Miss Shan State East (2016) Winner အျဖစ္ Miss Tachileik (2016) တုႏိႈင္းစံ ေရြးခ်ယ္ခံရ

Miss Shan State East (2016) Winner အျဖစ္ Miss Tachileik (2016) တုႏိႈင္းစံ ေရြးခ်ယ္ခံရ
မေ 19, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ေမလ (၁၉)ရက္
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ က်င္းပသည့္ Miss Shan State East(2016) ၿပိဳင္ပြဲတြင္ Miss Shan State East(2016) Winner အျဖစ္ Miss Tachileik (2016)ဆုရွင္ျဖစ္သူ တုႏိႈင္းစံ ရရိွသြားသည္။

အဆိုပါၿပိဳင္ပြဲအား ေမလ (၁၇)ရက္ ညေနက က်ိဳင္းတံုၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပရာ တာခ်ီလိတ္ၿမိဳ႕ ကိုယ္စားျပဳ အလွမယ္မ်ားနွင္႔ က်ိဳင္းတံုၿမိဳ႕ကိုယ္စားျပဳ အလွမယ္ စုစုေပါင္း (၁၈)ဦးတုို႔ ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္သည္။

"ဒီဆုကို မေမွ်ာ္မွန္းဘဲရတဲ႔အတြက္ အရမ္းဝမ္းသာပါတယ္။ သမီးအေနနဲ႔ ဆက္လက္ယွဥ္ျပိဳင္ရမယ္႔ ျပိဳင္ပြဲအတြက္လည္း အေကာင္းဆုံးၾကိဳးစားျပီး ဆက္လက္ယွဥ္ျပိဳင္သြားမွာပါ"ဟု Winner ဆုရွင္ တုႏိႈင္းစံ ကေျပာသည္။

အဆိုပါၿပိဳင္ပြဲမွ ေရြးခ်ယ္ခံရသည့္ တုႏိႈင္းစံ အေနျဖင့္ ျပည္နယ္နဲ ့တိုင္းအသီးသီးမွ ကိုယ္စားျပဳအလွမယ္မ်ား ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ Miss Golden Land Myanmar 2016 ၿပိဳင္ပြဲမ်ားတြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ကိုယ္စားျပဳအျဖစ္ သြားေရာက္ယွဥ္ျပိဳင္ရမည္ျဖစ္သည္။

အဆိုပါျပိဳင္ပြဲတြင္ အျခားTitle ဆု (၆)ခုကို ထပ္မံ ခ်ီးျမႇင္႔ေပးခဲ႔ျပီး Best In Talent ဆုကို အက္စတာနိုဂိုက္လြန္း မွ လည္းေကာင္း၊ Best In Traditional Dress ဆုကို နန္းစမ္မြန္း မွလည္းေကာင္း၊ Best In Evening Grown နွင္႔ Best Smile ဆုတို႔ကို နန္းဂ်ဴလိႈင္ထြန္း မွလည္းေကာင္း၊ People Choice Winner အျဖစ္ သဲသူရိန္ေဖြး မွ လည္းေကာင္း၊ Best In Fitness And Life Style ဆုကို ရႊန္းလဲ႔အိမ္မွလည္းေကာင္း အသီးသီးရရိွခ႔ဲသည္။

ျပိဳင္ပြဲတြင္ အိမ္မက္ဆုံရာ (ရာသက္ပန္)မွ အဆိုေတာ္မ်ား ၊ ေဒသခံ အဆိုေတာ္မ်ားမွလည္း သီဆိုေဖ်ာ္ေျဖေပးခဲ႔ၾကျပီး ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္မွ တိုင္းမွဴးႏွင္႔တကြ ဌာနဆိုင္ရာအၾကီးအကဲမ်ားနွင္႔ ေဒသခံ ပရိသတ္မ်ားက လာေရာက္အားေပးခဲ႔ၾကသည္။

သတင္း။  ။ ဇြဲျမတ္

..............

ကျိုင်းတုံ၊ မေလ (၁၉)ရက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကျင်းပသည့် Miss Shan State East(2016) ပြိုင်ပွဲတွင် Miss Shan State East(2016) Winner အဖြစ် Miss Tachileik (2016)ဆုရှင်ဖြစ်သူ တုနှိုင်းစံ ရရှိသွားသည်။

အဆိုပါပြိုင်ပွဲအား မေလ (၁၇)ရက် ညနေက ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပရာ တာချီလိတ်မြို့ ကိုယ်စားပြု အလှမယ်များနှင့် ကျိုင်းတုံမြို့ကိုယ်စားပြု အလှမယ် စုစုပေါင်း (၁၈)ဦးတို့ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

"ဒီဆုကို မမျှော်မှန်းဘဲရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ သမီးအနေနဲ့ ဆက်လက်ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲအတွက်လည်း အကောင်းဆုံးကြိုးစားပြီး ဆက်လက်ယှဉ်ပြိုင်သွားမှာပါ"ဟု Winner ဆုရှင် တုနှိုင်းစံ ကပြောသည်။

အဆိုပါပြိုင်ပွဲမှ ရွေးချယ်ခံရသည့် တုနှိုင်းစံ အနဖြေင့် ပြည်နယ်နဲ့တိုင်းအသီးသီးမှ ကိုယ်စားပြုအလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် Miss Golden Land Myanmar 2016 ပြိုင်ပွဲများတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အခြားTitle ဆု (၆)ခုကို ထပ်မံ ချီးမြှင့်ပေးခဲ့ပြီး Best In Talent ဆုကို အက်စတာနိုဂိုက်လွန်း မှ လည်းကောင်း၊ Best In Traditional Dress ဆုကို နန်းစမ်မွန်း မှလည်းကောင်း၊ Best In Evening Grown နှင့် Best Smile ဆုတို့ကို နန်းဂျူလှိုင်ထွန်း မှလည်းကောင်း၊ People Choice Winner အဖြစ် သဲသူရိန်ဖွေး မှ လည်းကောင်း၊ Best In Fitness And Life Style ဆုကို ရွှန်းလဲ့အိမ်မှလည်းကောင်း အသီးသီးရရှိခဲ့သည်။

ပြိုင်ပွဲတွင် အိမ်မက်ဆုံရာ (ရာသက်ပန်)မှ အဆိုတော်များ၊ ဒေသခံ အဆိုတော်များမှလည်း သီဆိုဖျော်ဖြေပေးခဲ့ကြပြီး တြိဂံတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့်တကွ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံ ပရိသတ်များက လာရောက်အားပေးခဲ့ကြသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~