တာခ်ီလိတ္၌ ျပဳလုပ္သည့္ ႏွစ္(၇၀)ျပည့္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔ေန႔ အခမ္းအနားတြင္ ကယ္ဆယ္ေရးႏွင့္မီးၿငႇိမ္းသတ္ျခင္း သရုပ္ျပမႈထည့္တြင္း

တာခ်ီလိတ္၌ ျပဳလုပ္သည့္ ႏွစ္(၇၀)ျပည့္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔ေန႔ အခမ္းအနားတြင္ ကယ္ဆယ္ေရးႏွင့္မီးၿငႇိမ္းသတ္ျခင္း သရုပ္ျပမႈထည့္တြင္း
မေ 5, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမ(၅)
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ႏွစ္(၇၀)ျပည့္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔ အခမ္းအနားအား အေရးေပၚ ကယ္ဆယ္ေရး ႏွင့္ မီးၿငိႇမ္းသတ္ေရးစြမ္းရည္သရုပ္ျပမ်ားျဖင့္ ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴးရုံး ႏွင့္ ရွမ္းရိုးမကြင္း အတြင္း ေမလ (၅)ရက္ေန႔ နံနက္ပိုင္းက  က်င္းပ ျပဳလုပ္ခဲ့သည္။

အဆိုပါ အခမ္းအနားတြင္ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး၊ ညြန္ၾကားေရးမွဴး ဦးတင္၀င္းေရႊက မိန္းခြန္းေျပာၾကားၿပီးေနာက္၊ တက္ေရာက္လာေသာ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ ႏိုင္ငံေရးပါတီ၀င္မ်ား ႏွင့္ လူမႈ႕ေရးအသင္းအဖြဲ႕မ်ားအား အေရးေပၚ ကယ္ဆယ္ေရး ႏွင့္မီးၿငိႇမ္းသတ္ေရးစြမ္းရည္သရုပ္ျပမ်ားကို ျပသခဲ့ေၾကာင္းသိရသည္။

“မနက္ (၆)ခြဲေလာက္မွာ မီးသတ္ယာဥ္ေတြနဲ႔ ၿမိဳ႕ကိုပတ္ပါတယ္။ ယခု မီးၿငိမ္းသတ္ သရုပ္ျပသတဲ့ အခါမွာလည္း (၇)မ်ိဳးေလာက္ျပပါတယ္။ အခုၿမိဳ႕ေပၚရပ္ကြက္မ်ားမွာ မီးေဘးအႏၱရာယ္ ႀကိဳတင္ေဆာင္ရြက္ခ်က္အေနနဲ႔ ရပ္ကြက္အတြင္းရွိ မီးသတ္ေရေလာင္ကန္ေတြကို ေရ ရွိ/မရွိ စစ္ေဆးမွႈေတြျပဳလုပ္ၿပီး ေရမရွိဘူးဆိုရင္ ေရျဖည့္တာေတြ ျပဳလုပ္ေနလွ်က္ရွိပါတယ္။”ဟု တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး၊ ဦးစီးအရာရွိ ဦးေက်ာ္ကိုကို က ေျပာသည္။

မီးၿငိႇမ္းသတ္ သရုပ္ျပအေနျဖင့္ ေရတြင္းထဲ ပိတ္ေလွာင္ေနသူအား ကယ္ဆယ္နည္း ၊ မီးေလာင္ေနေသာ အထပ္ျမင့္ အေဆာင္အဦမွ ဒုကၡေရာက္သူအား ကယ္ဆယ္နည္း၊ ေတာင္ေအာက္တြင္ က်ေနသူအား ေတာင္ေပၚ အသက္ကယ္နည္းျဖင့္ ကယ္ျခင္း ၊ အပူရွိန္ (၁၀၀၀)ဒီဂရီခံ ၀တ္စုံ၀တ္၍ မီးထဲျဖတ္ေလွ်ာက္ျပျခင္း ၊ မီးမ်ားအား ေရမႈန္ေရမႊာ ၊ အျမႇဳပ္ေဆးရည္ျဖင့္ ၿငိမ္းသတ္ျပျခင္း ၊ ဖုန္းေနာ္ဆယ္ အျမႇဳပ္ေဆးရည္ျဖင့္ ဆီမီးေလာင္မွႈအား ျငိမ္းသတ္ျပျခင္း ႏွင့္ မီးသတ္ေန႔ဂုဏ္ၿပဳေသာအားျဖင့္ အ၀ါ ၊ အနီ ၊အျပာ ေဆးရည္ျဖင့္ ေရျဖန္းပတ္ျခင္း စသည္တို႔ကို ျပသခဲ့ေၾကာင္း သိရသည္။

