ကျပ်(၁၅)သိန်းခွဲဖိုးရှိ ဖုန်းငွေဖြည့်ကတ်အား ယာဉ်ပေါ်တွင်ပါလာသူမှ ခိုးယူ

ကျပ်(၁၅)သိန်းခွဲဖိုးရှိ ဖုန်းငွေဖြည့်ကတ်အား ယာဉ်ပေါ်တွင်ပါလာသူမှ ခိုးယူ
မေ 13, 2016
By Tachileik News Agency

ကျိုင်းတုံ၊ မေလ (၁၃) ရက်
မိုင်းယန်းမြိှု့မှ ကျိုင်းတုံမြို့သို့ ပြန်လာသည့် MPT GSM ငွေဖြည့်ကတ်ဖြန့်ချိရေးဝန်ထမ်းနှစ်ဦးထံမှ တန်ဖိုးငွေ (၁၅)သိန်းခွဲဖိုးရှိသည့် ငွေဖြည့်ကတ် အား ယာဉ်နောက်လိုက်က ခိုးယူခဲ့သည်ဟုယူဆသဖြင့် ဖမ်းဆီးရမိရန် ကြိုးစားနေကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှ သိရပါတယ်။

အဆိုပါ အရောင်းဝန်ထမ်းနှစ်ဦးသည် မေလ (၈) ရက် နံနက် (၁၀) နာရီ အချိန်၌ မိုင်းယန်းမှ ကျိုင်းတုံသို့ ခရီးသည်ယာဉ်ဖြင့် စီးနင်းပြန်လာခဲ့ရာ ကားအမိုးပေါ်တွင်တင်ထားသည့်  သော့ခတ်ထားသော ခရီးဆောင်အိတ်အတွင်းမှ (၅၀၀၀) တန် GSM ငွေဖြည့်ကတ် (၃၁၀) ကတ် အား အိတ်ဖောက်ကာ ခိုးယူခံရခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သတင်းရရှိပါတယ်။



ထိုနေ့ ညနေ (၃) နာရီအချိန်၌ အဆိုပါယာဉ်မှာ ကျိုင်းတုံမြို့သို့်ရောက်ရှိခဲ့ပြီး MPT ဖြန့်ချိရေးဝန်ထမ်းနှစ်ဦးသည် နောင်တုံမိုတယ်တွင် တည်းခိုစဉ် ၎င်းတို့၏ အိတ်များကို စစ်ဆေးကြည့်ရာ အိတ်အတွင်းမှ (၅၀၀၀) တန် GSM ငွေဖြည့်ကတ်များ ခိုးယူခံရကြောင်း သိရသည့်အတွက်  MPT ရုံးသို့ ဖုန်းဆက်အကြောင်းကြားရာ ပျောက်ဆုံးနေသော ငွေဖြည့်ကတ်များ သုံးစွဲမှုအား စစ်ဆေးထားခြင်းဖြစ်ကြောင်း သိရပါတယ်။


သတင်း။  ။ ဇင်အောင်
...............

ကျိုင်းတုံ၊ မေလ (၁၃) ရက်
မိုင်းယန်းမြှို့မှ ကျိုင်းတုံမြို့သို့ ပြန်လာသည့် MPT GSM ငွဖြေည့်ကတ်ဖြန့်ချိရေးဝန်ထမ်းနှစ်ဦးထံမှ တန်ဖိုးငွေ (၁၅)သိန်းခွဲဖိုးရှိသည့် ငွဖြေည့်ကတ် အား ယာဉ်နောက်လိုက်က ခိုးယူခဲ့သည်ဟုယူဆသဖြင့် ဖမ်းဆီးရမိရန် ကြိုးစားနေကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှ သိရပါတယ်။

အဆိုပါ အရောင်းဝန်ထမ်းနှစ်ဦးသည် မေလ (၈) ရက် နံနက် (၁၀) နာရီ အချိန်၌ မိုင်းယန်းမှ ကျိုင်းတုံသို့ ခရီးသည်ယာဉ်ဖြင့် စီးနင်းပြန်လာခဲ့ရာ ကားအမိုးပေါ်တွင်တင်ထားသည့် သော့ခတ်ထားသော ခရီးဆောင်အိတ်အတွင်းမှ (၅၀၀၀) တန် GSM ငွဖြေည့်ကတ် (၃၁၀) ကတ် အား အိတ်ဖောက်ကာ ခိုးယူခံရခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သတင်းရရှိပါတယ်။

" နည်းပညာနဲ့ ထိန်းချုပ်ထားတာဖြစ်တဲ့အတွက် တရားခံက ပေါ်နေပါပြီ။ မလွတ်မြောက်နိုင်ပါဘူး။ " ဟု ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ကျရဲတစ်ဦးက ပြောပါတယ်။

အဆိုပါယာဉ်နောက်လိုက်သည် မေ လ (၈) ရက်နေ့တွင် ယာဉ်နောက်လိုက်အဖြစ် ခရီးလမ်းတစ်လျှောက် ယာဉ်၏ အမိုးပေါ်မှ လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ထိုနေ့ ညနေ (၃) နာရီအချိန်၌ အဆိုပါယာဉ်မှာ ကျိုင်းတုံမြို့သို့်ရောက်ရှိခဲ့ပြီး MPT ဖြန့်ချိရေးဝန်ထမ်းနှစ်ဦးသည် နောင်တုံမိုတယ်တွင် တည်းခိုစဉ်၎င်းတို့၏ အိတ်များကို စစ်ဆေးကြည့်ရာ အိတ်အတွင်းမှ (၅၀၀၀) တန် GSM ငွဖြေည့်ကတ်များ ခိုးယူခံရကြောင်း သိရသည့်အတွက် MPT ရုံးသို့ ဖုန်းဆက်အကြောင်းကြားရာ ပျောက်ဆုံးနေသော ငွဖြေည့်ကတ်များ သုံးစွဲမှုအား စစ်ဆေးထားခြင်းဖြစ်ကြောင်း သိရပါတယ်။

ဖုန်းကတ်များအား ခိုးယူသွားသည်ဟု ယူဆရသော ယာဉ်နောက်လိုက်အား ဥပဒေအရ အရေးယူနိုင်ပါရန် တိုင်ကြားသဖြင့် ကျိုင်းတုံမြို့မရဲစခန်းမှ မေလ (၁၀) ရက်က (ပ) ၉၀ / ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိပါတယ်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~