အပူခ်ိန္လြန္ကဲေနသည့္ မင္းဘူးၿမိဳ႕တြင္ သက္ႀကီးရြယ္အိုမ်ားအတြက္ အပူေရွာင္စခန္းဖြင့္လွစ္ထား

အပူခ်ိန္လြန္ကဲေနသည့္ မင္းဘူးၿမိဳ႕တြင္ သက္ႀကီးရြယ္အိုမ်ားအတြက္ အပူေရွာင္စခန္းဖြင့္လွစ္ထား
မေ 20, 2016
By Tachileik News Agency

မေကြး၊ ေမလ(၂၀)ရက္
အယ္နီညိဳရာသီဥတုဒဏ္ေၾကာင့္ အပူခ်ိန္လြန္ကဲေနသည့္ မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕တြင္ သက္ႀကီးရြယ္အိုမ်ား ခိုလံႈႏုိင္ရန္ ပုဂၢလိက အပူေရွာင္စခန္းတစ္ခု ဖြင့္လွစ္ေပးထားေၾကာင္း သိရသည္။

“အလြန္စိတ္ခ်မ္းသာရပါတယ္။ အိမ္မွာဆိုပူလြန္းလို႔ ေနစရာမရိွဘူး။ ဒီမွာေတာ့ အပူဒဏ္ေလ်ာ့ပါးေအာင္ အခ်ိန္ျပည့္ ေရဖ်န္းေပးၿပီး အဖက္ဖက္က ဖန္တီးေပးထားလို႔ ေနလို႔လည္းေကာင္း၊ စားလို႔လည္းေကာင္း၊ အိပ္လို႔လည္းေကာင္း၊ တရားအားထုတ္လို႔လည္းေကာင္းနဲ႔ ဒီေနရာကိုဖန္တီးေပးတဲ႔ ေဒါက္တာႀကီးကို အရမ္းေက်းဇူးတင္ရပါတယ္”ဟု မင္းဘူးၿမိဳ႕ အမွတ္(၄)ရပ္ကြက္ေန အသက္ ၈၀ ေက်ာ္အရြယ္ ေဒၚတင္ေအးက ေျပာသည္။

မင္းဘူးၿမိဳ႕ အမွတ္(၃)ရပ္ကြက္ရိွ နဂါးနီအထူးကုေဆးရံုဝန္းအတြင္း (၃၀ ေပ×၂၀ ေပ) ခန္႔ရိွ ထန္းသားဖရိန္ သက္ကယ္မိုး အေဆာက္အဦ တစ္လံုးႏွင္႔ (၈၀ ေပ×၄၀ ေပ)ခန္႔ရိွ သံဖရိန္တြင္ ထန္းလက္မိုး အေဆာက္အဦ တစ္လံုးကို အသက္(၆၀)ႏွစ္ႏွင္႔အထက္ရိွ အဖိုးအဖြား(၂၀၀)ဦးခန္႔အတြက္ လ်ာထားတည္ေဆာက္ေပးထားၿပီး အဆိုပါအပူေရွာင္နားေနစခန္းကို ေမလ (၁၂)ရက္ေန႔က စတင္ဖြင္႔လွစ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“အယ္လ္နီညိဳရာသီဥတုကို အဖိုးအဖြားေတြ အန္တုႏိုင္ဖို႔အတြက္ ပခုကၠဴမွာ အပူေရွာင္စခန္းဖြင္႔ ထားတယ္ဆိုတာသိရလို႔ ကၽြန္ေတာ္လည္း ကိုယ္႔ေဒသမွာ ဒီလိုစခန္းမ်ိဳးလုပ္ေပးသင္႔တယ္လို႔ ယူဆတာ ေၾကာင္႔ ကိုယ္လိုပဲလုပ္ဖို႔ဆႏၵရိွတဲ႔သူေတြရဲ႕အကူအညီနဲ႔ လုပ္ျဖစ္တာပါ။ အဖိုးအဖြား ႏွစ္ရာေလာက္ေခၚ ယူဖို႔ျပင္ဆင္ထားေပမဲ့ ဒီေန႔အထိေတာ႔ (၅၀)ဦး ဝန္းက်င္ေလာက္ပဲ ေရာက္ရိွပါေသးတယ္”ဟု နဂါးနီအထူးကုေဆးရံုပိုင္ရွင္ ေဒါက္တာ သန္းထိုက္ရိွန္က ဆိုသည္။

