ထုိင္း - ျမန္မာနယ္စပ္ မယ္ဆိုင္ေခ်ာင္းေျမတိုက္စားမႈ ကာကြယ္မည့္ ေျမထိန္းနံရံ ဆက္လက္ တည္ေဆာက္မည္

ထုိင္း - ျမန္မာနယ္စပ္ မယ္ဆိုင္ေခ်ာင္းေျမတိုက္စားမႈ ကာကြယ္မည့္ ေျမထိန္းနံရံ ဆက္လက္ တည္ေဆာက္မည္
မေ 3, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ (၁) ရက္
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာ - ထိုင္းနယ္စပ္ မယ္ဆိုင္ေခ်ာင္းသည္ ျမန္မာႏိုင္ငံဖက္သို႔ ေရဦးထိုးေျမတိုက္စားေလ့ ရိွသျဖင့္ ေျမထိန္းနံရံတည္ေဆာက္ေနရာ ယခုႏွစ္တြင္ (၂၇၂)ေပ ဆက္လက္ တည္ေဆာက္ရန္ လ်ာထားေၾကာင္း သိရသည္။

“ဒီႏွစ္ထပ္လုပ္ဖို႔ ေလာေလာဆယ္ ရက္တစ္ရာမွာ မပါေသးဘူး။ လ်ာထားခ်က္ကုိ ျဖည့္စြက္ ဘတ္ဂ်က္အေနနဲ႔ တင္ထားတာ ဒီႏွစ္ဘတ္ဂ်က္အေနနဲ႔ တင္ထားျခင္း မဟုတ္ေတာ့ ေပးမယ္ မေပးဘူးဆိုတာ စက္တင္ဘာလ ေနာက္ပိုင္းမွ သိရမွာပါ။”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ဆည္ေျမာင္းဦးစီးဌာနမွ ဦးစီးအရာရိွ ဦးဟန္ထြန္းက ေျပာသည္။

ယခင္ႏွစ္က ေျမထိန္းနံရံအရွည္ေပ (၂၅၆)ေပအား ဘတ္ဂ်က္ေငြက်ပ္သိန္း(၁၀၃၀)ျဖင့္ တည္ေဆာက္ ခဲ့ျခင္းျဖစ္ၿပီး၊ ယခုႏွစ္တြင္ ဆက္လက္တည္ေဆာက္ရန္ အရွည္ေပ (၂၇၂)ေပ လ်ာထားျခင္းျဖစ္ၾကာင္း ၎ထံမွ  သိရသည္။

လက္ရိွတြင္ ေျမထိန္းနံရံဆက္လက္တည္ေဆာက္ရန္ ဘတ္ဂ်က္ေစာင့္ေနဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါ နယ္စပ္မ်ဥ္းျဖစ္သည့္ မယ္ဆိုင္ေခ်ာင္းသည္ ျမန္မာဖက္သို႔ ေရဦးထိုးေနျခင္းျဖစ္၍ ေျမထိန္းနံရံ တည္ေဆာက္ေနရာ ယခင္ႏွစ္က ေျမထိန္းနံရံ (၂၅၆)ေပအား ေမလမွ စက္တင္ဘာလအတြင္း တည္ေဆာက္ၿပီးစီးခဲ့ၿပီးေနာက္ ဆက္လက္တည္ေဆာက္ရန္ ထပ္မံတင္ျပထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ

................

တာချီလိတ်၊ မေလ (၁) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြန်မာ - ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းသည် မြန်မာနိုင်ငံဖက်သို့ ရေဦးထိုးမြေတိုက်စားလေ့ ရှိသဖြင့် မြေထိန်းနံရံတည်ဆောက်နေရာ ယခုနှစ်တွင် (၂၇၂)ပေ ဆက်လက် တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

“ဒီနှစ်ထပ်လုပ်ဖို့ လောလောဆယ် ရက်တစ်ရာမှာ မပါသေးဘူး။ လျာထားချက်ကို ဖြည့်စွက် ဘတ်ဂျက်အနေနဲ့ တင်ထားတာ ဒီနှစ်ဘတ်ဂျက်အနေနဲ့ တင်ထားခြင်း မဟုတ်တော့ ပေးမယ် မပေးဘူးဆိုတာ စက်တင်ဘာလ နောက်ပိုင်းမှ သိရမှာပါ။”ဟု တာချီလိတ်မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ထွန်းက ပြောသည်။

ယခင်နှစ်က မြေထိန်းနံရံအရှည်ပေ (၂၅၆)ပေအား ဘတ်ဂျက်ငွေကျပ်သိန်း(၁၀၃၀)ဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး၊ ယခုနှစ်တွင် ဆက်လက်တည်ဆောက်ရန် အရှည်ပေ (၂၇၂)ပေ လျာထားခြင်းဖြစ်ကြာင်း၎င်းထံမှ သိရသည်။

လက်ရှိတွင် မြေထိန်းနံရံဆက်လက်တည်ဆောက်ရန် ဘတ်ဂျက်စောင့်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်စပ်မျဉ်းဖြစ်သည့် မယ်ဆိုင်ချောင်းသည် မြန်မာဖက်သို့ ရေဦးထိုးနခြေင်းဖြစ်၍ မြေထိန်းနံရံ တည်ဆောက်နေရာ ယခင်နှစ်က မြေထိန်းနံရံ (၂၅၆)ပေအား မေလမှ စက်တင်ဘာလအတွင်း တည်ဆောက်ပြီးစီးခဲ့ပြီးနောက် ဆက်လက်တည်ဆောက်ရန် ထပ်မံတင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~