ေလလံေၾကး က်ပ္သိန္း(၃၀၀)ေအာက္ လမ္းတံတားစာရင္းတြင္ ေရႊလီတံတားပါ၀င္၍ ျဖတ္သန္းခ မေကာက္ခံ

ေလလံေၾကး က်ပ္သိန္း(၃၀၀)ေအာက္ လမ္းတံတားစာရင္းတြင္ ေရႊလီတံတားပါ၀င္၍ ျဖတ္သန္းခ မေကာက္ခံ
မေ 16, 2016
By Tachileik News Agency
မူဆယ္၊ ေမလ(၁၆)ရက္
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ခရိုင္အတြင္းရွိ နမ့္ခမ္း - ေရႊလီျမစ္ကူးႀကိဳးတံတားသည္ ေလလံေၾကး က်ပ္သိန္း(၃၀၀)ေအာက္ လမ္းတံတားစာရင္းတြင္ ပါ၀င္သျဖင့္ တံတားျဖတ္သန္းခကို ေကာက္ခံျခင္း မျပဳေတာ့တာျဖစ္ေၾကာင္း မူဆယ္ခရိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။
"တံတားျဖတ္သန္းခ မေကာက္ခံဘူးဆိုတာ အခုအစိုးရသစ္လက္ထက္မွာ ေလလံေၾကး က်ပ္သိန္း(၃၀၀)ေအာက္ လမ္းတံတားေတြကို မေကာက္ခံေတာ့ဘူးဆိုတဲ့ ညႊန္ၾကားခ်က္ေၾကာင့္ပါ။ တျခား ဘာမွေတာ့ မဟုတ္ပါဘူး"ဟု မူဆယ္ခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးေက်ာ္ေက်ာ္ထြန္းက ေျပာသည္။
မူဆယ္ခရိုင္၊ နမ့္ခမ္းၿမိဳ႕နယ္အတြင္းရွိ ေရႊလီျမစ္ကူးႀကိဳးတံတားမွာ မႏၱေလး - လားရွိဳး - ဗန္းေမာ္ -ျမစ္ႀကီးနားလမ္းေပၚတြင္ရွိၿပီး မန္စီၿမိဳ႕နယ္ႏွင့္ နမ့္ခမ္းၿမိဳ႕နယ္တို႔အား ဆက္သြယ္ေပးထားေသာ တံတားျဖစ္သည္။
ရွမ္းျပည္နယ္အတြင္း၌ လမ္းတံတားေၾကးမေကာက္ခံေတာ့သည့္ ဂိတ္ေပါင္း(၂၅)ဂိတ္၊ တံတားေပါင္း (၅)စင္းပါ၀င္ရာ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ဂိတ္ေပါင္း(၈)ဂိတ္၊ တံတား(၃) စင္း ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)တြင္ ဂိတ္ေပါင္း(၅)ဂိတ္ ၊ တံတား ( ၁ )စင္း ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ ဂိတ္ေပါင္း(၁၂)ဂိတ္၊ တံတား(၁)စင္း တို႔ပါ၀င္ေၾကာင္း သိရသည္။
"အရင္တုန္းက ျဖတ္သန္းခေပးရေတာ့ အခ်ိန္ကုန္ လူပန္းေပါ့။ ရွမ္းျပည္နယ္ထဲမွာ ဘယ္သြားသြား ပိုက္ဆံေကာက္ေနၾကတာပဲ။ ၿမိဳ႕၀င္ရင္လည္း ၿမိဳ႕၀င္ေၾကးတဲ့။ လမ္းမွာလည္း ဂိတ္ေၾကးတဲ့ တံတားျဖတ္ေတာ့လည္း တံတားေၾကးတဲ့။ အခုေတာ့ ဒီလိုမေပးရတဲ့ဂိတ္ေတြရွိလာေတာ့ ပိုေကာင္းလာတာေပါ့။ ရွမ္း/အေရွ႕မွာဆိုရင္ တံတားအသံုးျပဳခလား ဘာလားေတာ့မသိဘူး။ ဂိတ္ေပါင္းစံုေပးေနရတဲ့ သံလြင္ျမစ္ကူးတံတားရွိေသးတယ္။ ဌာနေပါင္းစံုေပးရတာ။ အဲဒါလည္း ဖ်က္ေစခ်င္တယ္"ဟု ရွမ္းျပည္နယ္အတြင္း ကုန္စည္ပို႔ေဆာင္ေနေသာ ကုန္ကားေမာင္းသူ တစ္ဦးက ေျပာသည္။
အစိုးရသစ္၏ ညႊန္ၾကားခ်က္ျဖင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအတြင္းရွိ လမ္းတံတားအသံုးျပဳခ ေကာက္ခံသည့္ ဂိတ္ေပါင္း (၁၆၁)ဂိတ္ကို ၂၀၁၆ ခုႏွစ္ ဧၿပီ လ (၁)ရက္ေန႔မွစ၍ေကာက္ခံျခင္း မျပဳေတာ့ဘဲ ေျဖေလ်ာ႔ ေပးသြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ ထုတ္ျပန္ထားျခင္းျဖစ္သည္။
မူဆယ္ခရိုင္အတြင္းရွိ နမ့္ခမ္း - ေရႊလီျမစ္ကူးႀကိဳးတံတားေပၚ ျဖတ္သန္းခမေကာက္ေတာ့ျခင္းအား ဧၿပီလ(၁)ရက္ေန႔က စတင္ခဲ့တာျဖစ္ေၾကာင္း သိရသည္။
သတင္း။ ။ ‪#‎ကိုဇက္‬
..................
