က်ဳိင္းတံုၿမိဳ႕ကို လွ်ပ္စစ္မီးေပးရန္ မိုင္းလားအထူးေဒသ(၄)ပိုင္ ကုမၸဏီ ကမ္းလွမ္း

က်ဳိင္းတံုၿမိဳ႕ကို လွ်ပ္စစ္မီးေပးရန္ မိုင္းလားအထူးေဒသ(၄)ပိုင္ ကုမၸဏီ ကမ္းလွမ္း
မေ 19, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ေမလ(၁၉)ရက္
မိုင္းလားအထူးေဒသ(၄)ပိုင္ ရွမ္းျပည္နယ္(အေရွ ႔ပိုင္း) ဖြံ႕ၿဖိဳးတိုးတက္ေရးကုမၸဏီမွ က်ိဳင္းတံုၿမိဳ႕ လွ်ပ္စစ္မီးလံုေလာက္စြာ ျဖန္႔ေဝႏုိင္ေရး ရွမ္းျပည္နယ္လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးအား တင္ျပေဆြးေႏြးေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕အား လွ်ပ္စစ္မီးအျပည္႔အဝ ရရိွႏိုင္ေရးအတြက္ ယခုလက္ရိွ မီးေပးေဝေနေသာ ကုမၸဏီနွင္႔ မိုင္းလားအထူးေဒသ(၄)မွ ကုမၸဏီ၊ ျပည္နယ္ လွ်ပ္စစ္ႏွင့္ စြမ္းအင္၀န္ႀကီးတို႔ ေမလ (၁၇) ရက္က က်ိဳင္းတံုၿမိဳ႕တြင္ ေဆြးေႏြးခဲ့ၾကသည္။

"က်ိဳင္းတုံျမိဳ ႔ကို ကြၽန္ေတာ္တို႔ ကုမၸဏီကေနၿပီးေတာ့ မိုင္းလားကေနမီးယူျပီးေပးမွာပါ။ကၽြန္ေတာ္တို႔ စက္ရုံအေနနဲ႔ကေတာ႔ (၆၆)မဂၢါဝပ္ ထြက္ပါတယ္။ဒါေပမဲ့ (၃၃) မဂၢါဝပ္ ကို မိုင္းလားျမိဳ ႔အတြက္ သုံးမွာျဖစ္တဲ႔အတြက္ က်န္တဲ႔အပိုင္းကို က်ိဳင္းတုံကေရာင္းမွာပါ။ ဒါေပမဲ႔ ေႏြရာသီမွာ မိုင္းလားအတြက္ပဲ သုံးႏိုင္မွာျဖစ္တဲ႔အတြက္ အကယ္၍သာ ကြၽန္ေတာ္တို႔ ေနရွင္နယ္ဂရစ္ထဲ ဝင္လာျပီဆိုရင္ေတာ႔ က်ြန္ေတာ္တို႔အေနနဲ႔ ကြၽန္ေတာ္တို႔ နယ္ေျမထဲမွာပဲ (၅၀)  မဂၢါဝပ္ ထြက္တဲ့ ေက်ာက္မီးေသြးစက္ရုံ တည္ေဆာက္ၿပီး ေရာင္းခ်သြားမွာပါ။"ဟု က်ိဳင္းတံုၿမိဳ႕ကို လွ်ပ္စစ္မီးေပးေဝရန္ ကမ္းလွမ္းထားေသာ ရွမ္းျပည္နယ္(အေရွ႔ပိုင္း) ဖြံ႕ၿဖိဳးတိုးတက္ေရးကုမၸဏီမွ ဦးလွေသာင္းက ထည္႔သြင္းေဆြးေႏြးခဲ႔သည္။

