အိႏၵိယဆယ္ေက်ာ္သက္တစ္ဦး ဆယ္လ္ဖီရိုက္ရင္း ေသဆံုး

အိႏၵိယဆယ္ေက်ာ္သက္တစ္ဦး ဆယ္လ္ဖီရိုက္ရင္း ေသဆံုး
မေ 2, 2016
By Tachileik News Agency

ဘာသာျပန္၊ ေမလ(၂)
အိႏၵိယဆယ္ေက်ာ္သက္တစ္ဦး ဆယ္လ္ဖီရိုက္ရင္း မေတာ္တဆျဖစ္ၿပီး ေသဆံုးသြားခဲ့ပါတယ္။

အသက္ ၁၅ ႏွစ္အရြယ္ ရာမန္ဒီဆင္းက သူ႔အေဖရဲ႕ ပစၥတိုန႔ဲ ပို႔စ္ေပးၿပီး ဓါတ္ပံုရိုက္ရာကေန ခလုတ္ကို အမွတ္မထင္ဆြဲမိသြားၿပီး ေသဆံုးသြားတာလို႔ ပန္ဂ်ပ္ျပည္နယ္ ပထန္ေကာ့ရဲတပ္ဖြဲ႕က ဒုတိယရဲအရာရိွ မာႏိြဳက္ကူမာက ေျပာပါတယ္။

ေသနတ္ေမာင္းခလုတ္က ပြင့္ေနတာေၾကာင့္ လို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔က မေတာ္တဆျဖစ္ျဖစ္ခ်င္းမွာပဲ ဆင္းကို ေဆးရံုပို႔ၿပီး ခြဲစိတ္ကုသမႈလုပ္ေပးေပမဲ့ တနဂၤေႏြေန႔ ေန႔လယ္ပိုင္းမွာ ကြယ္လြန္သြားခဲ့ပါတယ္။

ဆယ္လ္ဖီရိုက္ရင္း မေတာ္တဆေသဆံုးမႈစာရင္းမွာ အိႏၵိယႏိုင္ငံက ထိပ္ဆံုးမွာရိွေနေၾကာင္း ဒီႏွစ္အေစာပိုင္းက ထုတ္ျပန္လိုက္တဲ့ ကိန္းဂဏန္းမ်ားအရ သိရပါတယ္။

ဆယ္လ္ဖီရိုက္ရင္း ေသဆံုးရတဲ့ ကမၻာတဝွမ္းတြင္ သံုးႏွစ္တာစာရင္းအရ (၄၉) ဦးေသဆံုးတဲ့အနက္ အိႏၵိယက (၁၉)ဦးေသဆံုးခဲ့တာေၾကာင့္ တစ္ကမၻာလံုးရဲ႕ (၄၀)ရာခိုင္ႏႈန္းရိွေနတာပါ။

ဒီလိုေသဆံုးတဲ့ ႏႈန္းျမင့္မားမႈေၾကာင့္လည္း ဒီႏွစ္အေစာပိုင္းမွာ အာဏာပိုင္ေတြက မြမ္ဘိုင္းၿမိဳ႕ကို ဆယ္လ္ဖီမရိုက္ရဇုန္အျဖစ္ သတ္မွတ္ထားပါတယ္။

လူအမ်ား သြားလာ လည္ပတ္မႈမ်ားတဲ့ ေနရာမွာ ဆယ္လ္ဖီတုတ္တံေတြနဲ႔ လူငယ္ေတြမ်ားလာျခင္းေၾကာင့္၊ အကယ္၍ အႏၱရာယ္ရိွႏိုင္တဲ့ အေနအထားနဲ႔ ဆယ္လ္ဖီရိုက္ဖို႔ႀကိဳးစားေနတာကို ေတြ႔ရင္ တားျမစ္ဖို႔ ရဲတပ္ဖြဲ႕ကို ညႊန္ၾကားထားပါတယ္။

ဘာသာျပန္။  ။ ဇာႏွင္းထိုက္
Ref; CNN

..............

ဘာသာပြန်၊ မေလ(၂)
အိန္ဒိယဆယ်ကျော်သက်တစ်ဦး ဆယ်လ်ဖီရိုက်ရင်း မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။

အသက် ၁၅ နှစ်အရွယ် ရာမန်ဒီဆင်းက သူ့အဖေရဲ့ ပစ္စတိုနဲ့ ပို့စ်ပေးပြီး ဓာတ်ပုံရိုက်ရာကနေ ခလုတ်ကို အမှတ်မထင်ဆွဲမိသွားပြီး သေဆုံးသွားတာလို့ ပန်ဂျပ်ပြည်နယ် ပထန်ကော့ရဲတပ်ဖွဲ့က ဒုတိယရဲအရာရှိ မာနွိုက်ကူမာက ပြောပါတယ်။

သေနတ်မောင်းခလုတ်က ပွင့်နေတာကြောင့် လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က မတော်တဆဖြစ်ဖြစ်ချင်းမှာပဲ ဆင်းကို ဆေးရုံပို့ပြီး ခွဲစိတ်ကုသမှုလုပ်ပေးပေမဲ့ တနင်္ဂေနွနေ့ နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဆယ်လ်ဖီရိုက်ရင်း မတော်တဆသေဆုံးမှုစာရင်းမှာ အိန္ဒိယနိုင်ငံက ထိပ်ဆုံးမှာရှိနေကြောင်း ဒီနှစ်အစောပိုင်းက ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းများအရ သိရပါတယ်။

ဆယ်လ်ဖီရိုက်ရင်း သေဆုံးရတဲ့ ကမ္ဘာတဝှမ်းတွင် သုံးနှစ်တာစာရင်းအရ (၄၉) ဦးသေဆုံးတဲ့အနက် အိန္ဒိယက (၁၉)ဦးသေဆုံးခဲ့တာကြောင့် တစ်ကမ္ဘာလုံးရဲ့ (၄၀)ရာခိုင်နှုန်းရှိနေတာပါ။

ဒီလိုသေဆုံးတဲ့ နှုန်းမြင့်မားမှုကြောင့်လည်း ဒီနှစ်အစောပိုင်းမှာ အာဏာပိုင်တွေက မွမ်ဘိုင်းမြို့ကို ဆယ်လ်ဖီမရိုက်ရဇုန်အဖြစ် သတ်မှတ်ထားပါတယ်။

လူအများ သွားလာ လည်ပတ်မှုများတဲ့ နေရာမှာ ဆယ်လ်ဖီတုတ်တံတွေနဲ့ လူငယ်တွေများလာခြင်းကြောင့်၊ အကယ်၍ အန္တရာယ်ရှိနိုင်တဲ့ အနေအထားနဲ့ ဆယ်လ်ဖီရိုက်ဖို့ကြိုးစားနေတာကို တွေ့ရင် တားမြစ်ဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားထားပါတယ်။

ဘာသာပြန်။ ဇာနှင်းထိုက်
Ref; CNN

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~