မူဆယ်၊ မေလ(၁၆)ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်းရှိ နမ့်ခမ်း - ရွှေလီမြစ်ကူးကြိုးတံတားသည် လေလံကြေး ကျပ်သိန်း(၃၀၀)အောက် လမ်းတံတားစာရင်းတွင် ပါဝင်သဖြင့် တံတားဖြတ်သန်းခကို ကောက်ခံခြင်း မပြုတော့တာဖြစ်ကြောင်း မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
"တံတားဖြတ်သန်းခ မကောက်ခံဘူးဆိုတာ အခုအစိုးရသစ်လက်ထက်မှာ လေလံကြေး ကျပ်သိန်း(၃၀၀)အောက် လမ်းတံတားတွေကို မကောက်ခံတော့ဘူးဆိုတဲ့ ညွှန်ကြားချက်ကြောင့်ပါ။ တခြား ဘာမှတော့ မဟုတ်ပါဘူး"ဟု မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းက ပြောသည်။
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ရွှေလီမြစ်ကူးကြိုးတံတားမှာ မန္တလေး - လားရှိုး - ဗန်းမော် -မြစ်ကြီးနားလမ်းပေါ်တွင်ရှိပြီး မန်စီမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့အား ဆက်သွယ်ပေးထားသော တံတားဖြစ်သည်။
ရှမ်းပြည်နယ်အတွင်း၌ လမ်းတံတားကြေးမကောက်ခံတော့သည့် ဂိတ်ပေါင်း(၂၅)ဂိတ်၊ တံတားပေါင်း (၅)စင်းပါဝင်ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဂိတ်ပေါင်း(၈)ဂိတ်၊ တံတား(၃) စင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ဂိတ်ပေါင်း(၅)ဂိတ်၊ တံတား ( ၁ )စင်း နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဂိတ်ပေါင်း(၁၂)ဂိတ်၊ တံတား(၁)စင်း တို့ပါဝင်ကြောင်း သိရသည်။
"အရင်တုန်းက ဖြတ်သန်းခပေးရတော့ အချိန်ကုန် လူပန်းပေါ့။ ရှမ်းပြည်နယ်ထဲမှာ ဘယ်သွားသွား ပိုက်ဆံကောက်နကြေတာပဲ။ မြို့ဝင်ရင်လည်း မြို့ဝင်ကြေးတဲ့။ လမ်းမှာလည်း ဂိတ်ကြေးတဲ့ တံတားဖြတ်တော့လည်း တံတားကြေးတဲ့။ အခုတော့ ဒီလိုမပေးရတဲ့ဂိတ်တွေရှိလာတော့ ပိုကောင်းလာတာပေါ့။ ရှမ်း/အရှေ့မှာဆိုရင် တံတားအသုံးပြုခလား ဘာလားတော့မသိဘူး။ ဂိတ်ပေါင်းစုံပေးနေရတဲ့ သံလွင်မြစ်ကူးတံတားရှိသေးတယ်။ ဌာနပေါင်းစုံပေးရတာ။ အဲဒါလည်း ဖျက်စေချင်တယ်"ဟု ရှမ်းပြည်နယ်အတွင်း ကုန်စည်ပို့ဆောင်နေသော ကုန်ကားမောင်းသူ တစ်ဦးက ပြောသည်။
အစိုးရသစ်၏ ညွှန်ကြားချက်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ လမ်းတံတားအသုံးပြုခ ကောက်ခံသည့် ဂိတ်ပေါင်း (၁၆၁)ဂိတ်ကို ၂၀၁၆ ခုနှစ် ဧပြီ လ (၁)ရက်နေ့မှစ၍ကောက်ခံခြင်း မပြုတော့ဘဲ ဖြေလျော့ ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မူဆယ်ခရိုင်အတွင်းရှိ နမ့်ခမ်း - ရွှေလီမြစ်ကူးကြိုးတံတားပေါ် ဖြတ်သန်းခမကောက်တော့ခြင်းအား ဧပြီလ(၁)ရက်နေ့က စတင်ခဲ့တာဖြစ်ကြောင်း သိရသည်။
သတင်း။ ‪#‎ကိုဇက်‬
  #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~