အခမဲ့ ေက်ာင္းအပ္ႏွံေရး စနစ္ေၾကာင့္ နမ့္စန္၌ မရွိႏြမ္းပါး ေက်ာင္းသား မိဘမ်ား တက္ၾကြစြာ လာေရာက္အပ္ႏွံၾက

အခမဲ့ ေက်ာင္းအပ္ႏွံေရး စနစ္ေၾကာင့္ နမ့္စန္၌ မရွိႏြမ္းပါး ေက်ာင္းသား မိဘမ်ား တက္ၾကြစြာ လာေရာက္အပ္ႏွံၾက
မေ 27, 2016
By Tachileik News Agency

နမ့္စန္၊ ေမလ(၂၇) ရက္
အခမဲ့ေက်ာင္းအပ္ႏွံေရးစနစ္ေၾကာင့္ ႐ွမ္းျပည္နယ္(ေတာင္ပုိင္း)နမ့္စန္ၿမိဳ႕၌ ေက်ာင္းအပ္ႏွံသူမ်ားမွာ ေစာလ်င္စြာ လာေရာက္အပ္ႏွံၾက၍ ယခင္ႏွစ္မ်ားထက္ ဦးေရ မ်ားျပားလာေၾကာင္း သိရသည္။

“ေက်ာင္းအပ္တာ အခမဲ့ဆုိေတာ့ ထုိင္ေတာင္ေစာင့္ရတယ္။ မနက္ပုိင္းတင္ လူကအရမ္းမ်ားေနတယ္။ အရင္က အဲလုိမေတြ႔ဖူးဘူး။ စနစ္တစ္ခုေျပာင္းသြားတာ အရမ္းပဲေကာင္းပါတယ္” ဟု ေက်ာင္းလာအပ္သည့္ အုပ္ထိန္းသူတစ္ဦးျဖစ္သူ ကိုရာဇာက ဆိုသည္။

ယခင္က ေက်ာင္းအပ္ႏွံမႈအတြက္ ကုန္က်စရိတ္ေၾကာင့္ ေက်ာင္းအပ္ခ်ိန္ေနာက္က်ျခင္းမ်ား ရိွေသာ္လည္း ယခုႏွစ္တြင္ နမ့္စန္ၿမိဳ႕၏ စာသင္ေက်ာင္း (၉)ခု လံုးတြင္ ေက်ာင္းအပ္ႏွံသူမ်ားျပားေနျခင္းျဖစ္ေၾကာင္း ဆင္းရဲႏြမ္းပါးသည့္ ေက်ာင္းသားမိဘမ်ားထံမွ သိရသည္။

“အရင္ကေက်ာင္းအပ္ခါနီးလာၿပီဆုိရင္ ေက်ာင္းသားမ်ားတဲ့ အိမ္ကမိဘေတြအတြက္ ေငြေရးေၾကးေရး အရမ္းပူပန္ရတယ္။ အခုေတာ့ ပုိက္ဆံလည္းမကုန္ဘူး။ ဖတ္စာအုပ္ကအစ အလကားရတယ္။ မူလတန္းေတြဆုိ ရင္ ေက်ာင္း၀တ္စုံလည္း ရတယ္။ အရမ္းပဲအဆင္ေျပပါတယ္။ ေစတနာပါလုိ႔အလွဴ ေငြထည့္ေပးရင္ေတာင္ ဆရာမေတြ လက္မခံဘူး။ ပညာေရးစနစ္ကုိ အခုလုိလုပ္လုိက္တာဟာ မိဘေတြအတြက္လည္း ၀န္ေပါ့သြားတာေပါ့” ဟု ေက်ာင္းသားမိဘတစ္ဦးျဖစ္သူ ေဒၚေအးက ဆိုသည္။

၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္အတြက္ ေက်ာင္းအပ္ႏွံေရးသီတင္းပတ္အျဖစ္ ေမလ (၂၅) ရက္မွ ေမလ (၃၁) ရက္အထိ ေက်ာင္းအပ္လက္ခံေနျခင္းျဖစ္သည္။

သတင္း။  ။ သန္းစိုးေအာင္(နမ့္စန္)
............

နမ့်စန်၊ မေလ(၂၇) ရက်
အခမဲ့ကျောင်းအပ်နှံရေးစနစ်ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်မြို့၌ ကျောင်းအပ်နှံသူများမှာ စောလျင်စွာ လာရောက်အပ်နှံကြ၍ ယခင်နှစ်များထက် ဦးရေ များပြားလာကြောင်း သိရသည်။

“ကျောင်းအပ်တာ အခမဲ့ဆိုတော့ ထိုင်တောင်စောင့်ရတယ်။ မနက်ပိုင်းတင် လူကအရမ်းများနေတယ်။ အရင်က အဲလိုမတွေ့ဖူးဘူး။ စနစ်တစ်ခုပြောင်းသွားတာ အရမ်းပဲကောင်းပါတယ်” ဟု ကျောင်းလာအပ်သည့် အုပ်ထိန်းသူတစ်ဦးဖြစ်သူ ကိုရာဇာက ဆိုသည်။

ယခင်က ကျောင်းအပ်နှံမှုအတွက် ကုန္ကျစရိတ်ကြောင့် ကျောင်းအပ်ချိန်နောက်ကျခြင်းများ ရှိသော်လည်း ယခုနှစ်တွင် နမ့်စန်မြို့၏ စာသင်ကျောင်း (၉)ခု လုံးတွင် ကျောင်းအပ်နှံသူများပြားနခြေင်းဖြစ်ကြောင်း ဆင်းရဲနွမ်းပါးသည့် ကျောင်းသားမိဘများထံမှ သိရသည်။

“အရင်ကကျောင်းအပ်ခါနီးလာပြီဆိုရင် ကျောင်းသားများတဲ့ အိမ်ကမိဘတွေအတွက် ငွေရေးကြေးရေး အရမ်းပူပန်ရတယ်။ အခုတော့ ပိုက်ဆံလည်းမကုန်ဘူး။ ဖတ်စာအုပ်ကအစ အလကားရတယ်။ မူလတန်းတွေဆို ရင် ကျောင်းဝတ်စုံလည်း ရတယ်။ အရမ်းပဲအဆင်ပြေပါတယ်။ စေတနာပါလို့အလှူ ငွေထည့်ပေးရင်တောင် ဆရာမတွေ လက်မခံဘူး။ ပညာရေးစနစ်ကို အခုလိုလုပ်လိုက်တာဟာ မိဘတွေအတွက်လည်း ဝန်ပေါ့သွားတာပေါ့” ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်အေးက ဆိုသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ (၂၅) ရက်မှ မေလ (၃၁) ရက်အထိ ကျောင်းအပ်လက်ခံနခြေင်းဖြစ်သည်။

သတင်း။ သန်းစိုးအောင်(နမ့်စန်)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~