တာခ်ီလိတ္ၿမိဳ႕တြင္း လမ္းသားခ်ဲဲ႕ထြင္ျခင္းအား ဆက္လက္ လုပ္ေဆာင္မည္

တာခ်ီလိတ္ၿမိဳ႕တြင္း လမ္းသားခ်ဲဲ႕ထြင္ျခင္းအား ဆက္လက္ လုပ္ေဆာင္မည္
မေ 13, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၁၃)ရက္
႐ွမ္းျပည္နယ္(အေ႐ွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္း အဓိကလမ္းမျဖစ္ေသာ ဗိုလ္ခ်ဳပ္လမ္းမႀကီးတိုးခ်ဲ႕ျခင္းကို ေငြက်ပ္ (၁၉၀၇)သိန္း အသုံးျပဳခဲ့ၿပီး ယခု ဘ႑ာႏွစ္တြင္ လမ္းခ်ဲ႕ျခင္းအား ဆက္လက္လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ သိရသည္။

"ဒီႏွစ္မွာ ဆက္လုပ္ဖို႔႐ွိတယ္။ အဲဒါက ဒီႏွစ္မွာ လ်ာထားတဲ့ ေငြထက္ပိုရတဲ့ အေျခအေနမွာ ျဖည့္စြက္လုပ္ငန္းအေနနဲ႔ တင္ျပတဲ့လုပ္ငန္း႐ွိတယ္။ အဲဒီလုပ္ငန္းအေနနဲ႔ ဒီဘက္ကမခ်ဲ့ရေသးတဲ့ ဆန္ဆိုင္းရပ္ကြက္ဘက္ေတြ၊ လမ္းေကြ႔လမ္းျဖတ္မ်ားတဲ့ေနရာေတြမွာ ရ႐ွိတဲ့ဘ႑ာေငြေပၚမူတည္ၿပီး ထပ္ခ်ဲ႕ဖို႔႐ွိပါတယ္။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ဒုတိယၫႊန္ၾကားေရးမွဴး ဦးေက်ာ္မိုးထြန္းက ေျပာသည္။

အဆိုပါ လမ္းခ်ဲ႕ျခင္းအား ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္၏ ျဖည့္စြက္လုပ္ငန္းအေနျဖင့္ ေဖေဖာ္ဝါရီလ အတြင္းက စတင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

"အခုလမ္းခ်ဲ႕ၿပီးတာက ေပ (၂၇၀၀) ႐ွိတဲ့လမ္း တစ္ဖက္စီကို (၆)ေပစီ ထပ္ခ်ဲ႕တယ္။ (၆)ေပအထိ သတ္မွတ္ထားေပမဲ့ တခ်ိဳ႕ထပ္ခ်ဲ႕လို႔ရတဲ့ေနရာေတြမွာ (၈) ေပအထိခ်ဲ႕တာ႐ွိတယ္။ (၁၀) ေပအထိ ထပ္ခ်ဲ႕တာ႐ွိတယ္။ အခုေဆး႐ုံအေ႐ွ႕လမ္းနားမွာဆို ထပ္ခ်ဲ့လို႔ရေတာ့ အက်ယ္ႀကီးျဖစ္သြားတယ္။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးမွ လက္ေထာက္အင္ဂ်င္နီယာ ဦးေဇာ္မ်ိဳးဝင္းက ေျပာသည္။

အဆိုပါ လမ္းမႀကီးမွာ အသံုးျပဳမႈမ်ားျခင္းေၾကာင့္ ယာဥ္ေၾကာက်ပ္တည္းမႈ မၾကာခဏ ျဖစ္ပြားေလ့ရိွေနသျဖင့္ လမ္းခ်ဲ႕ရျခင္းျဖစ္ေၾကာင္း သိရသည္။

