Update News

တာခ်ီလိတ္နယ္စပ္ဂိတ္မွ ႏုိင္ငံျခားသားခရီးသြား ဝင္ေရာက္မႈနည္းလာ



တာခ်ီလိတ္၊ ေမလ (၂၅) ရက္
ထိုင္း - ျမန္မာနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း ) တာခ်ီလိတ္ၿမိဳ႕နယ္စပ္ဂိတ္မွ ႏုိင္ငံျခားခရီးသြား အဝင္နည္း လာေနေၾကာင္း တာခ်ီလိတ္ၿမိဳ႕မွ ခရီးသြားဧည့္လမ္းညႊန္မ်ားထံမွ သိရသည္။

"ထုိင္းထဲက၀င္လာတဲ့ ခရီးသြားဧည့္သည္ေတြ အခုေနာက္ပိုင္း ၀င္ေရာက္မႈႏွဳန္းေတာ့ နည္းနည္း က်လာတယ္။ အဓိက သူတို႔သြားလည္တဲ့ က်ိဳင္းတံုမွာ မီးလံုေလာက္မႈ မရွိတာရယ္ ၊ ေငြေၾကးကုန္က်မႈ ပိုမ်ားတာေၾကာင့္ရယ္လို႔ ထင္တယ္"ဟု ဧည့္လမ္းညႊန္တစ္ဦးျဖစ္သည့္ ကိုစတီဗင္က ေျပာသည္။

ထိုင္းႏိုင္ငံမွ ေန႔စဥ္၀င္ေရာက္သည့္ လူဦးေရ (၂၀၀၀)ခန္႔ရွိသည့္အနက္ ထိုင္းႏိုင္ငံသား အမ်ားဆံုးျဖစ္ၿပီး ႏုိင္ငံျခားခရီးသြားဦးေရ (၁၀၀) ခန္႔သာရိွေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ျမန္မာ - ထိုင္း နယ္စပ္ဝင္ေပါက္မွ ေန႔စဥ္လူဦးေရ (၆၀၀၀)ခန္႔ ျဖတ္သန္းသြားလာ လွ်က္ရွိေသာ္လည္း ျမန္မာႏုိင္ငံမွ သြားေရာက္သူပိုမ်ားေၾကာင္း တာခ်ီလိတ္ၿမိဳ႕ လူ၀င္မႈႀကီးၾကပ္ေရးဦးစီးဌာနမွ သိရသည္။

"ျမန္မာႏိုင္ငံက အသြားေတာ့ ေန႔စဥ္လူဦးေရ (၄၀၀၀) ေလာက္ရွိတယ္။ ထုိင္းကေန ျပန္အ၀င္ကေတာ့ နည္းတယ္။ အဓိက တာခ်ီလိတ္ေဒသခံေတြနဲ႔ တျခားေဒသက လာလည္တဲ့သူေတြ အလည္အပတ္သြားတာ မ်ားတာပါ။ ေဒသခံတခ်ိဳ႕ကေတာ့ ကုန္ပစၥည္း၀ယ္ဖို႔အတြက္သြားတာနဲ႔ ေန႔ခ်င္းျပန္ အလုပ္သြားလုပ္တဲ့ သူေတြရွိတယ္"ဟု တာခ်ီလိတ္ လူ၀င္မႈႀကီးၾကပ္ေရးဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက ဆိုသည္။

ထုိင္းႏိုင္ငံမွ ၀င္ေရာက္လာေသာ ခရီးသြားဧည့္သည္မ်ားသည္ မိုင္းျဖတ္၊ က်ိဳင္းတံု၊ မိုင္းလား ၿမိဳ႕နယ္မ်ားရိွ သဘာ၀ပတ္၀န္းက်င္ႏွင့္ တိုင္းရင္းသားယဥ္ေက်းမႈမ်ားအား သြားေရာက္ၾကည့္ရွဳသူမ်ားျပားေၾကာင္း သိရသည္။

၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္အတြင္း တာခ်ီလိတ္နယ္စပ္ဂိတ္သို႔ ထုိင္းႏိုင္ငံမွ ၀င္ေရာက္လာသူဦးေရ (၂၀၉၁၆)ဦး ရွိေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရးလုပ္ငန္း၏ စာရင္းမ်ားအရ သိရသည္။

သတင္း။  ။ ကိုဇက္
...................

တာချီလိတ်၊ မေလ (၂၅) ရက်
ထိုင်း - မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း ) တာချီလိတ်မြို့နယ်စပ်ဂိတ်မှ နိုင်ငံခြားခရီးသွား အဝင်နည်း လာနေကြောင်း တာချီလိတ်မြို့မှ ခရီးသွားဧည့်လမ်းညွှန်များထံမှ သိရသည်။

"ထိုင်းထဲကဝင်လာတဲ့ ခရီးသွားဧည့်သည်တွေ အခုနောက်ပိုင်း ဝင်ရောက်မှုနှုန်းတော့ နည်းနည်း ကျလာတယ်။ အဓိက သူတို့သွားလည်တဲ့ ကျိုင်းတုံမှာ မီးလုံလောက်မှု မရှိတာရယ်၊ ငွေကြေးကုန်ကျမှု ပိုများတာကြောင့်ရယ်လို့ ထင်တယ်"ဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့် ကိုစတီဗင်က ပြောသည်။

ထိုင်းနိုင်ငံမှ နေ့စဉ်ဝင်ရောက်သည့် လူဦးရေ (၂၀၀၀)ခန့်ရှိသည့်အနက် ထိုင်းနိုင်ငံသား အများဆုံးဖြစ်ပြီး နိုင်ငံခြားခရီးသွားဦးရေ (၁၀၀) ခန့်သာရှိကြောင်း သိရသည်။

တာချီလိတ်မြို့ မြန်မာ - ထိုင်း နယ်စပ်ဝင်ပေါက်မှ နေ့စဉ်လူဦးရေ (၆၀၀၀)ခန့် ဖြတ်သန်းသွားလာ လျှက်ရှိသော်လည်း မြန်မာနိုင်ငံမှ သွားရောက်သူပိုများကြောင်း တာချီလိတ်မြို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

"မြန်မာနိုင်ငံက အသွားတော့ နေ့စဉ်လူဦးရေ (၄၀၀၀) လောက်ရှိတယ်။ ထိုင်းကနေ ပြန်အဝင်ကတော့ နည်းတယ်။ အဓိက တာချီလိတ်ဒေသခံတွေနဲ့ တခြားဒေသက လာလည်တဲ့သူတွေ အလည်အပတ်သွားတာ များတာပါ။ ဒေသခံတချို့ကတော့ ကုန်ပစ္စည်းဝယ်ဖို့အတွက်သွားတာနဲ့ နေ့ချင်းပြန် အလုပ်သွားလုပ်တဲ့ သူတွေရှိတယ်"ဟု တာချီလိတ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော ခရီးသွားဧည့်သည်များသည် မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းလား မြို့နယ်များရှိ သဘာဝပတ်ဝန်းကျင်နှင့် တိုင်းရင်းသားယဉ်ကျေးမှုများအား သွားရောက်ကြည့်ရှုသူများပြားကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း တာချီလိတ်နယ်စပ်ဂိတ်သို့ ထိုင်းနိုင်ငံမှ ဝင်ရောက်လာသူဦးရေ (၂၀၉၁၆)ဦး ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၏ စာရင်းများအရ သိရသည်။

သတင်း။ ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~


« PREV
NEXT »