တာခ်ီလိတ္၌ ျမန္မာ - ထိုင္း ကုန္စည္ျပပြဲ (၇)ရက္တိတိ က်င္းပမည္

တာခ်ီလိတ္၌ ျမန္မာ - ထိုင္း ကုန္စည္ျပပြဲ (၇)ရက္တိတိ က်င္းပမည္
မေ 15, 2016
By Tachileik News Agency
တာခ်ီလိတ္၊ ေမလ(၁၅)
တာခ်ီလိတ္၌ (၇)ရက္တိတိ ျမန္မာ - ထိုင္း ကုန္စည္ျပပြဲျပဳလုပ္ရန္အတြက္ ဖြင့္ပြဲျပဳလုပ္မည့္ ကိစၥရပ္မ်ားကို သက္ဆိုင္ရာမ်ားမွ က႑အလိုက္ ပူးေပါင္းပါ၀င္ ေဆာင္ရြက္ႏိုင္ရန္  ယေန႔ ေမလ(၁၅)ရက္ ေန႔လယ္(၂)နာရီအခ်ိန္က တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးရွိ အစည္းေ၀းခန္းမတြင္ အစည္းအေ၀းက်င္းပျပဳလုပ္ခဲ့ၾကသည္။
ျမန္မာ - ထိုင္း ကုန္စည္ျပပြဲအား (၇)တိတိ က်င္းပျပဳလုပ္မည္ျဖစ္ရာ ေအာင္ျမင္စြာ ၿပီးေျမာက္ေစရန္ႏွင့္ လံုၿခံဳေရး ကိစၥရပ္မ်ားႏွင့္ သက္ဆိုင္ရာမ်ား ပူးေပါင္းေဆာင္ရြက္သြားႏိုင္ေရး၊ အဆိုပါ ကုန္စည္ျပပြဲသို႔ ျပည္နယ္၀န္ႀကီးမ်ား လာေရာက္မည့္ ကိစၥရပ္ႏွင့္ ထိုင္းဘက္အႀကီးအကဲမ်ား လာေရာက္မည့္ ကိစၥမ်ားအတြက္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊႏွင့္ တာ၀န္ရွိသူမ်ားမွ ေတြ႕ဆံုေဆြးေႏြးၾကျခင္း ျဖစ္သည္။
တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္၊ ေမဖလား၀ါးကြင္းရွိ ဟုတ္တက္မဂၤလာခန္းမ၌ ေမလ(၁၆)ရက္ေန႔မွ ေမလ(၂၂)ရက္ေန႔အထိ (၇)ရက္တိတိ ဖြင့္လွစ္ကာ ေရာင္းခ်မွာ ျဖစ္ၿပီး၊  ျမန္မာ - ထိုင္း ကုန္စည္ျပပြဲတြင္ ကုန္ပစၥည္းမ်ဳိးစံုလာေရာက္ ျပသေရာင္းခ်သြားမွာ ျဖစ္ေၾကာင္း ႏွင့္ ဖြင့္ပြဲအား ေမလ(၁၈)ရက္ေန႔၌ စည္ကားသိုက္ၿမိဳက္စြာျဖင့္ က်င္းပျပဳလုပ္မွာ ျဖစ္ေၾကာင္းအျပင္ ဖြင့္လွစ္ေရာင္းခ်ခ်ိန္ကို ေန႔စဥ္ နံနက္(၁၀)နာရီမွ ည(၇)နာရီအခ်ိန္ထိ သတ္မွတ္ကာ ေရာင္းခ်ေပးသြားမွာ ျဖစ္ေၾကာင္း သိရသည္။ 
.................
တာချီလိတ်၊ မေလ(၁၅)
တာချီလိတ်၌ (၇)ရက်တိတိ မြန်မာ - ထိုင်း ကုန်စည်ပြပွဲပြုလုပ်ရန်အတွက် ဖွင့်ပွဲပြုလုပ်မည့် ကိစ္စရပ်များကို သက်ဆိုင်ရာများမှ ကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ယနေ့ မေလ(၁၅)ရက် နေ့လယ်(၂)နာရီအချိန်က တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းေဝးခန်းမတွင် အစည်းအေဝးကျင်းပပြုလုပ်ခဲ့ကြသည်။
မြန်မာ - ထိုင်း ကုန်စည်ပြပွဲအား (၇)တိတိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အောင်မြင်စွာ ပြီးမြောက်စေရန်နှင့် လုံခြုံရေး ကိစ္စရပ်များနှင့် သက်ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ အဆိုပါ ကုန်စည်ပြပွဲသို့ ပြည်နယ်ဝန်ကြီးများ လာရောက်မည့် ကိစ္စရပ်နှင့် ထိုင်းဘက်အကြီးအကဲများ လာရောက်မည့် ကိစ္စများအတွက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် တာဝန်ရှိသူများမှ တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။
တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းရှိ ဟုတ်တက်မင်္ဂလာခန်းမ၌ မေလ(၁၆)ရက်နေ့မှ မေလ(၂၂)ရက်နေ့အထိ (၇)ရက်တိတိ ဖွင့်လှစ်ကာ ရောင်းချမှာ ဖြစ်ပြီး၊ မြန်မာ - ထိုင်း ကုန်စည်ပြပွဲတွင် ကုန်ပစ္စည်းမျိုးစုံလာရောက် ပြသရောင်းချသွားမှာ ဖြစ်ကြောင်း နှင့် ဖွင့်ပွဲအား မေလ(၁၈)ရက်နေ့၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်းအပြင် ဖွင့်လှစ်ရောင်းချချိန်ကို နေ့စဉ် နံနက်(၁၀)နာရီမှ ည(၇)နာရီအချိန်ထိ သတ်မှတ်ကာ ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~