ယင္းအခမ္းအနားတြင္ အရန္မီးသတ္တပ္ရင္းရုံးတည္ေဆာက္ရန္အတြက္ ေျမေနရာလွဴဒါန္းေပးေသာ “ဟိုတယ္တာခ်ီလိတ္”ႏွင့္ “ဘုရင့္ေနာင္ေစ်း”ပိုင္ရွင္ ဦးထြန္းေနဦး+ေဒၚခင္ခင္ခ်ိဳ မိသားစုတို႔အား လည္းေကာင္း ၊ ရွမ္းစုရြာ မီးေလာင္စဥ္က စြမ္းစြမ္းတမံ မီးၿငိမ္းသတ္ခဲ့ေသာ မီးသတ္တပ္ဖြဲ႕၀င္မ်ားအား က်ပ္(၅)သိန္းလွဴဒါန္းေပးသည့္ “အားမာန္ဦး”ကုမၸဏီအားလည္းေကာင္း ၊ တာခ်ီလိတ္ၿမိဳ႕နယ္ မီးသတ္ဦးစီးမွဴးရံုးအတြက္ ႏွစ္စဥ္စက္သံုးဆီမ်ားလွဴဒါန္းေပးေသာ စက္သံုးဆီဆိုင္ႀကီးမ်ားအား လည္းေကာင္း၊ မီးသတ္တပ္ဖြဲ႔၀င္မ်ားအား ဘတ္(၆၀၀၀)လွဴဒါန္းေပးသည့္ “Good Star” အုတ္ဘေလာက္လုပ္ငန္း ဦးစိုင္းဆိုက္ + ေဒၚနန္းေက်ာက္အား လည္းေကာင္း ၊ အရန္မီးသတ္အေဆာက္အဦ ေဆာက္လုပ္ရန္အတြက္ ဘတ္(၁၀၀၀၀) လွဴဒါန္းေသာ ရွမ္း(အေရွ႕)သတင္းစာဆရာအသင္း(MJA) ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္အား လည္းေကာင္း ဂုဏ္ျပဳလႊာမ်ား ေပးအပ္ခဲ့သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ အရန္မီးသတ္တပ္ဖြဲ႕၀င္ (၁၈၂၆)ဦး ႏွင့္ သေႏၶမီးသတ္တပ္ဖြဲ႕၀င္ (၃၀)ဦးရွိျပီး၊ ၂၀၁၄ ခုနွစ္မွာ မီးေလာင္မႈအႀကိမ္ (၇) ႀကိမ္ျဖစ္ပြားခဲ့ကာ က်ပ္ (၉၆၅၀၀၀)ခန္႔ ဆုံးရွဳံးခဲ့ၿပီး ၂၀၁၅ ခုႏွစ္တြင္ မီးေလာင္မႈအႀကိမ္ (၉) ႀကိမ္ျဖစ္ပြားခဲ့ျပီး က်ပ္ (၁၁၈၅၅၀၀)ခန္႕ ဆုံးရွဳံးခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု။  ။ ေဇာင္းညီ
......................

တာချီလိတ်၊ မေ(၅)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ်တွင် နှစ်(၇၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအား အရေးပေါ် ကယ်ဆယ်ရေး နှင့် မီးငြှိမ်းသတ်ရေးစွမ်းရည်သရုပ်ပြများဖြင့် မြို့နယ်မီးသတ်ဦးစီးမှူးရုံး နှင့် ရှမ်းရိုးမကွင်း အတွင်း မေလ (၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ညွန်ကြားရေးမှူး ဦးတင်ဝင်းရွှေက မိန်းခွန်းပြောကြားပြီးနောက်၊ တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေးပါတီဝင်များ နှင့် လူမှု့ရေးအသင်းအဖွဲ့များအား အရေးပေါ် ကယ်ဆယ်ရေး နှင့်မီးငြှိမ်းသတ်ရေးစွမ်းရည်သရုပ်ပြများကို ပြသခဲ့ကြောင်းသိရသည်။