ယခု လက္ရွိ က်ိဳင္းတံုၿမိဳ႕ကို လွ်ပ္စစ္မီးေပးေဝေနေသာ ကုမၸဏီတစ္ခုျဖစ္သည္႔ က်ိဳင္းတံုစြမ္းအင္ကုမၸဏီ အေနျဖင္႔လည္း (၁)ႏွစ္တြင္ (၇)လကို (၂၄)နာရီမီးေပးနိုင္ေသာ္လည္း က်န္(၅)လကို ဒီဇယ္မီးစက္မ်ားျဖင္႔ (၁၀)နာရီမွ (၈)နာရီခန္႔သာ မီးေပးနိုင္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔က ေႏြရာသီ မီးအလုံအေလာက္မရလို႔ မိုင္းလားအဖြဲ႔ဆီကေန မီးရယူဖို႔ ေျပာေပမဲ႔ သူတို႔ကေႏြရာသီမွာ ကၽြန္ေတာ္တို႔ကို မေပးနိုင္ဘဲ သူတို႔ပဲသုံးမယ္ဆိုရင္ မယူသင္႔ပါဘူး။ တကယ္လို႔ ေက်ာက္မီးေသြး စက္ရုံတည္ေပးမယ္ ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ ယူသင္႔ပါတယ္။ ယူတဲ႔ေနရာမွာလည္း ကြၽန္ေတာ္တို႔ ကိုယ္တိုင္မီးသြယ္မယ္ဆိုရင္ ဓာတ္အားခ ေပးေဆာင္ရမႈ သက္သာမွာျဖစ္ပါတယ္။အဲဒီလို ကိုယ္တိုင္ဓာတ္အားသြယ္မယ္ဆိုရင္ သိန္း(၈)ေသာင္းေက်ာ္ ကုန္က်မွာျဖစ္ပါတယ္။"ဟု ရွမ္း/အေရွ႕ျပည္နယ္လွ်ပ္စစ္အင္ဂ်င္နီယာ ဦးသိန္းထြန္းဝင္း ကေျပာသည္။

အဆိုပါ ေဆြးေႏြးပြဲမွ ရရွိေသာ ေဆြးေႏြးခ်က္မ်ားအရ ျပည္နယ္လွ်ပ္စစ္နွင္႔ စြမ္းအင္ဝန္ၾကီးအေနျဖင္႔ က်ိဳင္းတံုၿမိဳ႕ကို မီးေပးရန္ကမ္းလွမ္းထားေသာ လာအိုကုမၸဏီ တစ္ခုႏွင္႔ထပ္မံ ေတြ႔ဆုံေဆြးေႏြးသြားမည္ျဖစ္ၿပီး ၎၏ သက္တမ္းကာလအတြင္း က်ိဳင္းတံုၿမိဳ႕ လွ်ပ္စစ္မီးပံုမွန္ရရန္ ေဆာင္ရြက္သြားမည္ဟု ရွမ္းျပည္နယ္ လွ်ပ္စစ္ဝန္ၾကီး ဦးေဆြသိန္းက ေျပာၾကားသည္။

အဆိုပါ ေဆြးေႏြးပြဲအခမ္းအနားသို႔ ျပည္နယ္လွ်ပ္စစ္ဝန္ၾကီး ဦးေဆြသိန္း၊ ျပည္နယ္ ဘ႑ာေရးဝန္ၾကီး ဦးစိုင္းရွန္တစ္လုံ၊ က်ိဳင္းတုံခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေနဦးနွင္႔တကြ ဌာနဆိုင္ရာမွ တာဝန္ရွိသူမ်ား၊ က်ိဳင္းတုံ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ တာဝန္ရိွသူမ်ားနွင္႔ ေဒသခံမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္

