မိုင္းျဖတ္၌ အမ်ဳိးသားတစ္ဦး စိတ္ညစ္၍ ႀကဳိးဆြဲခ် ေသဆံုး

မိုင္းျဖတ္၌ အမ်ဳိးသားတစ္ဦး စိတ္ညစ္၍ ႀကဳိးဆြဲခ် ေသဆံုး
မေ 2, 2016
By Tachileik News Agency

မိုင္းျဖတ္၊ ေမလ(၂)
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ အမ်ဳိးသားတစ္ဦး ဧၿပီလ(၃၀)ရက္ေန႔က ႀကိဳးဆြဲခ်ေသဆံုးသြားေၾကာင္း သိရသည္။

ေသဆံုးသူသည္ မိုင္းျဖတ္ၿမိဳ႕နယ္၊ အိုက္ငို႔ေက်းရြာအုပ္စု၊ ဟာၾကား ဟုန္မိုင္ေက်းရြာတြင္ ေနထိုင္သူ ဦးက်ရွီးျဖစ္ၿပီး၊ ၎သည္ ဧၿပီလ(၃၀)ရက္ ည(၁၁)နာရီအခ်ိန္က မိမိကိုယ္ကိုယ္ ႀကိဳးဆြဲခ် ေသဆံုးသြားေၾကာင္းႏွင့္ စိတ္ညစ္၍ ထိုသို႔ ျပဳလုပ္သြားတာ ျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသြားသူ ဦးက်ရွီးသည္ လြန္ခဲ့သည့္ သံုးပတ္ခန္႔က လင္မယားခ်င္းကြဲၿပီး စိတ္ညစ္ကာ တစ္ဦးတည္း ေနထိုင္လွ်က္ရွိၿပီး ၎ေနထိုင္ရာ အိမ္၌ပင္ ႀကိဳးဆြဲခ်ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း ႏွင့္ ၎ကိစၥႏွင့္ ပတ္သက္၍ မိုင္းၿဖတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္(၃/၂၀၁၆)ျဖင့္ အမႈဖြင့္အေရးယူ ထားေၾကာင္း သိရွိရသည္။

သတင္း ။  ။ ေရွာလမြန္(မိုင္းျဖတ္)

......................

မိုင်းဖြတ်၊ မေလ(၂)
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အမျိုးသားတစ်ဦး ဧပြီလ(၃၀)ရက်နေ့က ကြိုးဆွဲချသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူသည် မိုင်းဖြတ်မြို့နယ်၊ အိုက်ငို့ကျေးရွာအုပ်စု၊ ဟာကြား ဟုန်မိုင်ကျေးရွာတွင် နေထိုင်သူ ဦးကျရှီးဖြစ်ပြီး၊၎င်းသည် ဧပြီလ(၃၀)ရက် ည(၁၁)နာရီအချိန်က မိမိကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးသွားကြောင်းနှင့် စိတ်ညစ်၍ ထိုသို့ ပြုလုပ်သွားတာ ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူ ဦးကျရှီးသည် လွန်ခဲ့သည့် သုံးပတ်ခန့်က လင်မယားချင်းကွဲပြီး စိတ်ညစ်ကာ တစ်ဦးတည်း နေထိုင်လျှက်ရှိပြီး၎င်းနေထိုင်ရာ အိမ်၌ပင် ကြိုးဆွဲချသေဆုံးသွားခြင်း ဖြစ်ကြောင်း နှင့်၎င်းကိစ္စနှင့် ပတ်သက်၍ မိုင်းဖြတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်(၃/၂၀၁၆)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။

သတင်း။ ရှောလမွန်(မိုင်းဖြတ်)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~