လမ္းမ်ားခ်ဲ႕သည့္အခါ တြင္ လမ္းမေဘးမွ ေစ်းဆိုင္ခန္းမ်ား ေ႐ွ႕တိုးေဆာက္ထားျခင္းမ်ားကို ပိုင္ဆိုင္မႈ ေျမစာရင္းမ်ားႏွင့္တိုက္စစ္ၿပီး စာျဖင့္ေသာ္လည္းေကာင္း၊ ႏႈတ္ျဖင့္ေသာ္လည္းေကာင္း အသိေပးမည္ျဖစ္ၿပီး က်ဴးထားတဲ့ေနရာမ်ားကို ဖ်က္ေစ၍ လမ္းခ်ဲ႕႔သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ

....................

တာချီလိတ်၊ မေလ(၁၃)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း အဓိကလမ်းမဖြစ်သော ဗိုလ်ချုပ်လမ်းမကြီးတိုးချဲ့ခြင်းကို ငွေကျပ် (၁၉၀၇)သိန်း အသုံးပြုခဲ့ပြီး ယခု ဘဏ္ဍာနှစ်တွင် လမ်းချဲ့ခြင်းအား ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တာချီလိတ် မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

"ဒီနှစ်မှာ ဆက်လုပ်ဖို့ရှိတယ်။ အဲဒါက ဒီနှစ်မှာ လျာထားတဲ့ ငွေထက်ပိုရတဲ့ အခြေအနေမှာ ဖြည့်စွက်လုပ်ငန်းအနေနဲ့ တင်ပြတဲ့လုပ်ငန်းရှိတယ်။ အဲဒီလုပ်ငန်းအနေနဲ့ ဒီဘက်ကမချဲ့ရသေးတဲ့ ဆန်ဆိုင်းရပ်ကွက်ဘက်တွေ၊ လမ်းကွေ့လမ်းဖြတ်များတဲ့နေရာတွေမှာ ရရှိတဲ့ဘဏ္ဍာငွေပေါ်မူတည်ပြီး ထပ်ချဲ့ဖို့ရှိပါတယ်။"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။

အဆိုပါ လမ်းချဲ့ခြင်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၏ ဖြည့်စွက်လုပ်ငန်းအနဖြေင့် ဖေဖော်ဝါရီလ အတွင်းက စတင်နခြေင်းဖြစ်ကြောင်း သိရသည်။

"အခုလမ်းချဲ့ပြီးတာက ပေ (၂၇၀၀) ရှိတဲ့လမ်း တစ်ဖက်စီကို (၆)ပေစီ ထပ်ချဲ့တယ်။ (၆)ပေအထိ သတ်မှတ်ထားပေမဲ့ တချို့ထပ်ချဲ့လို့ရတဲ့နေရာတွေမှာ (၈) ပေအထိချဲ့တာရှိတယ်။ (၁၀) ပေအထိ ထပ်ချဲ့တာရှိတယ်။ အခုဆေးရုံအရှေ့လမ်းနားမှာဆို ထပ်ချဲ့လို့ရတော့ အကျယ်ကြီးဖြစ်သွားတယ်။"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးမှ လက်ထောက်အင်ဂျင်နီယာ ဦးဇော်မျိုးဝင်းက ပြောသည်။

အဆိုပါ လမ်းမကြီးမှာ အသုံးပြုမှုများခြင်းကြောင့် ယာဉ်ကြောကျပ်တည်းမှု မကြာခဏ ဖြစ်ပွားလေ့ရှိနေသဖြင့် လမ်းချဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လမ်းများချဲ့သည့်အခါ တွင် လမ်းမဘေးမှ ဈေးဆိုင်ခန်းများ ရှေ့တိုးဆောက်ထားခြင်းများကို ပိုင်ဆိုင်မှု မြေစာရင်းများနှင့်တိုက်စစ်ပြီး စာဖြင့်သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း အသိပေးမည်ဖြစ်ပြီး ကျူးထားတဲ့နေရာများကို ဖျက်စေ၍ လမ်းချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~