တာခ်ီလိတ္ - မိုင္းဆတ္သို႔ ေျပးဆြဲေနသည့္ ကားဂိတ္(၅)ခုအား ၀မ္ေကာင္းရပ္ကြက္ရွိ ဘုရင့္ေနာင္ ပုဂၢလိကေစ်းသို႔ ေျပာင္းေရႊ႕လိုက္ၿပီ

တာခ်ီလိတ္ - မိုင္းဆတ္သို႔ ေျပးဆြဲေနသည့္ ကားဂိတ္(၅)ခုအား ၀မ္ေကာင္းရပ္ကြက္ရွိ ဘုရင့္ေနာင္ ပုဂၢလိကေစ်းသို႔ ေျပာင္းေရႊ႕လိုက္ၿပီ
မေ 25, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမ လ(၂၅)ရက္
လမ္းက်ပ္တည္းမႈျဖစ္ပြားေနသျဖင့္ တာခ်ီလိတ္ ျပည့္သူေဆးရံုအေနာက္ဘက္၊ ႏွင္းဆီတည္းခိုခန္းေရွ႕ ရွိ တာခ်ီလိတ္ - မိုင္းဆတ္ သို႔ ေန႔စဥ္ ေျပးဆြဲေနေသာ ကားဂိတ္(၅)ဂိတ္အား တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္ အတြင္းရွိ ဘုရင့္ေနာင္ပုဂၢလိကေစ်းသို႔ ေမလ(၂၅)ရက္ေန႔ ညေနပိုင္းက ေျပာင္းေရႊ႕ဖြင့္လွစ္လိုက္သည္။

"အဓိကေျပာင္းေရႊ႕ရတာတဲ႔ အေႀကာင္းက လိုင္းဆြဲတဲ့ကားေတြက လမ္းမေပၚမွာရပ္ထားေတာ့ ယာဥ္အသြားအလာက်ပ္တည္းလာတာေႀကာင့္ လူေတြလည္း ေျပာလာတယ္။ စည္ပင္ကလည္း ေျပာလာတယ္။ ေနာက္ၿပီး လိုင္းကားေတြလည္းမ်ားလာလို႔ ေျပာင္းေရႊ႕လိုက္တာပါ၊ အခုလို ေျပာင္းေရႊ႕ဖို႔အတြက္ ယာဥ္လိုင္းေတြနဲ႔လည္း အႀကိမ္ႀကိမ္ ေဆြးေႏြးမႈေတြ ျပဳလုပ္ၿပီးေတာ့မွ ဘုရင့္ေနာင္ေစ်းကို ေျပာင္းေရြ႕ၾကတာပါ။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ေမာ္ေတာ္ယာဥ္ထိန္းသိမ္းေရးႏွင့္ ႀကီးၾကပ္ေရးေကာ္မတီမွ ဥကၠဌ ဦးစ၀္စိုးလင္းက ေျပာသည္။

ကားဂိတ္မ်ားေနရာေရႊ႕ေျပာင္းလိုက္ေသာ္လည္း မူလေနရာေဟာင္းရွိ ျပည္သူ႔ေဆး႐ုံအေနာက္ဘက္ ဂိတ္ေဟာင္းမ်ားတြင္ ခရီးသြားမ်ား သိရွိေစရန္အတြက္ လက္မွတ္အေရာင္းဌာနခြဲမ်ားကို တစ္လခန္႔ ဖြင့္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေနရာေဟာင္းမွ ေနရာသစ္သို႔ ေျပာင္းေရႊ႕ရာသို႔ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊႏွင့္ တာ၀န္ရွိသူမ်ားမွ ေရာက္ရွိလာၿပီး ယာဥ္လိုင္းမ်ားအေနျဖင့္ အခက္အခဲမ်ားႏွင့္ ကူညီမႈမ်ား လိုအပ္ပါက ၎တို႔ထံ တင္ျပလာႏိုင္ေၾကာင္း အားေပးစကားဆိုသည္။

