မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ဆိုးများ ပြေပျောက်စေရန်အတွက် တာချီလိတ်၌ အန္တရာယ်ကင်းပရိတ်ရွတ်ပြီး အလှူအတန်းပြုလုပ်မည်

မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ဆိုးများ ပြေပျောက်စေရန်အတွက် တာချီလိတ်၌ အန္တရာယ်ကင်းပရိတ်ရွတ်ပြီး အလှူအတန်းပြုလုပ်မည်
မေ 17, 2016
By Tachileik News Agency

တာချီလိတ်၊ မေလ(၁၇)
မြန်မာနိုင်ငံ အနှံ့အပြားတွင် ကျရောက်နေသော သဘာဝဘေးအန္တရာယ်ဆိုးများ ပြေပျောက်ရန်အတွက် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၊ ဆရာတော်ဘုရားကြီးမှ ကြီးမှူးကာ မေလ(၁၉)ရက်နေ့ နံနက်(၈)နာရီတွင် ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်မည်ဖြစ်သည့် အတွက် တာချီလိတ်မြို့နေ ပြည်သူများအနေဖြင့် ပါဝင်ကုသိုလ်ယူနိုင်ရန် အကျိုးတော်ဆောင်များမှ အသိပေး နှိုးဆော်ထားကြောင်း သိရသည်။



.........

တာချီလိတ်၊ မေလ(၁၇)
မြန်မာနိုင်ငံ အနှံ့အပြားတွင် ကျရောက်နေသော သဘာဝဘေးအန္တရာယ်ဆိုးများ ပြေပျောက်ရန်အတွက် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၊ ဆရာတော်ဘုရားကြီးမှ ကြီးမှူးကာ မေလ(၁၉)ရက်နေ့ နံနက်(၈)နာရီတွင် ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်မည်ဖြစ်သည့် အတွက် တာချီလိတ်မြို့နေ ပြည်သူများအနဖြေင့် ပါဝင်ကုသိုလ်ယူနိုင်ရန် အကျိုးတော်ဆောင်များမှ အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းအား တာချီလိတ်မြို့ တစ်ပင်ရွှေထီးလုပ်ငန်းစု "ဦအားဖာ"မိသားစုမှ နံနက်စာဖြင့် စတုဒိသာကျွေး၍ လှူဒါန်းကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှု အခမ်းအနားကို တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ပြည်သူ့နတ်နန်း အဘကိုးမြို့ရှင် ဗိမာန်တော်ကြီး အတွင်း၌ ၂၀၁၆ခုနှစ် မေလ(၁၉)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း လာရောက်နိုင်မည့် ဧည့်ပရိတ်သတ် (၆၀၀)ကျော် ခန့်မှန်းထားကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~