...............
ကျိုင်းတုံ၊ မေလ(၁၉)ရက်
မိုင်းလားအထူးဒေသ(၄)ပိုင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ ကျိုင်းတုံမြို့ လျှပ်စစ်မီးလုံလောက်စွာ ဖြန့်ဝေနိုင်ရေး ရှမ်းပြည်နယ်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအား တင်ပြဆွေးနွေးနေကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့အား လျှပ်စစ်မီးအပြည့်အဝ ရရှိနိုင်ရေးအတွက် ယခုလက်ရှိ မီးပေးဝေနေသော ကုမ္ပဏီနှင့် မိုင်းလားအထူးဒေသ(၄)မှ ကုမ္ပဏီ၊ ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးတို့ မေလ (၁၇) ရက်က ကျိုင်းတုံမြို့တွင် ဆွေးနွေးခဲ့ကြသည်။
"ကျိုင်းတုံမြို့ကို ကျွန်တော်တို့ ကုမ္ပဏီကနပြေီးတော့ မိုင်းလားကနေမီးယူပြီးပေးမှာပါ။ကျွန်တော်တို့ စက်ရုံအနေနဲ့ကတော့ (၆၆)မဂ္ဂါဝပ် ထွက်ပါတယ်။ဒါပေမဲ့ (၃၃) မဂ္ဂါဝပ် ကို မိုင်းလားမြို့အတွက် သုံးမှာဖြစ်တဲ့အတွက် ကျန်တဲ့အပိုင်းကို ကျိုင်းတုံကရောင်းမှာပါ။ ဒါပေမဲ့ နွေရာသီမှာ မိုင်းလားအတွက်ပဲ သုံးနိုင်မှာဖြစ်တဲ့အတွက် အကယ်၍သာ ကျွန်တော်တို့ နေရှင်နယ်ဂရစ်ထဲ ဝင်လာပြီဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ နယ်မြေထဲမှာပဲ (၅၀) မဂ္ဂါဝပ် ထွက်တဲ့ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ပြီး ရောင်းချသွားမှာပါ။"ဟု ကျိုင်းတုံမြို့ကို လျှပ်စစ်မီးပေးဝေရန် ကမ်းလှမ်းထားသော ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ ဦးလှသောင်းက ထည့်သွင်းဆွေးနွေးခဲ့သည်။
ယခု လက်ရှိ ကျိုင်းတုံမြို့ကို လျှပ်စစ်မီးပေးဝေနေသော ကုမ္ပဏီတစ်ခုဖြစ်သည့် ကျိုင်းတုံစွမ်းအင်ကုမ္ပဏီ အနဖြေင့်လည်း (၁)နှစ်တွင် (၇)လကို (၂၄)နာရီမီးပေးနိုင်သော်လည်း ကျန်(၅)လကို ဒီဇယ်မီးစက်များဖြင့် (၁၀)နာရီမှ (၈)နာရီခန့်သာ မီးပေးနိုင်ကြောင်း သိရသည်။
"ကျွန်တော်တို့က နွေရာသီ မီးအလုံအလောက်မရလို့ မိုင်းလားအဖွဲ့ဆီကနေ မီးရယူဖို့ ပြောပေမဲ့ သူတို့ကနွေရာသီမှာ ကျွန်တော်တို့ကို မပေးနိုင်ဘဲ သူတို့ပဲသုံးမယ်ဆိုရင် မယူသင့်ပါဘူး။ တကယ်လို့ ကျောက်မီးသွေး စက်ရုံတည်ပေးမယ် ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ယူသင့်ပါတယ်။ ယူတဲ့နေရာမှာလည်း ကျွန်တော်တို့ ကိုယ်တိုင်မီးသွယ်မယ်ဆိုရင် ဓာတ်အားခ ပေးဆောင်ရမှု သက်သာမှာဖြစ်ပါတယ်။အဲဒီလို ကိုယ်တိုင်ဓာတ်အားသွယ်မယ်ဆိုရင် သိန်း(၈)သောင်းကျော် ကုန်ကျမှာဖြစ်ပါတယ်။"ဟု ရှမ်း/အရှေ့ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသိန်းထွန်းဝင်း ကပြောသည်။
အဆိုပါ ဆွေးနွေးပွဲမှ ရရှိသော ဆွေးနွေးချက်များအရ ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအနဖြေင့် ကျိုင်းတုံမြို့ကို မီးပေးရန်ကမ်းလှမ်းထားသော လာအိုကုမ္ပဏီ တစ်ခုနှင့်ထပ်မံ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး၎င်း၏ သက်တမ်းကာလအတွင်း ကျိုင်းတုံမြို့ လျှပ်စစ်မီးပုံမှန်ရရန် ဆောင်ရွက်သွားမည်ဟု ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးဆွေသိန်းက ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲအခမ်းအနားသို့ ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးဆွေသိန်း၊ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှန်တစ်လုံ၊ ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့်တကွ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကျိုင်းတုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း။ ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~