ယခု ေျပာင္းေရႊ႕လိုက္ေသာ ဂိတ္လိုင္းမ်ားမွာ ယခင္ေနရာေဟာင္းတြင္ ဖြင့္လွစ္ခဲ့သည္မွာ (၂)ႏွစ္ေက်ာ္ခန္႔ရွိၿပီျဖစ္ၿပီး လျပည့္၀န္း၊ မိုင္းဆတ္ေတာင္တန္း၊ ဒို႔ညီေနာင္၊ လမ္းသစ္ႏွင့္ ေရႊက်ားျဖဴ စသည့္ ယာဥ္လိုင္းဂိတ္မ်ားမွ ယာဥ္အစီးေရ (၇၀)ခန္႔ ေျပာင္းေရႊ႕လိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု။ ။ ‪#‎ေဇာင္းညီ‬

..................

တာချီလိတ်၊ မေ လ(၂၅)ရက်
လမ်းကျပ်တည်းမှုဖြစ်ပွားနေသဖြင့် တာချီလိတ် ပြည့်သူဆေးရုံအနောက်ဘက်၊ နှင်းဆီတည်းခိုခန်းရှေ့ ရှိ တာချီလိတ် - မိုင်းဆတ် သို့ နေ့စဉ် ပြေးဆွဲနေသော ကားဂိတ်(၅)ဂိတ်အား တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် အတွင်းရှိ ဘုရင့်နောင်ပုဂ္ဂလိကဈေးသို့ မေလ(၂၅)ရက်နေ့ ညနေပိုင်းက ပြောင်းရွှေ့ဖွင့်လှစ်လိုက်သည်။

"အဓိကပြောင်းရွှေ့ရတာတဲ့ အကြောင်းက လိုင်းဆွဲတဲ့ကားတွေက လမ်းမပေါ်မှာရပ်ထားတော့ ယာဉ်အသွားအလာကျပ်တည်းလာတာကြောင့် လူတွေလည်း ပြောလာတယ်။ စည်ပင်ကလည်း ပြောလာတယ်။ နောက်ပြီး လိုင်းကားတွေလည်းများလာလို့ ပြောင်းရွှေ့လိုက်တာပါ၊ အခုလို ပြောင်းရွှေ့ဖို့အတွက် ယာဉ်လိုင်းတွေနဲ့လည်း အကြိမ်ကြိမ် ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတော့မှ ဘုရင့်နောင်ဈေးကို ပြောင်းရွေ့ကြတာပါ။"ဟု တာချီလိတ်မြို့နယ် မော်တော်ယာဉ်ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးကော်မတီမှ ဥက္ကဌ ဦးစဝ်စိုးလင်းက ပြောသည်။

ကားဂိတ်များနေရာရွှေ့ပြောင်းလိုက်သော်လည်း မူလနေရာဟောင်းရှိ ပြည်သူ့ဆေးရုံအနောက်ဘက် ဂိတ်ဟောင်းများတွင် ခရီးသွားများ သိရှိစေရန်အတွက် လက်မှတ်အရောင်းဌာနခွဲများကို တစ်လခန့် ဖွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေရာဟောင်းမှ နေရာသစ်သို့ ပြောင်းရွှေ့ရာသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် တာဝန်ရှိသူများမှ ရောက်ရှိလာပြီး ယာဉ်လိုင်းများအနဖြေင့် အခက်အခဲများနှင့် ကူညီမှုများ လိုအပ်ပါက၎င်းတို့ထံ တင်ပြလာနိုင်ကြောင်း အားပေးစကားဆိုသည်။

ယခု ပြောင်းရွှေ့လိုက်သော ဂိတ်လိုင်းများမှာ ယခင်နေရာဟောင်းတွင် ဖွင့်လှစ်ခဲ့သည်မှာ (၂)နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး လပြည့်ဝန်း၊ မိုင်းဆတ်တောင်တန်း၊ ဒို့ညီနောင်၊ လမ်းသစ်နှင့် ရွှေကျားဖြူ စသည့် ယာဉ်လိုင်းဂိတ်များမှ ယာဉ်အစီးရေ (၇၀)ခန့် ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ။ ‪#‎ဇောင်းညီ‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~