နယ်စပ်ကုန်သွယ်မှု ပမာဏတိုးတက်စေရန် ထိုင်းကုန်စည်ပြပွဲ တာချီလိတ်၌ပြုလုပ်

နယ်စပ်ကုန်သွယ်မှု ပမာဏတိုးတက်စေရန် ထိုင်းကုန်စည်ပြပွဲ တာချီလိတ်၌ပြုလုပ်
မေ 18, 2016
By Tachileik News Agency

တာချီလိတ်၊ မေလ(၁၈)

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီး(၅)ဦး နှင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူ အကြီးအကဲများ တက်ရောက်ကြပြီး ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ပို့ကုန် (၃)ဆ တိုးမြှင့်နိုင်ရေး ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေကြောင်း ပြောကြားသွားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးများရဲ့ အားပေးမှုဖြင့် ယခု ကုန်စည်ပြပွဲကို ကျင်းပခြင်းဖြစ်ပြီး ထိုင်းကုန်ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများသို့ ဖြန့်ဝေနိုင်ရန် ဈေးကွက်မှာ လိုအပ်နေတဲ့ ကုန်ပစ္စည်း အရည်အသွေးမီ ထုတ်လုပ်နိုင်ရန်နှင့် နယ်စပ်ကုန်သွယ်မှု ပမာဏတိုးတက်စေရန် ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဌ Dr. Anurat Intorn က အခမ်းအနားတွင် ရှင်းလင်းပြောကြားသွားသည်။



သတင်း။  ။ ကိုဇောင်း
ဓာတ်ပုံ။  ။ ဇောင်းညီ
......................

တာချီလိတ်၊ မေလ(၁၈)
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကျင်းပနေသည့် မြန်မာနိုင်ငံမှ UBH ကုမ္ပဏီလိမိတက်နှင့် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ကုန်သည်များအသင်းတို့ ပူးပေါင်းကျင်းပသည့် ထိုင်းကုန်စည်ပြပွဲ၏ ဖွင့်ပွဲကို မေလ(၁၈)ရက် နံနက်(၁၀)နာရီအချိန်က မကာဟိုခမ်းရပ်ကွက်ရှိ ဟုတ်တက်မင်္ဂလာခန်းမတွင် ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး(၅)ဦး နှင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူ အကြီးအကဲများ တက်ရောက်ကြပြီး ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနဖြေင့် နိုင်ငံတော်၏ ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ပို့ကုန် (၃)ဆ တိုးမြှင့်နိုင်ရေး ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေကြောင်း ပြောကြားသွားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများရဲ့ အားပေးမှုဖြင့် ယခု ကုန်စည်ပြပွဲကို ကျင်းပခြင်းဖြစ်ပြီး ထိုင်းကုန်ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများသို့ ဖြနေ့်ဝနိုင်ရန် ဈေးကွက်မှာ လိုအပ်နေတဲ့ ကုန်ပစ္စည်း အရည်အသွေးမီ ထုတ်လုပ်နိုင်ရန်နှင့် နယ်စပ်ကုန်သွယ်မှု ပမာဏတိုးတက်စေရန် ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဌ Dr. Anurat Intorn က အခမ်းအနားတွင် ရှင်းလင်းပြောကြားသွားသည်။

ထိုင်းကုန်စည်ပြပွဲ၏ ဖွင့်ပွဲကို မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း နှင့် ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ထိုင်းနိုင်ငံမှ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး Mr. Boonsong Techamaneesatit တို့ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ ကုန်စည်ပြပွဲတွင် ထိုင်းနိုင်ငံမှ ကုမ္ပဏီများမှ လာရောက်၍ လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးများ၊ အသုံးအဆောင်ပစ္စည်းများ နှင့် အခြားပစ္စည်းများကို လာရောက်ပြသထားပြီး ကုန်စည်ပြပွဲကို မေလ(၁၆)ရက်နေ့က စတင်ပြီး မေလ(၂၂)ရက်နေ့အထိ နေ့စဉ် နံနက်(၁၀)နာရီမှ ည(၈)နာရီအချိန်ထိ ပြသရောင်းချမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇောင်း
ဓာတ်ပုံ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~