ေရာင္းသူမဲ့အစီအစဥ္စတင္ခဲ့သည့္ OneToOne က ေထြးသူမဲ့ အစီအစဥ္ မႏၱေလးတြင္ စတင္မည္

ေရာင္းသူမဲ့အစီအစဥ္စတင္ခဲ့သည့္ OneToOne က ေထြးသူမဲ့ အစီအစဥ္ မႏၱေလးတြင္ စတင္မည္
မေ 29, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၂၉)ရက္
ေရာင္းသူမဲ့ အေအးဆိုင္ စတင္ဖြင့္လွစ္ခဲ့သည့္ မႏၱေလး OneToOne  အဖြဲ႕က ကြမ္းစားသံုးသူမ်ား စည္းကမ္းမဲ့ ကြမ္းတံေတြး ေထြးျခင္းမျပဳရန္  "ေထြးသူမဲ့" အစီအစဥ္ျဖင့္ ကြမ္းတံေတြးဘူးမ်ားအား  မႏၱေလးတြင္  ေမလ ေနာက္ဆံုးပတ္အတြင္း အခမဲ့လိုက္လံေ၀ငွရန္ စီစဥ္လွ်က္ရွိေၾကာင္း သိရသည္။

"အဓိကေတာ့  ကြမ္းစားသံုးသူေတြကို စည္းကမ္းမဲ့ကြမ္းတံေတြးေထြးတာနဲ႔ပတ္သက္ၿပီး စည္ကမ္းတက် ျဖစ္ေစမယ့္ အသိေလးေပးခ်င္လို႔ ဒီအစီအစဥ္ကို လုပ္တာပါ။ အခုေလာေလာဆယ္ မီးပြိဳင့္ေတြ၊ ကြမ္းယာဆိုင္ေတြမွာ အခမဲ့ေပးဖို႔ စီစဥ္ေနပါတယ္။ အဓိက စည္းကမ္းမဲ့ ကြမ္းစားသံုးသူေတြကိုလည္း အေရးယူမႈေတြ လုပ္ေတာ့မယ္ဆိုေတာ့ စည္းကမ္းေလးေတြရွိေစခ်င္တာေၾကာင့္လုပ္တာပါ" ဟု မႏၱေလးၿမိဳ႕ အေျခစိုက္ OneToOne ျပည္သူ႔ကူညီေရးအဖြဲ႕မွ ကို၀မ္း က ေျပာသည္။

အခမဲ့လိုက္လံေ၀ငွမည့္ ကြမ္းတံေတြးဘူးမ်ားမွာ တစ္ဘူးလွ်င္  က်ပ္(၅၀)တန္ဖိုးရွိၿပီး ဘူးေပါင္း(၅၀၀)လိုက္လံေ၀ငွမည္ ျဖစ္ေၾကာင္း  နွင့္ ကြမ္းတံေတြးဘူးမ်ားအား ေဆးေၾကာၿပီး ျပန္လည္ အသံုးျပဳႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

မႏၱေလးၿမိဳ႕ အေျခစိုက္  OneToOne ျပည္သူ႔ကူညီေရးအဖြဲ႕သည္  ဧၿပီ လအတြင္း ေရာင္းသူမဲ့ အေအးဆိုင္မ်ား စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး ႏိုင္ငံအႏွံ႔အျပားသို႔ ပ်ံ႕ႏွံ႔သြားၿပီးေနာက္ "ေထြးသူမဲ့" အစီအစဥ္အား  ေမလအတြင္းထပ္မံ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

OneToOne အဖြဲ႕သည္ လူမႈကြန္ရက္ စာမ်က္ႏွာ Facebook ေပၚမွ အလွဴေငြမ်ား ေကာက္ခံၿပီး ေဆးရံုမ်ားရွိ ဆင္းရဲႏြမ္းပါးသည့္ လူနာမ်ားအား ေန႔စဥ္ ျပန္လည္ ေထာက္ပံ့ကူညီေပးလွ်က္ရွိေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
..............

တာချီလိတ်၊ မေလ(၂၉)ရက်
ရောင်းသူမဲ့ အအေးဆိုင် စတင်ဖွင့်လှစ်ခဲ့သည့် မန္တလေး One To One အဖွဲ့က ကွမ်းစားသုံးသူများ စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်းမပြုရန် "ထွေးသူမဲ့" အစီအစဉ်ဖြင့် ကွမ်းတံတွေးဘူးများအား မန္တလေးတွင် မေလ နောက်ဆုံးပတ်အတွင်း အခမဲ့လိုက်လေံဝငှရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

"အဓိကတော့ ကွမ်းစားသုံးသူတွေကို စည်းကမ်းမဲ့ကွမ်းတံတွေးထွေးတာနဲ့ပတ်သက်ပြီး စည်ကမ်းတကျ ဖြစ်စေမယ့် အသိလေးပေးချင်လို့ ဒီအစီအစဉ်ကို လုပ်တာပါ။ အခုလောလောဆယ် မီးပွိုင့်တွေ၊ ကွမ်းယာဆိုင်တွေမှာ အခမဲ့ပေးဖို့ စီစဉ်နေပါတယ်။ အဓိက စည်းကမ်းမဲ့ ကွမ်းစားသုံးသူတွေကိုလည်း အရေးယူမှုတွေ လုပ်တော့မယ်ဆိုတော့ စည်းကမ်းလေးတွေရှိစေချင်တာကြောင့်လုပ်တာပါ" ဟု မန္တလေးမြို့ အခြေစိုက် One To One ပြည်သူ့ကူညီရေးအဖွဲ့မှ ကိုဝမ်း က ပြောသည်။

အခမဲ့လိုက်လေံဝငှမည့် ကွမ်းတံတွေးဘူးများမှာ တစ်ဘူးလျှင် ကျပ်(၅၀)တန်ဖိုးရှိပြီး ဘူးပေါင်း(၅၀၀)လိုက်လေံဝငှမည် ဖြစ်ကြောင်း နှင့် ကွမ်းတံတွေးဘူးများအား ဆေးကြောပြီး ပြန်လည် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ အခြေစိုက် One To One ပြည်သူ့ကူညီရေးအဖွဲ့သည် ဧပြီ လအတွင်း ရောင်းသူမဲ့ အအေးဆိုင်များ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြားသို့ ပျံ့နှံ့သွားပြီးနောက် "ထွေးသူမဲ့" အစီအစဉ်အား မေလအတွင်းထပ်မံ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

One To One အဖွဲ့သည် လူမှုကွန်ရက် စာမျက်နှာ Facebook ပေါ်မှ အလှူငွေများ ကောက်ခံပြီး ဆေးရုံများရှိ ဆင်းရဲနွမ်းပါးသည့် လူနာများအား နေ့စဉ် ပြန်လည် ထောက်ပံ့ကူညီပေးလျှက်ရှိကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~