူးကွက်၊ ကိန်းလော၊ တွန့်ဟိုတ်ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူ (၆၀၀)ကျော်မှာ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီစခန်းဖွင့်လှစ်၍ ခိုလှုံနေကြရပြီး ၂၀၁၅ ခုနှစ် အတွင်းက တိုက်ပွဲများကြောင့် ဒေသခံရွာသားပေါင်း (၁၀၀၀၀)ကျော် ထွက်ပြေးခဲ့ရသော်လည်း သင်္ကြန်ကာလအတွင်း တိုက်ပွဲများ မရှိတော့သဖြင့် ဒေသခံများ နေရပ်ပြန်နိုင်ခဲ့ရာမှ မေလဆန်းက တိုက်ပွဲများကြောင့် ပြန်လည်ထွက်ပြေးနေကြရခြင်းဖြစ်သည်။
သတင်း ။  ။ ဇွဲမြတ်
.......................
ကျောက်မဲ၊ မေလ(၁၀)ရက်
တိုင်းရင်းသားလက်နက်ကို်င်အဖွဲ့များဖြစ်သည့် TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)နှင့် RCSS/SSA (ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော်)တို့အကြား မေလအတွင်း၌ တစ်ကျော့ပြန်တိုက်ပွဲပေါင်း (၂၄)ကြိမ်အထိဖြစ်ပွားခဲ့ကြောင်း TNLA မှသိရသည်။
"တိုက်ပွဲတွဖြေစ်နေတာကတော့ နိုဝင်ဘာလ ကတည်းကပေါ့။ လတိုင်းလိုလို ဖြစ်နေတာပါပဲ။ ဒီလထဲမှာတော့ (၁)ရက်နေ့ကနေ စပြီးတော့ တိုက်ပွဲဖြစ်နေတာ ဒီနေ့ထိ နေ့တိုင်းလိုလိုပါပဲ။ မေလ(၇)ရက်နေ့ မနက်မှာလည်း သီပေါမြို့နယ်ထဲမှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ခဲ့ပြီးပါပြီ။ ဒီလထဲမှာတော့ ထိတွေ့တိုက်ပွဲဖြစ်မှု အကြိမ်ပေါင်း (၂၄)ကြိမ်ထိရှိခဲ့ပြီးပါပြီ။ "ဟု TNLAမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။
RCSS/SSA တပ်များသည် NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်)အား လက်မှတ် မထိုးမီအချိန်က TNLA၏နယ်မြေအတွင်းလှုပ်ရှားခြင်းမရှိဘဲ NCAလက်မှတ်ထိုးပြီး နောက်ပိုင်းကာလဖြစ်သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ လတွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် နေရာယူလာကြခြင်းကြောင့် တိုက်ပွဲများဖြစ်လာခြင်း ဖြစ်သည်ဟု TNLA က ဆိုသည်။
တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့ပေါ်တွင် ဟူးဆွန်၊ ဟူးကွက်၊ ကိန်းလော၊ တွန့်ဟိုတ်ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူ (၆၀၀)ကျော်မှာ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီစခန်းဖွင့်လှစ်၍ ခိုလှုံနကြေရပြီး ၂၀၁၅ ခုနှစ် အတွင်းက တိုက်ပွဲများကြောင့် ဒေသခံရွာသားပေါင်း (၁၀၀၀၀)ကျော် ထွက်ပြေးခဲ့ရသော်လည်း သင်္ကြန်ကာလအတွင်း တိုက်ပွဲများ မရှိတော့သဖြင့် ဒေသခံများ နေရပ်ပြန်နိုင်ခဲ့ရာမှ မေလဆန်းက တိုက်ပွဲများကြောင့် ပြန်လည်ထွက်ပြေးနကြေရခြင်းဖြစ်သည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~