မိုင်းဖြတ်မြို့ ကျေးရွာချင်းဆက်လမ်းအား ကျပ်သန်းပေါင်း (၃၀၀)ကျော်သုံးစွဲ၍ အဆင့်မြှင့်တင်မည်
မိုင်းဖြတ်မြို့ ကျေးရွာချင်းဆက်လမ်းအား ကျပ်သန်းပေါင်း (၃၀၀)ကျော်သုံးစွဲ၍ အဆင့်မြှင့်တင်မည်
မေ 21, 2016
By Tachileik News Agency
မိုင်းဖြတ်၊ မေလ(၂၁)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မွန်းကာကျောင်းအုပ်စုရှိ မခန်းကျေးရွာနှင့် ဟိုပေါ့ကျေးရွာချင်းဆက် လမ်းအတွက် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ကျပ်(၃၃၃.၇၅)သန်းကုန်ကျမည့် မြေသားလမ်း အဆင့်မြှင့်တင်ခြင်းအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်းကာကျောင်းအုပ်စုအတွင်းရှိ (၁၅)မိုင်ရှည်လျားသော ကျေးရွာချင်းဆက်မြေသားလမ်းအား အဆင်မြှင့်တင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအား မိုင်းဖြတ်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်က မေးမြန်းရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပါဝင်ခြင်း မရှိသည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုချက်ရရှိရေး လျာထားတင်ပြသွားမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်ဟု သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းအား ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှ တင်ပြထားပြီး ဖြစ်သော်လည်း အဆင်မြှင့်တင်ဖောက်လုပ်ခြင်းမရှိသေးသည့်အတွက် ဒုတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး (၂၈)ရက်မြောက်နေ့တွင် ထပ်မံမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း ။  ။ ကိုဇက်
....................
မိုင်းဖြတ်၊ မေလ(၂၁)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မွန်းကာကျောင်းအုပ်စုရှိ မခန်းကျေးရွာနှင့် ဟိုပေါ့ကျေးရွာချင်းဆက် လမ်းအတွက် ပြည်နယ်အစိုးရ ရန်ပုံငွဖြေင့် ကျပ်(၃၃၃.၇၅)သန်းကုန်ကျမည့် မြေသားလမ်း အဆင့်မြှင့်တင်ခြင်းအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
"ဒီလမ်းကို ပြည်နယ်အစိုးရ ဘတ်ဂျက်ရန်ပုံငွေကနေ ချပေးမယ်ပြောတယ်။ အခု တင်ဒါခေါ်ဖို့တော့ ပြောနေပါပြီ။ ရန်ပုံငွေဘယ်လောက် ချပေးမယ်လို့တော့ မသိရသေးဘူး။ တင်ဒါခေါ်ပြီးတဲ့အချိန်မှသိမယ်။ ပြည်နယ်ဘတ်ဂျက်ချပေးတာ မလောက်ဘူးဆိုရင် နောက်နှစ် ပြည်ထောင်စုအစိုးရရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ပုံငွေတင်ပြတဲ့ထဲမှာ ထည့်ပေးမယ်လို့ ပြည်ထောင်စုဝန်ကြီးက ဖြေသွားပါတယ်"ဟု မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ပြောသည်။
မွန်းကာကျောင်းအုပ်စုအတွင်းရှိ (၁၅)မိုင်ရှည်လျားသော ကျေးရွာချင်းဆက်မြေသားလမ်းအား အဆင်မြှင့်တင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအား မိုင်းဖြတ်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်က မေးမြန်းရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပါဝင်ခြင်း မရှိသည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုချက်ရရှိရေး လျာထားတင်ပြသွားမည်ဖြစ်ကြောင်း ဖြကြေားသွားခဲ့သည်ဟု သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းအား ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအေဝးတွင် မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှ တင်ပြထားပြီး ဖြစ်သော်လည်း အဆင်မြှင့်တင်ဖောက်လုပ်ခြင်းမရှိသေးသည့်အတွက် ဒုတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအေဝး (၂၈)ရက်မြောက်နေ့တွင် ထပ်မံမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ လူဦးရေအချိုးအစားအလိုက် ကျေးရွာများရဲ့ လိုအပ်ချက်တွေကို မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများကနေတစ်ဆင့် ထောက်ခံ တင်ပြလာမှုတွေကို ဦးစားပေး ရွေးချယ်သွားဖို့ လျာထားပါတယ်။ အခု ဘဏ္ဍာနှစ်ထဲမပါပေမဲ့ နောက်ဘဏ္ဍာနှစ်မှာ ထည့်သွင်းပေးဖို့ ဦးစားပေး ဆောင်ရွက်သွားမှာပါ"ဟု စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြည်သူ့လွှတ်တော်တွင် ပြန်လည်ဖြကြေားသွားခဲ့သည်။
ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ပေးပါက မခန်သစ်ရွာ၊ ဟာဝိုင်း ၁၊ ၂၊ ၃ ရွာနှင့် မာစန်းတင်ရွာ၊ ဟိုပေါ့ ၁၊ ၂ ရွာ စုစုပေါင်း ရွာပေါင်း(၇) ရွာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။ 
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~