အဆိုပါ အပူေရွာင္စခန္းတြင္ ေမလ(၁၂)ရက္ေန႔မွစ၍ ရက္ေပါင္း(၃၀)ခန္႔အထိ အဖိုးအဖြားမ်ားကို ေခၚယူျပဳစုရန္ ယခင္က ရည္ရြယ္ထားေသာ္လည္း အယ္လ္နီညိဳျဖစ္စဥ္ ေလ်ာ့က်သြားသည့္ အခ်ိန္ထိ ေခၚယူျပဳေစာင္႔ေရွာက္ရန္ ျပင္ဆင္ထားေၾကာင္း သိရသည္။

“ရပ္ကြက္အသီးသီးက အဖိုးအဖြားေတြကို စုရပ္သံုးခုထားၿပီး မနက္ ၉နာရီေလာက္မွာ ကားနဲ႔ သြားေရာက္ေခၚယူပါတယ္။ မနက္တိုင္း သံဃာေတာ္ေတြကို ပင္႔ဖိတ္ဆြမ္းေကၽြးၿပီး အတူတကြတရားနာ ယူေစပါတယ္။ ေနာက္ ေန႔လယ္စာနဲ႔ ေကၽြးေမြးျပဳစုၿပီး တေရးတေမာ အိပ္စက္အနားယူလိုသူက အိပ္စက္ၿပီး တရားဘာဝနာအားထုတ္ခ်င္သူေတြအတြက္ တရားဗီြဒီယိုေခြ ဖြင္႔ေပးထားပါတယ္။ အဲဒီေနာက္မွာေတာ႔ ေဖ်ာ္ရည္အေအး၊ မုန္႔လက္ေဆာင္း တစ္မ်ိဳးမ်ိဳးကို တိုက္ေကၽြးၿပီး ညေန ငါးနာရီေလာက္မွာ စုရပ္အသီးသီး ဆီကို ကားနဲ႔ ျပန္လည္ပို႔ေဆာင္ေပးပါတယ္”ဟု အပူေရွာင္စခန္းတြင္ လုပ္အားေပးေနသူတစ္ဦးက ေျပာသည္။

အပူေရွာင္နားေနစခန္းသို႔ ေရာက္ရိွနားခိုသူအဖိုးအဖြားမ်ား၏ က်န္းမာေရးအတြက္လည္း နဂါးနီ အထူးကုေဆးရံုမွ ဝန္ထမ္းမ်ားႏွင့္ မင္းဘူးေဆးရံုမွ ဆရာဝန္၊ဆရာမမ်ားက အလွည္႔က် က်န္းမာေရးေစာင္႔ ေရွာက္မႈေပးေနၿပီး ျပင္ပေစတနာရွင္မ်ား ေပၚေပါက္လာပါကလည္း လက္ခံေဆာင္ရြက္ေပးမည္ ျဖစ္ေၾကာင္း သိရသည္။

မင္းဘူးၿမိဳ႕တြင္ ေန႔အပူခ်ိန္မွာ ၄၆ ဒီဂရီ စင္တီဂရိတ္အထိရိွေနသျဖင့္ အဆိုပါ အပူေရွာင္နားေနစခန္းသို႔ လာေရာက္နားခိုလိုသူ အဖိုးအဖြားမ်ားကိုလည္း ဆက္လက္ဖိတ္ ေခၚသြားမည္ျဖစ္ေၾကာင္းသိရသည္။

သတင္း။  ။ #ဖီးနစ္
................

မကွေး၊ မေလ(၂၀)ရက်
အယ်နီညိုရာသီဥတုဒဏ်ကြောင့် အပူချိန်လွန်ကဲနေသည့် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် သက်ကြီးရွယ်အိုများ ခိုလှုံနိုင်ရန် ပုဂ္ဂလိက အပူရှောင်စခန်းတစ်ခု ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

“အလွန်စိတ်ချမ်းသာရပါတယ်။ အိမ်မှာဆိုပူလွန်းလို့ နေစရာမရှိဘူး။ ဒီမှာတော့ အပူဒဏ်လျော့ပါးအောင် အချိန်ပြည့် ရေဖျန်းပေးပြီး အဖက်ဖက်က ဖန်တီးပေးထားလို့ နေလို့လည်းကောင်း၊ စားလို့လည်းကောင်း၊ အိပ်လို့လည်းကောင်း၊ တရားအားထုတ်လို့လည်းကောင်းနဲ့ ဒီနေရာကိုဖန်တီးပေးတဲ့ ဒေါက်တာကြီးကို အရမ်းကျေးဇူးတင်ရပါတယ်”ဟု မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်နေ အသက် ၈၀ ကျော်အရွယ် ဒေါ်တင်အေးက ပြောသည်။

မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်ရှိ နဂါးနီအထူးကုဆေးရုံဝန်းအတွင်း (၃၀ ပေ×၂၀ ပေ) ခန့်ရှိ ထန်းသားဖရိန် သက်ကယ်မိုး အဆောက်အဦ တစ်လုံးနှင့် (၈၀ ပေ×၄၀ ပေ)ခန့်ရှိ သံဖရိန်တွင် ထန်းလက်မိုး အဆောက်အဦ တစ်လုံးကို အသက်(၆၀)နှစ်နှင့်အထက်ရှိ အဖိုးအဖွား(၂၀၀)ဦးခန့်အတွက် လျာထားတည်ဆောက်ပေးထားပြီး အဆိုပါအပူရှောင်နားနေစခန်းကို မေလ (၁၂)ရက်နေ့က စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အယ်လ်နီညိုရာသီဥတုကို အဖိုးအဖွားတွေ အန်တုနိုင်ဖို့အတွက် ပခုက္ကူမှာ အပူရှောင်စခန်းဖွင့် ထားတယ်ဆိုတာသိရလို့ ကျွန်တော်လည်း ကိုယ့်ဒေသမှာ ဒီလိုစခန်းမျိုးလုပ်ပေးသင့်တယ်လို့ ယူဆတာ ကြောင့် ကိုယ်လိုပဲလုပ်ဖို့ဆန္ဒရှိတဲ့သူတွေရဲ့အကူအညီနဲ့ လုပ်ဖြစ်တာပါ။ အဖိုးအဖွား နှစ်ရာလောက်ခေါ် ယူဖို့ပြင်ဆင်ထားပေမဲ့ ဒီနေ့အထိတော့ (၅၀)ဦး ဝန်းကျင်လောက်ပဲ ရောက်ရှိပါသေးတယ်”ဟု နဂါးနီအထူးကုဆေးရုံပိုင်ရှင် ဒေါက်တာ သန်းထိုက်ရှိန်က ဆိုသည်။

အဆိုပါ အပူရှောင်စခန်းတွင် မေလ(၁၂)ရက်နေ့မှစ၍ ရက်ပေါင်း(၃၀)ခန့်အထိ အဖိုးအဖွားများကို ခေါ်ယူပြုစုရန် ယခင်က ရည်ရွယ်ထားသော်လည်း အယ်လ်နီညိုဖြစ်စဉ် လျော့ကျသွားသည့် အချိန်ထိ ခေါ်ယူပြုစောင့်ရှောက်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

“ရပ်ကွက်အသီးသီးက အဖိုးအဖွားတွေကို စုရပ်သုံးခုထားပြီး မနက် ၉နာရီလောက်မှာ ကားနဲ့ သွားရောက်ခေါ်ယူပါတယ်။ မနက်တိုင်း သံဃာတော်တွေကို ပင့်ဖိတ်ဆွမ်းကျွေးပြီး အတူတကွတရားနာ ယူစေပါတယ်။ နောက် နေ့လယ်စာနဲ့ ကျွေးမွေးပြုစုပြီး တရေးတမော အိပ်စက်အနားယူလိုသူက အိပ်စက်ပြီး တရားဘာဝနာအားထုတ်ချင်သူတွေအတွက် တရားဗွီဒီယိုခွေ ဖွင့်ပေးထားပါတယ်။ အဲဒီနောက်မှာတော့ ဖျော်ရည်အအေး၊ မုန့်လက်ဆောင်း တစ်မျိုးမျိုးကို တိုက်ကျွေးပြီး ညနေ ငါးနာရီလောက်မှာ စုရပ်အသီးသီး ဆီကို ကားနဲ့ ပြန်လည်ပို့ဆောင်ပေးပါတယ်”ဟု အပူရှောင်စခန်းတွင် လုပ်အားပေးနေသူတစ်ဦးက ပြောသည်။

အပူရှောင်နားနေစခန်းသို့ ရောက်ရှိနားခိုသူအဖိုးအဖွားများ၏ ကျန်းမာရေးအတွက်လည်း နဂါးနီ အထူးကုဆေးရုံမှ ဝန်ထမ်းများနှင့် မင်းဘူးဆေးရုံမှ ဆရာဝန်၊ဆရာမများက အလှည့်ကျ ကျန်းမာရေးစောင့် ရှောက်မှုပေးနပြေီး ပြင်ပစေတနာရှင်များ ပေါ်ပေါက်လာပါကလည်း လက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

မင်းဘူးမြို့တွင် နေ့အပူချိန်မှာ ၄၆ ဒီဂရီ စင်တီဂရိတ်အထိရှိနေသဖြင့် အဆိုပါ အပူရှောင်နားနေစခန်းသို့ လာရောက်နားခိုလိုသူ အဖိုးအဖွားများကိုလည်း ဆက်လက်ဖိတ် ခေါ်သွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း။ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~