“မနက် (၆)ခွဲလောက်မှာ မီးသတ်ယာဉ်တွေနဲ့ မြို့ကိုပတ်ပါတယ်။ ယခု မီးငြိမ်းသတ် သရုပ်ပြသတဲ့ အခါမှာလည်း (၇)မျိုးလောက်ပြပါတယ်။ အခုမြို့ပေါ်ရပ်ကွက်များမှာ မီးဘေးအန္တရာယ် ကြိုတင်ဆောင်ရွက်ချက်အနေနဲ့ ရပ်ကွက်အတွင်းရှိ မီးသတ်ရေလောင်ကန်တွေကို ရေ ရှိ/မရှိ စစ်ဆေးမှုတွပြေုလုပ်ပြီး ရေမရှိဘူးဆိုရင် ရဖြေည့်တာတွေ ပြုလုပ်နေလျှက်ရှိပါတယ်။”ဟု တာချီလိတ်မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးကျော်ကိုကို က ပြောသည်။

မီးငြှိမ်းသတ် သရုပ်ပြအနဖြေင့် ရေတွင်းထဲ ပိတ်လှောင်နေသူအား ကယ်ဆယ်နည်း၊ မီးလောင်နေသော အထပ်မြင့် အဆောင်အဦမှ ဒုက္ခရောက်သူအား ကယ်ဆယ်နည်း၊ တောင်အောက်တွင် ကျနေသူအား တောင်ပေါ် အသက်ကယ်နည်းဖြင့် ကယ်ခြင်း၊ အပူရှိန် (၁၀၀၀)ဒီဂရီခံ ဝတ်စုံဝတ်၍ မီးထဲဖြတ်လျှောက်ပြခြင်း၊ မီးများအား ရေမှုန်ရေမွှာ၊ အမြှုပ်ဆေးရည်ဖြင့် ငြိမ်းသတ်ပြခြင်း၊ ဖုန်းနော်ဆယ် အမြှုပ်ဆေးရည်ဖြင့် ဆီမီးလောင်မှုအား ငြိမ်းသတ်ပြခြင်း နှင့် မီးသတ်နေ့ဂုဏ်ပြုသောအားဖြင့် အဝါ၊ အနီ၊အပြာ ဆေးရည်ဖြင့် ရဖြေန်းပတ်ခြင်း စသည်တို့ကို ပြသခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် အရန်မီးသတ်တပ်ရင်းရုံးတည်ဆောက်ရန်အတွက် မြေနေရာလှူဒါန်းပေးသော “ဟိုတယ်တာချီလိတ်”နှင့် “ဘုရင့်နောင်ဈေး”ပိုင်ရှင် ဦးထွန်းနေဦး+ဒေါ်ခင်ခင်ချို မိသားစုတို့အား လည်းကောင်း၊ ရှမ်းစုရွာ မီးလောင်စဉ်က စွမ်းစွမ်းတမံ မီးငြိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များအား ကျပ်(၅)သိန်းလှူဒါန်းပေးသည့် “အားမာန်ဦး”ကုမ္ပဏီအားလည်းကောင်း၊ တာချီလိတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးအတွက် နှစ်စဉ်စက်သုံးဆီများလှူဒါန်းပေးသော စက်သုံးဆီဆိုင်ကြီးများအား လည်းကောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအား ဘတ်(၆၀၀၀)လှူဒါန်းပေးသည့် “Good Star” အုတ်ဘလောက်လုပ်ငန်း ဦးစိုင်းဆိုက် + ဒေါ်နန်းကျောက်အား လည်းကောင်း၊ အရန်မီးသတ်အဆောက်အဦ ဆောက်လုပ်ရန်အတွက် ဘတ်(၁၀၀၀၀) လှူဒါန်းသော ရှမ်း(အရှေ့)သတင်းစာဆရာအသင်း(MJA) ဥက္ကဌ ဦးအောင်ဖြိုးရှိန်အား လည်းကောင်း ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့သည်။

တာချီလိတ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၈၂၆)ဦး နှင့် သန္ဓမေီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦးရှိပြီး၊ ၂၀၁၄ ခုနှစ်မှာ မီးလောင်မှုအကြိမ် (၇) ကြိမ်ဖြစ်ပွားခဲ့ကာ ကျပ် (၉၆၅၀၀၀)ခန့် ဆုံးရှုံးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မီးလောင်မှုအကြိမ် (၉) ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ် (၁၁၈၅၅၀၀)ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~